【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေ ကြုံတွေ့ရတတ်ပါတယ်။ဘာပဲလုပ်လုပ် အတွေးနှစ်မျိုးဖြစ်နေတတ်ပြီး ဟိုဟာလုပ်ရနိုး၊ ဒီဟာလုပ်ရနိုး ဖြစ်တတ်ပါတယ်။မိတ်ဆွေကောင်းတွေနဲ့ တိုင်ပင်ဆောင်ရွက်တာ အမှားကင်းပါလိမ့်မယ်။ယခုတစ်ပတ်ပညာရေး၊ လူမှုရေး၊ စီးပွားရေးမှာ သင့်ကို အကောင်းဆုံးအကြံဉာဏ်ပေးနိုင်တာက တနင်္ဂနွေ သားသမီးတွေပါပဲ။ကိုယ်ပိုင်လုပ်ငန်းနဲ့ လုပ်ငန်းခွင်မှာ စိတ်တိုင်းမကျစရာတွေ အထင်လွဲစွပ်စွဲစရာတွေ ကြုံရတတ်ပါတယ်။ဒီကာလမှာ သင့်အတွက် အလုပ်တွေများနေပေမယ့် ငွေကထင်သလိုမဝင်နိုင်သေးပါဘူး။မြေအရောင်းအဝယ်တွေ၊ ဖက်ရှင်လုပ်ငန်း၊ ဖုန်းအရောင်းအဝယ်၊ ပဲအရောင်းအဝယ်နဲ့ လျှပ်စစ်ပစ္စည်းအရောင်းအဝယ်လုပ်သူတွေ အကျိုးများမယ့်အချိန်ကာလပါ။ဒီကာလအတွင်း စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။အိမ်တွင်းရေး သာယာပြီး မိသားစုဆွေမျိုးများအတွင်း ပျော်ရွှင်ရမယ့်အချိန်ကာလပါ။ကျန်းမာရေးကကောင်းနေပေမယ့် အကျောတက်တာ၊ အဆစ်တွေနာတာ၊ ခါးနာတာ စတဲ့ရောဂါတွေ အဖြစ်များတတ်ပါတယ်။ပညာရေးကတော့အာရုံစိုက်မှကောင်းမယ့်အချိန်ပါ။အိမ်ထောင်ရှင်၊ ချစ်သူအချင်းချင်း အဆင်မပြေမှုတွေလမ်းခွဲရကိန်းတွေ ရှိနေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားရှင်အား ယခုတစ်ပတ်လုံးသစ်သီး၊ ပန်းသစ်တော်သီးကို ခွဲစိပ်ကာကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ ။ ။ မနက်စောစော လဘက်ရည်ဆိုင်၊ မုန့်ဆိုင်တွင် စားသောက်နေစဉ် လာနှုတ်ဆက်သူကို ခေါ်ကျွေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားစေတီရှိ တနင်္ဂနွေထောင့်တွင် ယခုတစ်ပတ်နံနက်တိုင်း ပဋ္ဌာန်းနှင့် ဓမ္မစကြာကိုရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်ရှိဘုရားစင်ကို။သန့်ရှင်းရေးလုပ်ပေးပါ။အထူးသဖြင့် ဘုရားရုပ်ပွားတော်နှင့် ကားချပ်များတွင် ကပ်နေသည့် ဖုန်များ၊ ပင့်ကူမျှင်များကို ရှင်းလင်းပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။ ။ မနက်စောစောလမ်း သန့်ရှင်းရေးလုပ်ပေးရင်းအရဟံ၊ သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုးလုံး သက်စေ့ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ရေသတ္တဝါများကို မွေးနေ့မွေးရက်တွင် အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။ ။ မိမိအိမ်ရှေ့လာရပ်သည့် ထီကား/လှည်းကိုတွေ့လျှင် တနင်္ဂနွေ အက္ခရာ ၁ အစ ၅ အဆုံး ထီနံပါတ်ကို ရှာထိုးပါ။

