【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း သင့်မှာ စိတ်ဒွိဟဖြစ်စရာတွေ ရှိတတ်ပါတယ်။ငွေကြေးကံသင့်ပေမယ့် ရင်းနှီးလို့ပေးထားတဲ့ငွေတွေ လိုချိန်မှာပြန်မရဖြစ်လို့ သင်စိတ်ညစ်ရတတ်သလို အလုပ်အကိုင်မှာ လူမှုရေးမှာ ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ပေါ်လာတတ်ပါတယ်။ဒီရက်အတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် သောကြာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဒီအချိန်က ဘယ်အရာမဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်တဲ့ကာလပါ။ဒီကာလမှာ နိုင်ငံခြားထွက်ဖို့ပြင်နေတဲ့သူတွေ အဆင်ပြေချောမွေ့ပြီး လိုရာရောက်ပါလိမ့်မယ်။ဝန်ထမ်းတွေ နေရာအပြောင်းအရွှေ့ရှိနေပါတယ်။ဒီကာလမှာ ပညာရေးကတော့သင့်ပါတယ်။ကျန်းမာရေးကတော့ အကောင်းအဆိုးတလှည့်ကြား နေရထိုင်ရခက်နေတတ်သလို သွား၊ နား စတဲ့နေရာတွေမှာ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်၊ ချစ်သူများအကြား သိပ်ဝေးနေရင်မကောင်းပါဘူး။
အပြီးတိုင်ဝေးတတ်တဲ့ကာလဖြစ်လို့ သတိပြုသင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ဗုဒ္ဓဟူးနံ အသီးအရွက်အညွှန့်များဖြင့် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သံဃာတော်များကို ထီး၊ ဖိနပ်၊ သင်္ကန်း ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားရှင်အား နံနက်စောစော သောက်တော်ရေချမ်းကပ်လှူကာ အရဟံဂုဏ်တော် သက်စေ့ပုတီးစိပ် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲမှာရှိနေသည့် စနေနံပစ္စည်း အဟောင်းအပျက်များကိုရှာ၍ အိမ်ဝင်းအပြင်သို့ လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မနက်မိုးလင်းကတည်းက သမ္ဗုဒ္ဓေဂါထာကို သတိရတိုင်းရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းကူး၊ ချောင်းကူးများတွင် တံတားထိုးပါ။ညောင်ထောက်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ မွေးနေ့မွေးရက်တွင် ၅/၆ ဂဏန်း များများပါသည့် ထီကိုထိုးပါ။

( Zawgyi )

ဒီရက္ပိုင္း သင့္မွာ စိတ္ဒြိဟျဖစ္စရာေတြ ရွိတတ္ပါတယ္။ေငြေၾကးကံသင့္ေပမယ့္ ရင္းႏွီးလို႔ေပးထားတဲ့ေငြေတြ လိုခ်ိန္မွာျပန္မရျဖစ္လို႔ သင္စိတ္ညစ္ရတတ္သလို အလုပ္အကိုင္မွာ လူမႈေရးမွာ ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ေပၚလာတတ္ပါတယ္။ဒီရက္အတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဒီအခ်ိန္က ဘယ္အရာမဆို ေခါင္းေအးေအးထားၿပီးမွ ဆုံးျဖတ္သင့္တဲ့ကာလပါ။ဒီကာလမွာ ႏိုင္ငံျခားထြက္ဖို႔ျပင္ေနတဲ့သူေတြ အဆင္ေျပေခ်ာေမြ႕ၿပီး လိုရာေရာက္ပါလိမ့္မယ္။ဝန္ထမ္းေတြ ေနရာအေျပာင္းအေ႐ႊ႕ရွိေနပါတယ္။ဒီကာလမွာ ပညာေရးကေတာ့သင့္ပါတယ္။က်န္းမာေရးကေတာ့ အေကာင္းအဆိုးတလွည့္ၾကား ေနရထိုင္ရခက္ေနတတ္သလို သြား၊ နား စတဲ့ေနရာေတြမွာ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္၊ ခ်စ္သူမ်ားအၾကား သိပ္ေဝးေနရင္မေကာင္းပါဘူး။
အၿပီးတိုင္ေဝးတတ္တဲ့ကာလျဖစ္လို႔ သတိျပဳသင့္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ဗုဒၶဟူးနံ အသီးအ႐ြက္အၫႊန္႔မ်ားျဖင့္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သံဃာေတာ္မ်ားကို ထီး၊ ဖိနပ္၊ သကၤန္း ကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားရွင္အား နံနက္ေစာေစာ ေသာက္ေတာ္ေရခ်မ္းကပ္လႉကာ အရဟံဂုဏ္ေတာ္ သက္ေစ့ပုတီးစိပ္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲမွာရွိေနသည့္ စေနနံပစၥည္း အေဟာင္းအပ်က္မ်ားကိုရွာ၍ အိမ္ဝင္းအျပင္သို႔ လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မနက္မိုးလင္းကတည္းက သမၺဳေဒၶဂါထာကို သတိရတိုင္း႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းကူး၊ ေခ်ာင္းကူးမ်ားတြင္ တံတားထိုးပါ။ေညာင္ေထာက္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ ၅/၆ ဂဏန္း မ်ားမ်ားပါသည့္ ထီကိုထိုးပါ။