【 ဗေဒင် 】အင်္ဂါသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီကာလက သင့်အတွက် အကောင်း တွေစုဝေးတတ်တဲ့အတွက် လုပ်သမျှ ဖြစ်နေတတ်ပါတယ်။ ငွေကံကောင်းနေသလို ဘာလုပ်လုပ် သင်ကံအကျိုးပေးကောင်းနေလို့ အရာထင်နေတဲ့ အချိန်အခါဖြစ် နေပါတယ်။ဒီရက်အတွင်း လူမှုရေး၊စီးပွားရေး ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် အင်္ဂါသားသမီး များနှင့်သာ တိုင်ပင်ဆောင်ရွက်ဖို့လိုပါတယ်။နိုင်ငံခြားခရီးတွေ လူမျိုးခြားအကူအညီတွေ ရတတ်ပါတယ်။ စပ်တူကိစ္စတွေ စာချုပ်စာတမ်းနဲ့ လုပ်ရမယ်ကိစ္စတွေကတော့  ရှောင်စေချင်ပါတယ်။ လုပ်ငန်း အပြောင်း အလဲရှိပေမယ့် ကောင်းတဲ့ အပြောင်းအလဲပါ။ အတိုက်အခံကတော့ ရှိနေပါတယ်။ မိသားစုအတွင်း အလှူမင်္ဂလာပွဲတွေ ဖြစ်လာတတ်ပါတယ်။  ပညာရေးကတော့ အသင့်အတင့်ပါဘဲ။ ကျန်းမာရေးကတော့ အာရုံကြော အားနည်းတာ သွေးတိုးတာတွေ ဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။    

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား ယခုတစ်ပတ်လုံး စိန်ပန်း၊ဆီးသီး စသည့် တို့ဖြင့် မပြတ်ပူဇော်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ အလှူခံများကို နိုင်သလောက် လှူပြီး စိတ်က ထွက်ပြီထွက်ပြီဟု ရွတ်ပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားစေတီများ၏ အင်္ဂါနံထောင့်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပါ။  

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။အိမ်တွင် စက်ပစ္စည်းအဟောင်း အပျက်များရှိနေ တတ်ပါသည်။ပျက်လျှင်ပြင်၍ ပြင်မရလျှင် အိမ်တွင်းမထားပါနှင့်။

လူမှုရေးအတိုက်အခံများ သူများ။  ။ဘုရားစေတီရင်ပြင်များတွင် အမှိုက်များရှင်းလင်းပေးခြင်းကသင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းသူများ ။  ။ ရေသတ္တဝါများကို သက်စေ့လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ။    ။ မွေးနေ့မွေးရက်တွင် ထီကားလာပါက  ၃ /၇အပူးဂဏန်းများပါသည့် ထီကိုထိုးပါ။ 

(  Zawgyi  )

 ဒီကာလက သင့္အတြက္ အေကာင္း ေတြစုေဝးတတ္တဲ့အတြက္ လုပ္သမွ် ျဖစ္ေနတတ္ပါတယ္။ ေငြကံေကာင္းေနသလို ဘာလုပ္လုပ္ သင္ကံအက်ိဳးေပးေကာင္းေနလို႔ အရာထင္ေနတဲ့ အခ်ိန္အခါျဖစ္ ေနပါတယ္။ဒီရက္အတြင္း လူမႈေရး၊စီးပြားေရး ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ အဂၤါသားသမီး မ်ားႏွင့္သာ တိုင္ပင္ေဆာင္႐ြက္ဖို႔လိုပါတယ္။ႏိုင္ငံျခားခရီးေတြ လူမ်ိဳးျခားအကူအညီေတြ ရတတ္ပါတယ္။ စပ္တူကိစၥေတြ စာခ်ဳပ္စာတမ္းနဲ႔ လုပ္ရမယ္ကိစၥေတြကေတာ့  ေရွာင္ေစခ်င္ပါတယ္။ လုပ္ငန္း အေျပာင္း အလဲရွိေပမယ့္ ေကာင္းတဲ့ အေျပာင္းအလဲပါ။ အတိုက္အခံကေတာ့ ရွိေနပါတယ္။ မိသားစုအတြင္း အလႉမဂၤလာပြဲေတြ ျဖစ္လာတတ္ပါတယ္။  ပညာေရးကေတာ့ အသင့္အတင့္ပါဘဲ။ က်န္းမာေရးကေတာ့ အာ႐ုံေၾကာ အားနည္းတာ ေသြးတိုးတာေတြ ျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။    

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား ယခုတစ္ပတ္လုံး စိန္ပန္း၊ဆီးသီး စသည့္ တို႔ျဖင့္ မျပတ္ပူေဇာ္ေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ အလႉခံမ်ားကို ႏိုင္သေလာက္ လႉၿပီး စိတ္က ထြက္ၿပီထြက္ၿပီဟု ႐ြတ္ေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားေစတီမ်ား၏ အဂၤါနံေထာင့္တြင္ အဓိ႒ာန္ပုတီးစိပ္ပါ။  

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။အိမ္တြင္ စက္ပစၥည္းအေဟာင္း အပ်က္မ်ားရွိေန တတ္ပါသည္။ပ်က္လွ်င္ျပင္၍ ျပင္မရလွ်င္ အိမ္တြင္းမထားပါႏွင့္။

လူမႈေရးအတိုက္အခံမ်ား သူမ်ား။  ။ဘုရားေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားရွင္းလင္းေပးျခင္းကသင့္အတြက္ အေကာင္းဆုံးျဖစ္ပါတယ္။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေရသတၱဝါမ်ားကို သက္ေစ့လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။    ။ ေမြးေန႔ေမြးရက္တြင္ ထီကားလာပါက  ၃ /၇အပူးဂဏန္းမ်ားပါသည့္ ထီကိုထိုးပါ။