【 ဗေဒင် 】အင်္ဂါသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းမိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ် ပါ တယ်။ ကွဲကွာနေသူများပြန်ဆုံခြင်း၊ ရပ်ဝေးကမိတ်ဆွေများနဲ့ ပြန်ဆုံ ရတတ်ပါတယ်။ယခုရက်ပိုင်းအတွင်းသင်ဘာလုပ်လုပ်စနေသားသမီးတွေ နဲ့ တိုင်ပင်တာကအောင်မြင်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးသွားဖို့ စီစဉ်ထားတာတွေ အောင်မြင်တတ်ပါတယ်။ ဒီကာလမှာ ငွေရေးကြေးရေးကိစ္စတွေ ၊နေရာသစ်၊လုပ်ငန်းသစ်၊ အိမ်သစ် ကိစ္စတွေ စလုပ်လို့ ကောင်းတဲ့ ကာလပါ။ လူမျိုးခြားနဲ့ စပ်တူလုပ်ရတဲ့ အလုပ်တွေ ၊စာချုပ်စာတမ်းအလုပ်တွေ အိမ်၊ခြံမြေကိစ္စတွေ ကောင်း ပါ တယ်။ အနုပညာရှင်တွေ သတိထားပါ။ အပြောမတတ်လို့ ပြဿနာတတ်တတ်ပါ တယ်။ ယခုရက်ပိုင်းခရီးသွား လုပ်ငန်းတွေ အခက်အခဲရှိတတ်ပါတယ်။လုပ်ငန်းခွင်အတွင်း နာမည်ဂုဏ် သတင်း တက်စရာရှိသလို မိသားစု အတွင်း၊လုပ်ငန်းခွင်အတွင်း သာယာနေ ပါ လိမ့်မယ်။စက်ပစ္စည်းအရောင်းအဝယ်သမားတွေ၊ ဆောက်လုပရေးသမားတွေ လုပ်ငန်းကောင်းတဲ့ ကာလပါ။ ဒီကာလမှာ ငွေကံကောင်းနေသလို ဘာသာရေးအလှူအတန်းတွေ လုပ်ရတတ်တဲ့ အချိန်ကာလပါ။ ပညာရေးကံ ကောင်းနေသလို မတတ်ရတော့ဘူးလို့ ထင်ထားတဲ့ သင်တန်း တွေ ထင်မှတ်မထားဘဲ တတ်ရတတ်ပါတယ်။ လုပ်ငန်း ခွင်ရာထူးဖြေသူတို့ လိုအင်ဆန္ဒပြည့်မယ့် ကာလပါ။ ကျန်းမာရေးမှာ ကြီးကြီးမားမားမရှိပေမယ့် ဒူးနာခါးနာအပရိကရောဂါတွေလောက် ဖြစ်တတ်ပါတယ်။ အိမ် ထောင်ရှင်များ ခဏတာခွဲခွာ ရကိန်းရှိပြီး ငယ်ရွယ်သူချစ်သူများကတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။    ။ ဘုရားရှင်အား နှင်းဆီပန်း  ၃ ပွင့်ကို ငွေပန်းနှင့် ရောလှူကာ ရှင်သီဝလိဂါထာ ကို နံနက် ၉ နာရီမထိုးမီ ၉ ခေါက်တိတိရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။     ။မွေးနေ့မွေးရက်တွင် သင့်အိမ်နှင့် အနီးဆုံးစေတီရှိ စနေထောင့် အရပ်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီး လိုရာ ဆုတောင်းပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။    ။လျှောက်ထားသည့် အလုပ်ကိုစာရွက်တစ်ရွက်ဖြင့် ရေးပြီး ခေါင်းအုံးအောက်ထားအိပ်ပါ။

 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။    ။ ဓာတ်ဘူးသစ် ထဲ အိမ်ထောင်ဘက်၊ချစ်သူနှစ်ဦးဓာတ်ပုံကို ထည့်ကာ ဘုရားစင်အောက်တစ်ပတ်တိတိ ထားပါ။

လူမှုရေးအတိုက်အခံများသူများ။      ။ ဘုရားအား ရေသပ္ပါယ်ခြင်း၊စေတီရင်ပြင်များတွင် နှမ်းဆီဖြင့် ဆီမီးပူ ဇော်ခြင်းများ ဆောင်ရွက်ပေးပါ။

ကျန်းမာရေးမကောင်းသူများ။     ။ စေတီများရှိ ဗောဓိညောင်ပင်တွင် ညောင်ထောက်ပေးခြင်း၊ ပန်းခြောက်များ ရှင်းပေးခြင်း ပြုလုပ်ပေးပါ။
 
ထီကံကောင်းလိုသူများ။     ။ ထီဆိုင်တွင် စနေနံအက္ခရာဖြင့် ၃/၇/၈ ဂဏန်းများများပါသောထီကိုထိုးပါ။

(  Zawgyi  )

