【 ဗေဒင် 】 ကြာသပတေးသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊စီးပွားရေး၊ပညာရေးစတဲ့ အောင်မြင်လိုသောကိစ္စအဝဝအတွက် ဗုဒ္ဓဟူး သား သမီးများနှင့်တိုင်ပင်ဆောင်ရွက်တာအကောင်းဆုံးပါ။ယခုရက်ပိုင်းအတွင်း ငွေကြေးတအားဝင်ပြီး တအားထွက် နေတဲ့ ကာလဖြစ်သလို ရသမျှ အဖတ်မတင်ဖြစ်တတ်ပါတယ်။ အခက်အခဲနဲ့ အနှောင့် အယှက်တွေ ရှိပေမယ့်  သွေးရင်းသားရင်းမိသားစုဝင်တွေ ၊မိတ်ဆွေကောင်းတွေ အကူအညီကြောင့် ရှိနေတဲ့ အခက်အခဲတွေ ပြေလည် သွားပါမယ်။ဒီအချိန်မှာလုပ်ငန်းသစ် စတာ၊အလုပ်ပြောင်းတာတွေ လုပ်ဖို့ကောင်းတဲ့ အချိန်အခါ ကောင်းပါ။ စီ စဉ်ထားတဲ့ ပြည်တွင်းပြည်ပခရီးတွေ သွားဖြစ်အောင် သွားပါ။  ရေထွက်ကုန်သမားတွေ၊ ခရီးသွားလုပ်ငန်း လုပ် သူတွေ ၊ ရွှေသမားတွေ အလုပ်ကောင်း မယ့် အချိန်ပါ။ စပ်တူရှယ်ယာ အလုပ်တွေ၊ နိုင်ငံခြားသားနဲ့တွဲလုပ်ရတဲ့ အလုပ်တွေ ဒီရက်ပိုင်း အကျိုးဖြစ်တတ်ပါတယ်။ ကျန်းမာရေးကတော့ ညံတတ်လို့ သတိထားသင့်ပါတယ်။ ပညာသင်နေ တဲ့သူလုပ်ငန်းခွင်ထဲပညာတော်သင်မျှော်မှန်းနေတဲ့ သူတွေ မထင်မှတ်ဘဲ နိုင်ငံခြားပညာ သင်ကိန်း ရှိနေပါတယ်။ ပညာသင်နေတဲ့သူတွေတဲ့ ပညာရည်မှန်းချက် ပြည်စုံပါမယ်။ အိမ်ထောင်ရှင်များ ၊ ချစ်သူတွေကတော့ ဒီရက်ပိုင်းပူပန်ရတာတွေ၊ အထစ်အငေါ့တွေရှိပေမယ့် ပြန်ပြေလည် သွားပါလိမ့် မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအားယခုတစ်ပတ်လုံး ထန်းညက်ဖြင့် ဆွမ်းကပ်လှူပါ။  

ပြည်ပထွက်ခွာလိုသူများ။    ။နံနက်စောစောတန်းဆွမ်းကြွသည့် သံဃာတော်များကိုသကြား သာကူ ကပ်လှူပူဇော်ပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ အိမ်အနီးဘုရားစေတီရှိဗုဒ္ဓဟူးထောင့်တွင်  ဒိဝါတပတိ ဂါထာ သက်စေ့ ရွတ်ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။     ။ အိမ်ထောင်ရှင်နှစ်ဦးနေနံပါသည့် ပန်းကို အိုးတစ်လုံးဖြင့် သပ်သပ်ထိုးကာ ယခုတစ်ပတ်လုံး ဘုရားပူဇော်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ မကြာခဏ ဘုရားစေတီများသို့ နံနက်စောစောသွား ကာ ရင်ပြင်၊ စြင်္ကန်လမ်း များကို သန့်ရှင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ။  ။ ရပ်ထဲရွာထဲ နွမ်းပါးသူ၊ကိုယ်ဝန်ဆောင်များကို  ဆေးဝါးငွေကြေးထောက်ပံ့ပေးပါ။

ထီကံကောင်းလိုသူများ။     ။ မွေးနေ့မွေးရက်နံနက်စောစောတွင် အရှေ့အရပ်မှ ထီဆိုင်သို့သွားကာ  ၄ ဂဏန်း အပူးပါသည့်  ထီလက်မှတ်ကိုထိုးပါ။

(  Zawgyi  )

