【 ဗေဒင် 】အင်္ဂါသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းငွေဝင်ကောင်းနေသလိုငွေထွက်လည်းကောင်းနေလို့ ရသမျှ အဖတ်မတင်တတ် ပါဘူး။ ယခုရက်ပိုင်း အတွင်းဗုဒ္ဓဟူး သားသမီးတွေနဲ့ တိုင်ပင်တာကသင့်အတွက်လူမှုရေး၊စီးပွားရေး၊ပညာရေးကိစ္စတွေမှာအောင်မြင်နိုင်ပါတယ်။အိုးသစ်၊အိမ်သစ်၊

လုပ်ငန်းအသစ်တွေ လုပ်ရကိန်းရှိပြီး ပြည်ပခရီးတွေသွားရတတ်ပါတယ်။ဒါပေမယ့် ကံအညံလေးတွေ များနေတတ်သလို့  အနှောင်အယှက်တွေလည်းရှိနေတတ် ပါတယ်။ လက်အောက်ငယ်သားကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။လူမျိုးခြားဘာသာခြားတွေနဲ့ လုပ်တဲ့အ လုပ်တွေ၊စပ်တူကိစ္စတွေ၊စာချုပ်ကိစ္စတွေခေတ္တရပ်ထားပါဦး။ကုန်ရောင်း ကုန်ဝယ်အလုပ်တွေ၊ ခရီးသွားလုပ် ငန်းလုပ်ကိုင်သူတွေ ၊အသီးအနှံရောင်းဝယ်သူတွေ အဆင်ပြေမယ့်အချိန်ကာလပါ။ ခရီးထွက်ရတာတွေ ဘာသာရေးလုပ်ရတာတွေ ယခုတစ်ပတ်မှာပေါ်တတ်ပါတယ်။ ပညာရေးကံသိပ်မကောင်းဘဲ ပန်းအဝင်မှာ ခြေချော်တတ်လို့ သတိထားနေသင့်ပါတယ်။ ကျန်းမာရေးမှာအစာအိမ်၊ဆီးဒုက္ခပေးတတ်ပါတယ်။ အိမ် ထောင်ရှင်များစိတ်ဆိုးစိတ်ကောက်ရန်ဖြစ်တတ်သလို သမီးရည်းစားများ ခဏတာ ဝေးရမယ့် ကိန်းရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအားယခုတစ်ပတ်လုံးစိန်ပန်း၊ဆီးသီးစသည့် တို့ဖြင့် သစ်သီးဆွမ်းကပ်လှူပေးပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ အလှူခံ ကိုယ်ဆီ လာပါက မငြင်းဘဲ မိမိ နိုင်သလောက် လှူကာ စိတ်ထဲမှ ထွက်ပြီထွက်ပြီဟု ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ယခုတစ်ပတ်ထဲစေတီပုထိုးများ၏ အင်္ဂါထောင့်တွင် အရဟံ ဂုဏ်တော်ကို သက်စေ့အဓိဋ္ဌာန်ပုတီးစိပ်ပူဇော်ပေးပါ။  

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။အိမ်တွင် စက်ပစ္စည်းအဟောင်းအပျက်များရှိနေပါက ဖယ်ရှားပေးပါ။အထူးသဖြင့် ကုတင်အောက်တွင် ရှိပါကအမြန်ဆုံးဖယ်ရှားပါ။

လူမှုရေးအတိုက်အခံများသူများ။  ။ဘုရားစေတီရင်ပြင်များတွင် အမှိုက်များရှင်းလင်းပေးခြင်းကသင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းသူများ ။  ။ သွားရင်းလာရင်းရေသတ္တဝါအရှင်များတွေ့ပါက ဝယ်ကာ လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ။   ။မွေးနေ့တွင် လမ်းသွားရင်းတွေ့သည့် ထီဆိုင် ၌ ၃ /၄စသည့် ဂဏန်းတွဲများများ ပါသည့် ထီလက်မှတ်တွေ့ပါက ဈေးမဆစ်ဘဲ ထိုးလိုက်ပါ။ 

(  Zawgyi )

