【 ဗေဒင် 】အင်္ဂါသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီကာလကသင့်အတွက် ကံမြင့်မားနေချိန်ဖြစ်သဖြင့် ဘာသာ တရားကို ဂရုတစိုက်လုပ်ပါက ကံ ကောင်းသည်ထက်ကောင်း လာပါ လိမ့်မယ်။ ဒီရက်အတွင်းလူမှုရေး ၊စီးပွားရေး၊ ပညာရေးအောင်မြင် လိုသော ကိစ္စများအတွက် တနင်္ဂနွေသားသမီးများနှင့် တိုင်ပင်ဆောင် ရွက်ပါ။ ကြံစည်သမျှအောင်မြင်ခြင်း၊ လုပ်သမျှ အဆင်ပြေခြင်းမျိုး ကြုံရပါလိမ့်မယ်။အကောင်းတွေစုဝေး တတ်တဲ့အတွက် လုပ်သမျှ ဖြစ်နေတတ်ပါတယ်။ အဝေးက ဝမ်းသာစရာသတင်းကောင်းတွေ မကြာခဏကြားရတတ်သလို မိတ်ဟောင်းဆွေဟောင်း အလုပ် အကိုင်ဟောင်းက သူတွေနဲ့ ပြန်တွှေ့ကြုံရတတ်တဲ့ အချိန်အခါပါ။ လုပ်ငန်းအပြောင်းအလဲရှိပေမယ့် ကောင်းတဲ့ အပြောင်းအလဲပါ။ အတိုက်အခံကတော့ ရှိနေပါတယ်။ မိသားစု အတွင်း အလှူမင်္ဂလာ ပွဲတွေ ဖြစ်လာတတ်ပါတယ်။ ပညာရေးကတော့ ကံကောင်းပေမယ့် အပေါင်းအဖော်တွေကြောင့် ခရီးမရောက် ကိန်းမြင်ပါတယ်။ ဂရုစိုက် ပါ။ ကျန်းမာရေးကတော့ လေနဲ့ အာရုံကြောတွေ ၊သွေးတိုးတာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်၊ချစ်သူများအကြားကြည်နူးစရာပျော်ရွင်စရာတွေ ဆိုက်ရောက်လာမယ့် အချိန်အခါပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအား ယခု တစ်ပတ်အတွင်းအုန်းဖူး၊အုန်းညွှန်တို့ဖြင့် ပူဇော်ပါ။အုန်းဆွမ်းကပ်ပေး ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ နံနက်စောစောတန်း ဆွမ်းကြွသည့် ရဟန်းသံဃာတော်များအားမျက်နှာသုတ်ပဝါ ကပ်လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားစေတီ၏ တနင်္ဂနွေထောင့် တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကိုရွတ် ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်ထောင် ဘက် ၊သမီးရည်းစားနှစ်ဦး၏ နေနံသင့် ပန်းကို ဘုရားပန်းအိုးတစ်အိုး တွင် ပူး၍သပ်သပ်ထိုးပေးပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ စေတီပုထိုးများတွင် သန့်ရှင်းရေး လုပ်ပေးပါ။ဗောဓိညောင်တွင် ရေလောင်း ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။နေအိမ်ရှေ့တွင် ယခုတစ်ပတ် လုံးခို/စာကလေးများကိုအစာကျွေးပါ။

ထီကံကောင်းလိုသူများ။  ။ ထီဆိုင်တွင် ၁/ ၃ /၆ ဂဏန်းများများ ပါသည့် ထီလက်မှတ်ကိုရှာထိုးပေးပါ။ 

(  Zawgyi  )

 ဒီကာလကသင့္အတြက္ ကံျမင့္မားေနခ်ိန္ျဖစ္သျဖင့္ ဘာသာ တရားကို ဂ႐ုတစိုက္လုပ္ပါက ကံ ေကာင္းသည္ထက္ေကာင္း လာပါ လိမ့္မယ္။ ဒီရက္အတြင္းလူမႈေရး ၊စီးပြားေရး၊ ပညာေရးေအာင္ျမင္ လိုေသာ ကိစၥမ်ားအတြက္ တနဂၤေႏြသားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္ ႐ြက္ပါ။ ႀကံစည္သမွ်ေအာင္ျမင္ျခင္း၊ လုပ္သမွ် အဆင္ေျပျခင္းမ်ိဳး ႀကဳံရပါလိမ့္မယ္။အေကာင္းေတြစုေဝး တတ္တဲ့အတြက္ လုပ္သမွ် ျဖစ္ေနတတ္ပါတယ္။ အေဝးက ဝမ္းသာစရာသတင္းေကာင္းေတြ မၾကာခဏၾကားရတတ္သလို မိတ္ေဟာင္းေဆြေဟာင္း အလုပ္ အကိုင္ေဟာင္းက သူေတြနဲ႔ ျပန္ေတႊ႕ႀကဳံရတတ္တဲ့ အခ်ိန္အခါပါ။ လုပ္ငန္းအေျပာင္းအလဲရွိေပမယ့္ ေကာင္းတဲ့ အေျပာင္းအလဲပါ။ အတိုက္အခံကေတာ့ ရွိေနပါတယ္။ မိသားစု အတြင္း အလႉမဂၤလာ ပြဲေတြ ျဖစ္လာတတ္ပါတယ္။ ပညာေရးကေတာ့ ကံေကာင္းေပမယ့္ အေပါင္းအေဖာ္ေတြေၾကာင့္ ခရီးမေရာက္ ကိန္းျမင္ပါတယ္။ ဂ႐ုစိုက္ ပါ။ က်န္းမာေရးကေတာ့ ေလနဲ႔ အာ႐ုံေၾကာေတြ ၊ေသြးတိုးတာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္၊ခ်စ္သူမ်ားအၾကားၾကည္ႏူးစရာေပ်ာ္႐ြင္စရာေတြ ဆိုက္ေရာက္လာမယ့္ အခ်ိန္အခါပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအား ယခု တစ္ပတ္အတြင္းအုန္းဖူး၊အုန္းၫႊန္တို႔ျဖင့္ ပူေဇာ္ပါ။အုန္းဆြမ္းကပ္ေပး ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ နံနက္ေစာေစာတန္း ဆြမ္းႂကြသည့္ ရဟန္းသံဃာေတာ္မ်ားအားမ်က္ႏွာသုတ္ပဝါ ကပ္လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားေစတီ၏ တနဂၤေႏြေထာင့္ တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို႐ြတ္ ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္ေထာင္ ဘက္ ၊သမီးရည္းစားႏွစ္ဦး၏ ေနနံသင့္ ပန္းကို ဘုရားပန္းအိုးတစ္အိုး တြင္ ပူး၍သပ္သပ္ထိုးေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ ေစတီပုထိုးမ်ားတြင္ သန႔္ရွင္းေရး လုပ္ေပးပါ။ေဗာဓိေညာင္တြင္ ေရေလာင္း ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ေနအိမ္ေရွ႕တြင္ ယခုတစ္ပတ္ လုံးခို/စာကေလးမ်ားကိုအစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ ထီဆိုင္တြင္ ၁/ ၃ /၆ ဂဏန္းမ်ားမ်ား ပါသည့္ ထီလက္မွတ္ကိုရွာထိုးေပးပါ။