( Zawgyi )

ဒီတစ္ပတ္အတြင္း ဆုံးျဖတ္ရခက္တဲ့ကိစၥေတြ ႀကဳံေတြ႕ရတတ္ပါတယ္။ဘာပဲလုပ္လုပ္ အေတြးႏွစ္မ်ိဳးျဖစ္ေနတတ္ၿပီး ဟိုဟာလုပ္ရႏိုး၊ ဒီဟာလုပ္ရႏိုး ျဖစ္တတ္ပါတယ္။မိတ္ေဆြေကာင္းေတြနဲ႔ တိုင္ပင္ေဆာင္႐ြက္တာ အမွားကင္းပါလိမ့္မယ္။ယခုတစ္ပတ္ပညာေရး၊ လူမႈေရး၊ စီးပြားေရးမွာ သင့္ကို အေကာင္းဆုံးအႀကံဉာဏ္ေပးႏိုင္တာက တနဂၤေႏြ သားသမီးေတြပါပဲ။ကိုယ္ပိုင္လုပ္ငန္းနဲ႔ လုပ္ငန္းခြင္မွာ စိတ္တိုင္းမက်စရာေတြ အထင္လြဲစြပ္စြဲစရာေတြ ႀကဳံရတတ္ပါတယ္။ဒီကာလမွာ သင့္အတြက္ အလုပ္ေတြမ်ားေနေပမယ့္ ေငြကထင္သလိုမဝင္ႏိုင္ေသးပါဘူး။ေျမအေရာင္းအဝယ္ေတြ၊ ဖက္ရွင္လုပ္ငန္း၊ ဖုန္းအေရာင္းအဝယ္၊ ပဲအေရာင္းအဝယ္နဲ႔ လွ်ပ္စစ္ပစၥည္းအေရာင္းအဝယ္လုပ္သူေတြ အက်ိဳးမ်ားမယ့္အခ်ိန္ကာလပါ။ဒီကာလအတြင္း စပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။အိမ္တြင္းေရး သာယာၿပီး မိသားစုေဆြမ်ိဳးမ်ားအတြင္း ေပ်ာ္႐ႊင္ရမယ့္အခ်ိန္ကာလပါ။က်န္းမာေရးကေကာင္းေနေပမယ့္ အေက်ာတက္တာ၊ အဆစ္ေတြနာတာ၊ ခါးနာတာ စတဲ့ေရာဂါေတြ အျဖစ္မ်ားတတ္ပါတယ္။ပညာေရးကေတာ့အာ႐ုံစိုက္မွေကာင္းမယ့္အခ်ိန္ပါ။အိမ္ေထာင္ရွင္၊ ခ်စ္သူအခ်င္းခ်င္း အဆင္မေျပမႈေတြလမ္းခြဲရကိန္းေတြ ရွိေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားရွင္အား ယခုတစ္ပတ္လုံးသစ္သီး၊ ပန္းသစ္ေတာ္သီးကို ခြဲစိပ္ကာကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။ ။ မနက္ေစာေစာ လဘက္ရည္ဆိုင္၊ မုန္႔ဆိုင္တြင္ စားေသာက္ေနစဥ္ လာႏႈတ္ဆက္သူကို ေခၚေကြၽးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီရွိ တနဂၤေႏြေထာင့္တြင္ ယခုတစ္ပတ္နံနက္တိုင္း ပ႒ာန္းႏွင့္ ဓမၼစၾကာကို႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္ရွိဘုရားစင္ကို။သန္႔ရွင္းေရးလုပ္ေပးပါ။အထူးသျဖင့္ ဘုရား႐ုပ္ပြားေတာ္ႏွင့္ ကားခ်ပ္မ်ားတြင္ ကပ္ေနသည့္ ဖုန္မ်ား၊ ပင့္ကူမွ်င္မ်ားကို ရွင္းလင္းေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ မနက္ေစာေစာလမ္း သန္႔ရွင္းေရးလုပ္ေပးရင္းအရဟံ၊ သံမၺဳေဒၶဂါထာ ႏွစ္မ်ိဳးလုံး သက္ေစ့႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေရသတၱဝါမ်ားကို ေမြးေန႔ေမြးရက္တြင္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။ ။ မိမိအိမ္ေရွ႕လာရပ္သည့္ ထီကား/လွည္းကိုေတြ႕လွ်င္ တနဂၤေႏြ အကၡရာ ၁ အစ ၅ အဆုံး ထီနံပါတ္ကို ရွာထိုးပါ။