【 ဗေဒင် 】သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ ရှောင်ရန်
ယခုရက်ပိုင်းအတွင်း တနင်္လာသားသမီးတွေနဲ့ တိုင်ပင်တာ ကသင့်အတွက် လူမှုရေး ၊စီးပွားရေး၊ ပညာ ရေးကိစ္စတွေ မှာအောင်မြင်နိုင်ပါတယ်။ ဒီရက်ပိုင်းငွေကံကောင်းနေသလို မိသားစု အတွင်းသာယာနေပါပေမယ့် လုပ်ငန်းခွင်အတွင်း အနှောင့်အယှက် လည်းများနေပါတယ်။ပညာရေးကကောင်းနေတတ်သလိုဘာသာရေး အလုပ်တွေ၊ ဘုရားဖူးခရီးစဉ်တွေ ပေါ်ထွက်လာတတ်ပါတယ်။ ဒီကာလမှာ ကွဲကွာနေသူများ ပြန်ဆုံခြင်း၊ ရပ်ဝေးကမိတ်ဆွေကောင်း
များရဲ့ အကူအညီများရတတ်ပါတယ်။ ငွေကြေးနဲ့ စက်ပစ္စည်းတွေ ပြန်ဝင်လာတတ်တဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ စပ်တူလုပ်တဲ့ ကိစ္စတွေ ဒီအချိန်စလုပ်တာအကောင်းဆုံးပါ။ ရပ်ခြားကသူတွေ လူမျိုးခြားတွေဆီက အကူအညီမထင်မှတ်ဘဲ ရတတ်ပါတယ်။
အိမ်ထောင် ရှင်များကြား ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေပေါ်လာတတ်သလိုသမီး ရည်းစားများကြား ရန်ဖြစ်လိုက် ပြန်ချစ်လိူက်ကာလပါ။ ကျန်းမာရေးကတော့ ဝမ်း၊ဦးခေါင်းစတဲ့ ရောဂါတွေ ဂရုစိုက်သင့်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအား ယခု တစ်ပတ်လုံး တနင်္လာနံအသီးအညွှန်ပန်းများ ဖြစ်သည့် ကံ့ကော်၊ ခရေပန်း၊ငွေပန်းစသည့်ပန်းတို့ဖြင့် ကပ်လှူပူဇော်ပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ အလုပ်ကိစ္စဖြင့် သွားတိုင်းတဟိ့ ံတဟိ့ ံဂါထာကို ရွတ်ဖတ်ပူဇော်ပေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ တနင်္လာနံဘုရားစေတီတွင် အောင်သပြေပန်းလှူပေးပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အချစ်ရေးအဆင်မပြေပါကတနင်္လာနံ သတ္တဝါများကို ကိုယ်လက်နှင့် ကိုင်ကာအစာကျွေးပေးပါ။
လူမှုရေးအတိုက်အခံများသူများ။ ။ စေတီပုထိုးရင်ပြင်တွင် မေတ္တာသုတ်ရွတ်ဆို၍ သန့်ရှင်းရေးလုပ်ပြီးလျှင် ဆီမီးပူဇော်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ ဈေးတွင် ရေသတ္တဝါအရှင်ကို တွေ့ပါက ဝယ်ပြီးနီးစပ်ရာကန်ချောင်းတွင် လွှတ်ပေးပါ။
ထီကံကောင်းလိုသူများ။ ။ တွေ့သည့် ထီဆိုင်တွင် ၂/၆ ဂဏန်းများများပါသောထီကိုထိုးပါ။
(  Zawgyi  )