【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် သောကြာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ဒီရက်ပိုင်း အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာတတ်ပါတယ်။ကံတရားက ကိုယ့်ဘက်ရောက်နေတဲ့ အချိန်အခါပါ။ကိုယ့်အောင်မြင်မှုကြောင့် မနာလိုသူ များတတ်တဲ့အတွက် သတိထားလုပ်ကိုင် နေထိုင်သင့်ပါတယ်။အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတွေကတော့  စဉ်စားလုပ်ကိုင်သင့်ပါတယ်။ဒီရက်ပိုင်း ကားမောင်းသူများ သတိထားပါ။ပြည်တွင်း ပြည်ပ ခရီး မသေချာမရေရာ ဖြစ်တတ်ပါတယ်။ပညာရေးကံ ကောင်းပေမယ့် အပေါင်းအသင်း မက်တာကြောင့် မျှော်မှန်းထားသလိုမဖြစ်ဘဲ နေတတ်ပါတယ်။ ကျန်းမာရေးကတော့ ဆီး၊ မျက်စိ ၊နား စတဲ့ ရောဂါဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ ချစ်သူတွေ မလိုအပ်ဘဲ စကားများတာ၊ ကိုယ်ရည်သွေးတာ ရှောင်သင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သကြားယာဂု ဆွမ်းကပ်ကာ ဘုရာပန်းအိုးတွင် ငွေပန်း ကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ သီလရှင်ငယ်များအား ထီး၊ ဖိနပ် လှူဒါန်းပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ တနင်္လာနံ အရပ်ရှိ ဘုရားတွင် အဧိဋ္ဌာန်ပုတီး စိပ်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲတွင် သောကြာနံ ပစ္စည်းအဟောင်းအပျက် ရှာဖွေလွှင့်ပစ်ပါ။ဆွမ်းခံကြွလာသည့် သံဃာတော်အား ကောက်ညှင်းပေါင်း ကပ်လှူပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေ့စဉ် မိုးလင်းသည်နှင့် မေတ္တာသုတ် ရွတ်ကာ မျက်နှာသစ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ သင့်ဖိနပ်အဟောင်းကို စွန်ပစ်ပါ။

ထီကံကောင်းလိုသူများ ။     ။ သင့်ရှေ့ရောက်လာသည့် ထီကားတွင် ကြုံရာထီတစ်စောင် ထိုးလိုက်ပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ေသာၾကာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ဒီရက္ပိုင္း အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာတတ္ပါတယ္။ကံတရားက ကိုယ့္ဘက္ေရာက္ေနတဲ့ အခ်ိန္အခါပါ။ကိုယ့္ေအာင္ျမင္မႈေၾကာင့္ မနာလိုသူ မ်ားတတ္တဲ့အတြက္ သတိထားလုပ္ကိုင္ ေနထိုင္သင့္ပါတယ္။အိမ္ၿခံေျမ အက်ိဳးေဆာင္လုပ္ငန္းေတြကေတာ့  စဥ္စားလုပ္ကိုင္သင့္ပါတယ္။ဒီရက္ပိုင္း ကားေမာင္းသူမ်ား သတိထားပါ။ျပည္တြင္း ျပည္ပ ခရီး မေသခ်ာမေရရာ ျဖစ္တတ္ပါတယ္။ပညာေရးကံ ေကာင္းေပမယ့္ အေပါင္းအသင္း မက္တာေၾကာင့္ ေမွ်ာ္မွန္းထားသလိုမျဖစ္ဘဲ ေနတတ္ပါတယ္။ က်န္းမာေရးကေတာ့ ဆီး၊ မ်က္စိ ၊နား စတဲ့ ေရာဂါျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ ခ်စ္သူေတြ မလိုအပ္ဘဲ စကားမ်ားတာ၊ ကိုယ္ရည္ေသြးတာ ေရွာင္သင့္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား သၾကားယာဂု ဆြမ္းကပ္ကာ ဘုရာပန္းအိုးတြင္ ေငြပန္း ကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ သီလရွင္ငယ္မ်ားအား ထီး၊ ဖိနပ္ လႉဒါန္းေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ တနလၤာနံ အရပ္ရွိ ဘုရားတြင္ အဧိ႒ာန္ပုတီး စိပ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲတြင္ ေသာၾကာနံ ပစၥည္းအေဟာင္းအပ်က္ ရွာေဖြလႊင့္ပစ္ပါ။ဆြမ္းခံႂကြလာသည့္ သံဃာေတာ္အား ေကာက္ညႇင္းေပါင္း ကပ္လႉေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေန႔စဥ္ မိုးလင္းသည္ႏွင့္ ေမတၱာသုတ္ ႐ြတ္ကာ မ်က္ႏွာသစ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ သင့္ဖိနပ္အေဟာင္းကို စြန္ပစ္ပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ သင့္ေရွ႕ေရာက္လာသည့္ ထီကားတြင္ ႀကဳံရာထီတစ္ေစာင္ ထိုးလိုက္ပါ။