 ဒီရက္ပိုင္းအတြင္းေငြဝင္ေကာင္းေနသလိုေငြထြက္လည္းေကာင္းေနလို႔ ရသမွ် အဖတ္မတင္တတ္ ပါဘူး။ ယခုရက္ပိုင္း အတြင္းဗုဒၶဟူး သားသမီးေတြနဲ႔ တိုင္ပင္တာကသင့္အတြက္ လူမႈေရး ၊စီးပြားေရး၊ ပညာေရး ကိစၥေတြမွာေအာင္ျမင္ႏိုင္ ပါတယ္။အိုးသစ္၊အိမ္သစ္၊လုပ္ငန္းအသစ္ေတြ လုပ္ရကိန္းရွိၿပီး ျပည္ပခရီးေတြသြားရတတ္ပါတယ္။ဒါေပမယ့္ ကံအညံေလးေတြ မ်ားေနတတ္သလို႔  အေႏွာင္အယွက္ေတြလည္းရွိေနတတ္ ပါတယ္။ လက္ေအာက္ငယ္သားေၾကာင့္ စိတ္ရႈပ္ရတတ္ပါတယ္။လူမ်ိဳးျခားဘာသာျခားေတြနဲ႔ လုပ္တဲ့အ လုပ္ေတြ၊စပ္တူကိစၥေတြ၊စာခ်ဳပ္ကိစၥေတြေခတၱရပ္ထားပါဦး။ကုန္ေရာင္း ကုန္ဝယ္အလုပ္ေတြ၊ ခရီးသြားလုပ္ ငန္းလုပ္ကိုင္သူေတြ ၊အသီးအႏွံေရာင္းဝယ္သူေတြ အဆင္ေျပမယ့္အခ်ိန္ကာလပါ။ ခရီးထြက္ရတာေတြ ဘာသာေရးလုပ္ရတာေတြ ယခုတစ္ပတ္မွာေပၚတတ္ပါတယ္။ ပညာေရးကံသိပ္မေကာင္းဘဲ ပန္းအဝင္မွာ ေျခေခ်ာ္တတ္လို႔ သတိထားေနသင့္ပါတယ္။ က်န္းမာေရးမွာအစာအိမ္၊ဆီးဒုကၡေပးတတ္ပါတယ္။ အိမ္ ေထာင္ရွင္မ်ား စိတ္ဆိုးစိတ္ေကာက္ရန္ျဖစ္တတ္သလို သမီးရည္းစားမ်ား ခဏတာ ေဝးရမယ့္ ကိန္းရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအားယခုတစ္ပတ္လုံးစိန္ပန္း၊ဆီးသီးစသည့္ တို႔ျဖင့္ သစ္သီးဆြမ္းကပ္လႉေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ အလႉခံ ကိုယ္ဆီ လာပါက မျငင္းဘဲ မိမိ ႏိုင္သေလာက္ လႉကာ စိတ္ထဲမွ ထြက္ၿပီထြက္ၿပီဟု ႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ယခုတစ္ပတ္ထဲေစတီပုထိုးမ်ား၏ အဂၤါေထာင့္တြင္ အရဟံ ဂုဏ္ေတာ္ကို သက္ေစ့အဓိ႒ာန္ပုတီးစိပ္ပူေဇာ္ေပးပါ။  

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။အိမ္တြင္ စက္ပစၥည္းအေဟာင္းအပ်က္မ်ားရွိေနပါက ဖယ္ရွားေပးပါ။အထူးသျဖင့္ ကုတင္ေအာက္တြင္ ရွိပါကအျမန္ဆုံးဖယ္ရွားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ဘုရားေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားရွင္းလင္းေပးျခင္းကသင့္အတြက္ အေကာင္းဆုံးျဖစ္ပါတယ္။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ သြားရင္းလာရင္းေရသတၱဝါအရွင္မ်ားေတြ႕ပါက ဝယ္ကာ လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။   ။ေမြးေန႔တြင္ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္ ၌ ၃ /၄စသည့္ ဂဏန္းတြဲမ်ားမ်ား ပါသည့္ ထီလက္မွတ္ေတြ႕ပါက ေဈးမဆစ္ဘဲ ထိုးလိုက္ပါ။