【 ဗေဒင် 】အင်္ဂါသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်။

 ဒီရက်အတွင်းလူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် တနင်္လာသားသမီးများ နှင့်  တိုင်ပင်ဆောင်ရွက်ပါ။ငွေကိစ္စအရောင်းအဝယ်ကိစ္စတွေမှာ အထစ်အငေါ့လေးတွေ လွဲချော် မှုတွေ ဒီရက်ပိုင်း ရှိနေတတ်ပါတယ်။ ငွေကြပ်တဲ့ ကာလထဲရောက်နေပြီး အရောင်းအဝယ်သမားတွေ ဘာလုပ်လုပ် အဆင်မချော ဖြစ်တတ်လို့အလောတကြီးမလုပ်ဘဲခေါင်းသုံးပြီးအေးအေးဆေးဆေးလုပ်သင့်ပါတယ်။ဒီကာလမှာ နေနံတူ အလုပ်တွေဖြစ်တဲ့  စပ်တူလုပ် တဲ့ အလုပ်တွေ ၊အစုရှယ်ယာတွေ၊ စာချုပ်စာတမ်းနဲ့ လုပ်ရတဲ့ အလုပ်တွေ၊ ဆေး၊ ဆန်၊ဆီ၊စာအုပ်ထုတ်ဝေတဲ့ ကိစ္စတွေ ဒီအချိန် စလုပ်တာအကောင်းဆုံးပါ။ ရပ်ခြားကလူမျိုးခြား အကူအညီ မထင် မှတ်ထားဘဲရတတ်ပါတယ်။ လက်အောက်ငယ်သားကြောင့် စိတ်ရှုပ် တတ်ရတတ်သလို လူရင်းကသစ္စာ ဖောက်တတ်ပါတယ်။ ပညာရေး ကံက အသင့်အတင့်သာရှိပြီး ကျန်းမာရေးကတော့ ခြေထောက်၊ ဗိုက်မကောင်း တာတွေ၊လေအောင့်တာတွေ၊ခါးနာတာတွေဖြစ်တတ်ပါ တယ်။ အိမ်ထောင်ရှင်များပျော်ရွင်စရာတွေ ဆိုက်ရောက်လာ ပါ လိမ့်ပေမယ့် ချစ်သူများအကြားကြားလူဝင်ကိန်းရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအားပန်းအိုး တွင် အောင်သပြေထိုးကာ ရှင်သီဝလိ ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ အလုပ်ကိစ္စသွားတိုင်းတဟိ့ ံတဟိ့ ံဂါထာကိုသက်စေ့ရွတ်ဖတ်ပူဇော်ပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ အိမ်အနီးရှိဘုရားစေတီသို့ နံနက်စောစောပဋ္ဌာန်းဒေသနာဖြင့် ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ဒီရက်ပိုင်းစိတ်ချင်းအဆင်မပြေဖြစ်နေသည့်  အိမ်ထောက်ဘက်များ မိုးလင်းတိုင်းမှန်ကြည့်ပြီးမှ စကားပြောပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ဘုန်ကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောပေးပါ။ရေဖြည့်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ မကောင်းတဲ့ ကံတွေပယ်စေဖို့ ဘုရားကိုရေသပ္ပယ်ပေးပါ။

ထီကံကောင်းလိုသူများ။  ။ စက်ဘီးနှင့်ရောင်းသည့် ထီဆိုင်တွင် ၂/၃ဂဏန်းများများပါသည့် ထီလက်မှတ်ကို ရှာထိုးပေးပါ။ 

(  Zawgyi  )

  ဒီရက္အတြင္းလူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာသားသမီးမ်ား ႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ေငြကိစၥအေရာင္းအဝယ္ကိစၥေတြမွာ အထစ္အေငါ့ေလးေတြ လြဲေခ်ာ္ မႈေတြ ဒီရက္ပိုင္း ရွိေနတတ္ပါတယ္။ ေငြၾကပ္တဲ့ ကာလထဲေရာက္ေနၿပီး အေရာင္းအဝယ္သမားေတြ ဘာလုပ္လုပ္ အဆင္မေခ်ာ ျဖစ္တတ္လို႔အေလာတႀကီးမလုပ္ဘဲေခါင္းသုံးၿပီးေအးေအးေဆးေဆးလုပ္သင့္ပါတယ္။ဒီကာလမွာ ေနနံတူ အလုပ္ေတြျဖစ္တဲ့  စပ္တူလုပ္ တဲ့ အလုပ္ေတြ ၊အစုရွယ္ယာေတြ၊ စာခ်ဳပ္စာတမ္းနဲ႔ လုပ္ရတဲ့ အလုပ္ေတြ၊ ေဆး၊ ဆန္၊ဆီ၊စာအုပ္ထုတ္ေဝတဲ့ ကိစၥေတြ ဒီအခ်ိန္ စလုပ္တာအေကာင္းဆုံးပါ။ ရပ္ျခားကလူမ်ိဳးျခား အကူအညီ မထင္ မွတ္ထားဘဲရတတ္ပါတယ္။ လက္ေအာက္ငယ္သားေၾကာင့္ စိတ္ရႈပ္ တတ္ရတတ္သလို လူရင္းကသစၥာ ေဖာက္တတ္ပါတယ္။ ပညာေရး ကံက အသင့္အတင့္သာရွိၿပီး က်န္းမာေရးကေတာ့ ေျခေထာက္၊ ဗိုက္မေကာင္း တာေတြ၊ေလေအာင့္တာေတြ၊ခါးနာတာေတြျဖစ္တတ္ပါ တယ္။ အိမ္ေထာင္ရွင္မ်ားေပ်ာ္႐ြင္စရာေတြ ဆိုက္ေရာက္လာ ပါ လိမ့္ေပမယ့္ ခ်စ္သူမ်ားအၾကားၾကားလူဝင္ကိန္းရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအားပန္းအိုး တြင္ ေအာင္သေျပထိုးကာ ရွင္သီဝလိ ဂါထာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ အလုပ္ကိစၥသြားတိုင္းတဟိ့ ံတဟိ့ ံဂါထာကိုသက္ေစ့႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ အိမ္အနီးရွိဘုရားေစတီသို႔ နံနက္ေစာေစာပ႒ာန္းေဒသနာျဖင့္ ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ဒီရက္ပိုင္းစိတ္ခ်င္းအဆင္မေျပျဖစ္ေနသည့္  အိမ္ေထာက္ဘက္မ်ား မိုးလင္းတိုင္းမွန္ၾကည့္ၿပီးမွ စကားေျပာပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ဘုန္ႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာေပးပါ။ေရျဖည့္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ မေကာင္းတဲ့ ကံေတြပယ္ေစဖို႔ ဘုရားကိုေရသပၸယ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ စက္ဘီးႏွင့္ေရာင္းသည့္ ထီဆိုင္တြင္ ၂/၃ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကို ရွာထိုးေပးပါ။