 ယခုတစ္ပတ္ လူမႈေရး၊စီးပြားေရး၊ပညာေရးစတဲ့ ေအာင္ျမင္လိုေသာကိစၥအဝဝအတြက္ ဗုဒၶဟူး သား သမီးမ်ားႏွင့္တိုင္ပင္ေဆာင္႐ြက္တာအေကာင္းဆုံးပါ။ယခုရက္ပိုင္းအတြင္း ေငြေၾကးတအားဝင္ၿပီး တအားထြက္ ေနတဲ့ ကာလျဖစ္သလို ရသမွ် အဖတ္မတင္ျဖစ္တတ္ပါတယ္။ အခက္အခဲနဲ႔ အေႏွာင့္ အယွက္ေတြ ရွိေပမယ့္  ေသြးရင္းသားရင္းမိသားစုဝင္ေတြ ၊မိတ္ေဆြေကာင္းေတြ အကူအညီေၾကာင့္ ရွိေနတဲ့ အခက္အခဲေတြ ေျပလည္ သြားပါမယ္။ဒီအခ်ိန္မွာလုပ္ငန္းသစ္ စတာ၊အလုပ္ေျပာင္းတာေတြ လုပ္ဖို႔ေကာင္းတဲ့ အခ်ိန္အခါ ေကာင္းပါ။ စီ စဥ္ထားတဲ့ ျပည္တြင္းျပည္ပခရီးေတြ သြားျဖစ္ေအာင္ သြားပါ။  ေရထြက္ကုန္သမားေတြ၊ ခရီးသြားလုပ္ငန္း လုပ္ သူေတြ ၊ ေ႐ႊသမားေတြ အလုပ္ေကာင္း မယ့္ အခ်ိန္ပါ။ စပ္တူရွယ္ယာ အလုပ္ေတြ၊ ႏိုင္ငံျခားသားနဲ႔တြဲလုပ္ရတဲ့ အလုပ္ေတြ ဒီရက္ပိုင္း အက်ိဳးျဖစ္တတ္ပါတယ္။ က်န္းမာေရးကေတာ့ ညံတတ္လို႔ သတိထားသင့္ပါတယ္။ ပညာသင္ေန တဲ့သူလုပ္ငန္းခြင္ထဲပညာေတာ္သင္ေမွ်ာ္မွန္းေနတဲ့ သူေတြ မထင္မွတ္ဘဲ ႏိုင္ငံျခားပညာ သင္ကိန္း ရွိေနပါတယ္။ ပညာသင္ေနတဲ့သူေတြတဲ့ ပညာရည္မွန္းခ်က္ ျပည္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ား ၊ ခ်စ္သူေတြကေတာ့ ဒီရက္ပိုင္းပူပန္ရတာေတြ၊ အထစ္အေငါ့ေတြရွိေပမယ့္ ျပန္ေျပလည္ သြားပါလိမ့္ မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအားယခုတစ္ပတ္လုံး ထန္းညက္ျဖင့္ ဆြမ္းကပ္လႉပါ။  

ျပည္ပထြက္ခြာလိုသူမ်ား။    ။နံနက္ေစာေစာတန္းဆြမ္းႂကြသည့္ သံဃာေတာ္မ်ားကိုသၾကား သာကူ ကပ္လႉပူေဇာ္ပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ အိမ္အနီးဘုရားေစတီရွိဗုဒၶဟူးေထာင့္တြင္  ဒိဝါတပတိ ဂါထာ သက္ေစ့ ႐ြတ္ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။     ။ အိမ္ေထာင္ရွင္ႏွစ္ဦးေနနံပါသည့္ ပန္းကို အိုးတစ္လုံးျဖင့္ သပ္သပ္ထိုးကာ ယခုတစ္ပတ္လုံး ဘုရားပူေဇာ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ မၾကာခဏ ဘုရားေစတီမ်ားသို႔ နံနက္ေစာေစာသြား ကာ ရင္ျပင္၊ ျစကၤန္လမ္း မ်ားကို သန႔္ရွင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။  ။ ရပ္ထဲ႐ြာထဲ ႏြမ္းပါးသူ၊ကိုယ္ဝန္ေဆာင္မ်ားကို  ေဆးဝါးေငြေၾကးေထာက္ပံ့ေပးပါ။

ထီကံေကာင္းလိုသူမ်ား။     ။ ေမြးေန႔ေမြးရက္နံနက္ေစာေစာတြင္ အေရွ႕အရပ္မွ ထီဆိုင္သို႔သြားကာ  ၄ ဂဏန္း အပူးပါသည့္  ထီလက္မွတ္ကိုထိုးပါ။