【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း အလုပ်များလို့ စိတ်ကော လူကော တအားပင်ပန်းနေတဲ့အခါ ဖြစ်နေပါတယ်။အလုပ်က ထွက်ချင်တာတွေ စိတ်တိုင်းမကျစရာတွေလည်း ရှိနေတတ်ပါတယ်။ဘာမဆို စိတ်အလိုအတိုင်း မဆုံးဖြတ်ဖို့ လိုပါတယ်။နိုင်ငံခြား အဆက်အသွယ် အခွင့်အရေးကောင်းတွေ ပေါ်လာတတ်ပါတယ်။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္ဂနွေ၊ ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ဒီကာလအတွင်း ပရဟိတအလုပ်တွေ လုပ်ရကိန်းရှိသလို လူကြီးသူမတွေရဲ့ ဆောင်မကြည့်ရှုမယ့်ကိန်း ရှိပါတယ်။ငွေကြေးကံကတော့ အထူးကောင်းနေပါတယ်။ငွေရတိုင်း ဘုရားကို လှူပေးသင့်ပါတယ်။ဆန်၊ ဆီ၊ ဆေး စတဲ့ အလုပ်တွေ၊ ရွှေအရောင်းအဝယ် အလုပ်တွေ ကောင်းပေမယ့် အိမ်ခြံမြေ အလုပ်တွေတော့ သတိထားလုပ်ကိုင်ရမယ့် အချိန်ကာလပါ။ပညာရေးကိစ္စမှာ ဒီရက်ပိုင်းမှာ ခက်ခဲနေတတ်သလို ကြိုးစားမှ တော်ကာကျမယ့် ကာလပါ။ကျန်းမာရေးကတော့ အထူးဂရုစိုက်ပါ။ခြေထောက်၊ နှလုံးနှင့် ပတ်သက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ ငယ်ရွယ်သူတွေ ခေတ္တခွဲခွာ နေထိုင်ရကိန်း ရှိနေပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား ပန်းသီးကပ်လှူပေးကာ နံနက်တိုင်း ရှင်သီဝလိဂါထာ ရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ အိမ်သို့ ဆွမ်းခံကြွလာသည့် ရဟန်းသံဃာများကို အသုံးပြုလို့ရသည့် အိတ်အသစ်တစ်လုံး လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ ။     ။ နေအိမ်၏ တနင်္ဂနွေထောင့်အရပ်ရှိ စေတီရှိ ကြာသပတေးထောင့်ရှိ ဘုရားရှင်အား အောင်သပြေ ၉ ညွှန့် ကပ်လှူကာ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မိမိအိပ်ခန်းထဲ ကွဲနေသည့် ဖန်ပုလင်းများ၊ မှန်ကွဲများ ရှိနေပါက တံစက်မြိတ် အပြင်ရောက်အောင် လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ မိမိမွေးနေ့တိုင်း ဘုရားကျောင်းကန်များသို့ သွား၍ စိတ်ပါပါဖြင့် ကုဋီများကို ဆေးကြောသန့်ရှင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဈေးထဲသွားကာ ငါးအရှင် တွေ့ပါက ဈေးမဆစ်ဘဲ ရေပြင်ကျယ်သည့် နေရာသို့ လွှတ်ပေးပါ။အသက်ကြီးသူ တစ်ဦးအား ငွေကြေး တတ်နိုင်သလောက် လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ကြာသပတေး သားသမီး ကလေးငယ်ကိုချီကာ ၁ အစ ၅ အဆုံး ထီလက်မှတ်ကို ရှာထိုးပေးပါ။

( Zawgyi )

ယခုရက္ပိုင္းအတြင္း အလုပ္မ်ားလို႔ စိတ္ေကာ လူေကာ တအားပင္ပန္းေနတဲ့အခါ ျဖစ္ေနပါတယ္။အလုပ္က ထြက္ခ်င္တာေတြ စိတ္တိုင္းမက်စရာေတြလည္း ရွိေနတတ္ပါတယ္။ဘာမဆို စိတ္အလိုအတိုင္း မဆုံးျဖတ္ဖို႔ လိုပါတယ္။ႏိုင္ငံျခား အဆက္အသြယ္ အခြင့္အေရးေကာင္းေတြ ေပၚလာတတ္ပါတယ္။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနဂၤေႏြ၊ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ဒီကာလအတြင္း ပရဟိတအလုပ္ေတြ လုပ္ရကိန္းရွိသလို လူႀကီးသူမေတြရဲ႕ ေဆာင္မၾကည့္ရႈမယ့္ကိန္း ရွိပါတယ္။ေငြေၾကးကံကေတာ့ အထူးေကာင္းေနပါတယ္။ေငြရတိုင္း ဘုရားကို လႉေပးသင့္ပါတယ္။ဆန္၊ ဆီ၊ ေဆး စတဲ့ အလုပ္ေတြ၊ ေ႐ႊအေရာင္းအဝယ္ အလုပ္ေတြ ေကာင္းေပမယ့္ အိမ္ၿခံေျမ အလုပ္ေတြေတာ့ သတိထားလုပ္ကိုင္ရမယ့္ အခ်ိန္ကာလပါ။ပညာေရးကိစၥမွာ ဒီရက္ပိုင္းမွာ ခက္ခဲေနတတ္သလို ႀကိဳးစားမွ ေတာ္ကာက်မယ့္ ကာလပါ။က်န္းမာေရးကေတာ့ အထူးဂ႐ုစိုက္ပါ။ေျခေထာက္၊ ႏွလုံးႏွင့္ ပတ္သက္တဲ့ ေရာဂါျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ ငယ္႐ြယ္သူေတြ ေခတၱခြဲခြာ ေနထိုင္ရကိန္း ရွိေနပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား ပန္းသီးကပ္လႉေပးကာ နံနက္တိုင္း ရွင္သီဝလိဂါထာ ႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ အိမ္သို႔ ဆြမ္းခံႂကြလာသည့္ ရဟန္းသံဃာမ်ားကို အသုံးျပဳလို႔ရသည့္ အိတ္အသစ္တစ္လုံး လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား ။     ။ ေနအိမ္၏ တနဂၤေႏြေထာင့္အရပ္ရွိ ေစတီရွိ ၾကာသပေတးေထာင့္ရွိ ဘုရားရွင္အား ေအာင္သေျပ ၉ ၫႊန႔္ ကပ္လႉကာ လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ မိမိအိပ္ခန္းထဲ ကြဲေနသည့္ ဖန္ပုလင္းမ်ား၊ မွန္ကြဲမ်ား ရွိေနပါက တံစက္ၿမိတ္ အျပင္ေရာက္ေအာင္ လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ မိမိေမြးေန႔တိုင္း ဘုရားေက်ာင္းကန္မ်ားသို႔ သြား၍ စိတ္ပါပါျဖင့္ ကုဋီမ်ားကို ေဆးေၾကာသန႔္ရွင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ေဈးထဲသြားကာ ငါးအရွင္ ေတြ႕ပါက ေဈးမဆစ္ဘဲ ေရျပင္က်ယ္သည့္ ေနရာသို႔ လႊတ္ေပးပါ။အသက္ႀကီးသူ တစ္ဦးအား ေငြေၾကး တတ္ႏိုင္သေလာက္ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ၾကာသပေတး သားသမီး ကေလးငယ္ကိုခ်ီကာ ၁ အစ ၅ အဆုံး ထီလက္မွတ္ကို ရွာထိုးေပးပါ။