 ဒီရက္ပိုင္းအတြင္းမိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ ပါ တယ္။ ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ ရပ္ေဝးကမိတ္ေဆြမ်ားနဲ႔ ျပန္ဆုံ ရတတ္ပါတယ္။ယခုရက္ပိုင္းအတြင္းသင္ဘာလုပ္လုပ္စေနသားသမီးေတြ နဲ႔ တိုင္ပင္တာကေအာင္ျမင္ႏိုင္ပါတယ္။ ျပည္တြင္းျပည္ပ ခရီးသြားဖို႔ စီစဥ္ထားတာေတြ ေအာင္ျမင္တတ္ပါတယ္။ ဒီကာလမွာ ေငြေရးေၾကးေရးကိစၥေတြ ၊ေနရာသစ္၊လုပ္ငန္းသစ္၊ အိမ္သစ္ ကိစၥေတြ စလုပ္လို႔ ေကာင္းတဲ့ ကာလပါ။ လူမ်ိဳးျခားနဲ႔ စပ္တူလုပ္ရတဲ့ အလုပ္ေတြ ၊စာခ်ဳပ္စာတမ္းအလုပ္ေတြ အိမ္၊ၿခံေျမကိစၥေတြ ေကာင္း ပါ တယ္။ အႏုပညာရွင္ေတြ သတိထားပါ။ အေျပာမတတ္လို႔ ျပႆနာတတ္တတ္ပါ တယ္။ ယခုရက္ပိုင္းခရီးသြား လုပ္ငန္းေတြ အခက္အခဲရွိတတ္ပါတယ္။လုပ္ငန္းခြင္အတြင္း နာမည္ဂုဏ္ သတင္း တက္စရာရွိသလို မိသားစု အတြင္း၊လုပ္ငန္းခြင္အတြင္း သာယာေန ပါ လိမ့္မယ္။စက္ပစၥည္းအေရာင္းအဝယ္သမားေတြ၊ ေဆာက္လုပေရးသမားေတြ လုပ္ငန္းေကာင္းတဲ့ ကာလပါ။ ဒီကာလမွာ ေငြကံေကာင္းေနသလို ဘာသာေရးအလႉအတန္းေတြ လုပ္ရတတ္တဲ့ အခ်ိန္ကာလပါ။ ပညာေရးကံ ေကာင္းေနသလို မတတ္ရေတာ့ဘူးလို႔ ထင္ထားတဲ့ သင္တန္း ေတြ ထင္မွတ္မထားဘဲ တတ္ရတတ္ပါတယ္။ လုပ္ငန္း ခြင္ရာထူးေျဖသူတို႔ လိုအင္ဆႏၵျပည့္မယ့္ ကာလပါ။ က်န္းမာေရးမွာ ႀကီးႀကီးမားမားမရွိေပမယ့္ ဒူးနာခါးနာအပရိကေရာဂါေတြေလာက္ ျဖစ္တတ္ပါတယ္။ အိမ္ ေထာင္ရွင္မ်ား ခဏတာခြဲခြာ ရကိန္းရွိၿပီး ငယ္႐ြယ္သူခ်စ္သူမ်ားကေတာ့ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။    ။ ဘုရားရွင္အား ႏွင္းဆီပန္း  ၃ ပြင့္ကို ေငြပန္းႏွင့္ ေရာလႉကာ ရွင္သီဝလိဂါထာ ကို နံနက္ ၉ နာရီမထိုးမီ ၉ ေခါက္တိတိ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။     ။ေမြးေန႔ေမြးရက္တြင္ သင့္အိမ္ႏွင့္ အနီးဆုံးေစတီရွိ စေနေထာင့္ အရပ္တြင္ အဓိ႒ာန္ပုတီးစိပ္ၿပီး လိုရာ ဆုေတာင္းပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။    ။ေလွ်ာက္ထားသည့္ အလုပ္ကိုစာ႐ြက္တစ္႐ြက္ျဖင့္ ေရးၿပီး ေခါင္းအုံးေအာက္ထားအိပ္ပါ။

 
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။    ။ ဓာတ္ဘူးသစ္ ထဲ အိမ္ေထာင္ဘက္၊ခ်စ္သူႏွစ္ဦးဓာတ္ပုံကို ထည့္ကာ ဘုရားစင္ေအာက္တစ္ပတ္တိတိ ထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။      ။ ဘုရားအား ေရသပၸါယ္ျခင္း၊ေစတီရင္ျပင္မ်ားတြင္ ႏွမ္းဆီျဖင့္ ဆီမီးပူ ေဇာ္ျခင္းမ်ား ေဆာင္႐ြက္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။     ။ ေစတီမ်ားရွိ ေဗာဓိေညာင္ပင္တြင္ ေညာင္ေထာက္ေပးျခင္း၊ ပန္းေျခာက္မ်ား ရွင္းေပးျခင္း ျပဳလုပ္ေပးပါ။
 
ထီကံေကာင္းလိုသူမ်ား။     ။ ထီဆိုင္တြင္ စေနနံအကၡရာျဖင့္ ၃/၇/၈ ဂဏန္းမ်ားမ်ားပါေသာထီကိုထိုးပါ။