【 ဗေဒင် 】သောကြာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်း မိတ်ကောင်းဆွေကောင်းတွေက သင်အခက်အခဲရှိနေရင် လာကူညီပါလိမ့်မယ်။ စိတ်ဒွဟဖြစ်စရာတွေ ၊ဆုံးဖြတ်ရခက်စရာတွေ ဒီကာလမှာ ရှိနေတဲ့ အတွက် စိတ်ရှည်ရှည်ထား မှ အမှား ကင်းပြီး အောင်မြင်မှုရပါလိမ့်မယ်။ သင့်အတွက် ပညာရေး၊လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံး အကြံ ပေးနိုင်တာက ကြာသပတေးသားသမီးတွေပါ။ လုပ်ငန်းခွင်မှာ စိတ်တိုင်းမကျစရာတွေ အထင်လွဲစွပ်စွဲစရာတွေ ကြုံရတတ်ပါတယ်။ သူများကိစ္စထဲ ဝင်မပါပါနဲ့။ အိမ်တွင်းရေးက သာယာနေတတ်သလို မိသားစုဆွေမျိုးများ အတွင်း ပျော်ရွှင်ရမယ့် အချိန်ကာလပါ။ ဒီကာလအတွင်း စပ်တူကိစ္စတွေ အကျိုးမပေး တတ်ပါဘူး။ လျှပ်စစ် ပစ္စည်းလုပ်ငန်း၊အိမ်ခြံမြေလုပ်ငန်းရှင်တွေ၊အနုပညာရှင်တွေ ကံပေးမယ့်အချိန်ပါ။ ကျန်းမာရေးက ကောင်း နေပေမယ့် အကျောအဆစ် ခါးနာစတဲ့ရောဂါတွေ အဖြစ်များတတ်ပါတယ်။ ပညာရေးကတော့ အာရုံစိုက်မှ ကောင်းမယ့်အချိန်ပါ။ အိမ်ထောင်ရှင် ချစ်သူအချင်းချင်း အဆင်မပြေမှုတွေ လမ်းခွဲရကိန်းတွေ ရှိနေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား ပန်းသစ်တော်သီးကိုခွဲစိပ်ကာ ကျကျနန ဘုရားကို ကပ်လှူပေးပါ ။

ပြည်ပထွက်ခွာလိုသူများ။ ။ မနက်စောစော လဘက်ရည်ရည်ဆိုင်၊မုန်ဆိုင်များတွင် ကိုယ်စားသောက်နေစဉ် လာသည့်ချို့တဲ့သူများကို ခေါ်ကျွေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။နေအိမ်အရပ်မှ မိမိနေ့နံထောင်အရပ်ရှိဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို တစ်ပတ်လုံး ရွတ်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ ခို၊ကျီး၊ခွေးစသည်တို့ကို အစာကျွေးပါ။အချိန်ရတိုင်း မေတ္တာ သုတ်ဆိုပေးပါ။

လူမှုရေးအတိုက်အခံများသူများ။ ။မနက်စောစော လမ်းသန့်ရှင်းရေးလုပ်ပေးရင်း အရဟံ၊သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုးလုံး သက်စေ့ရွတ်ဆိုပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ငါး/လိပ်စသည့် ရေသတ္တဝါများကို အစာကျွေးပါ။

ထီကံကောင်းလိုသူများ။ ။ မိမိအိမ်ရှေ့ ထီကားလာပါက လက်တား၍ ကြုံရာ ထီ၁၀ စောင် ကို ထိုးပါ။

( Zawgyi )

ဒီတစ္ပတ္အတြင္း မိတ္ေကာင္းေဆြေကာင္းေတြက သင္အခက္အခဲရွိေနရင္ လာကူညီပါလိမ့္မယ္။ စိတ္ဒြဟျဖစ္စရာေတြ ၊ဆုံးျဖတ္ရခက္စရာေတြ ဒီကာလမွာ ရွိေနတဲ့ အတြက္ စိတ္ရွည္ရွည္ထား မွ အမွား ကင္းၿပီး ေအာင္ျမင္မႈရပါလိမ့္မယ္။ သင့္အတြက္ ပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံး အႀကံ ေပးႏိုင္တာက ၾကာသပေတးသားသမီးေတြပါ။ လုပ္ငန္းခြင္မွာ စိတ္တိုင္းမက်စရာေတြ အထင္လြဲစြပ္စြဲစရာေတြ ႀကဳံရတတ္ပါတယ္။ သူမ်ားကိစၥထဲ ဝင္မပါပါနဲ႔။ အိမ္တြင္းေရးက သာယာေနတတ္သလို မိသားစုေဆြမ်ိဳးမ်ား အတြင္း ေပ်ာ္႐ႊင္ရမယ့္ အခ်ိန္ကာလပါ။ ဒီကာလအတြင္း စပ္တူကိစၥေတြ အက်ိဳးမေပး တတ္ပါဘူး။ လွ်ပ္စစ္ ပစၥည္းလုပ္ငန္း၊အိမ္ၿခံေျမလုပ္ငန္းရွင္ေတြ၊အႏုပညာရွင္ေတြ ကံေပးမယ့္အခ်ိန္ပါ။ က်န္းမာေရးက ေကာင္း ေနေပမယ့္ အေက်ာအဆစ္ ခါးနာစတဲ့ေရာဂါေတြ အျဖစ္မ်ားတတ္ပါတယ္။ ပညာေရးကေတာ့ အာ႐ုံစိုက္မွ ေကာင္းမယ့္အခ်ိန္ပါ။ အိမ္ေထာင္ရွင္ ခ်စ္သူအခ်င္းခ်င္း အဆင္မေျပမႈေတြ လမ္းခြဲရကိန္းေတြ ရွိေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား ပန္းသစ္ေတာ္သီးကိုခြဲစိပ္ကာ က်က်နန ဘုရားကို ကပ္လႉေပးပါ ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ မနက္ေစာေစာ လဘက္ရည္ရည္ဆိုင္၊မုန္ဆိုင္မ်ားတြင္ ကိုယ္စားေသာက္ေနစဥ္ လာသည့္ခ်ိဳ႕တဲ့သူမ်ားကို ေခၚေကြၽးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ေနအိမ္အရပ္မွ မိမိေန႔နံေထာင္အရပ္ရွိဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို တစ္ပတ္လုံး ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ ခို၊က်ီး၊ေခြးစသည္တို႔ကို အစာေကြၽးပါ။အခ်ိန္ရတိုင္း ေမတၱာ သုတ္ဆိုေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။မနက္ေစာေစာ လမ္းသန႔္ရွင္းေရးလုပ္ေပးရင္း အရဟံ၊သံမၺဳေဒၶဂါထာ ႏွစ္မ်ိဳးလုံး သက္ေစ့႐ြတ္ဆိုပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ငါး/လိပ္စသည့္ ေရသတၱဝါမ်ားကို အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ မိမိအိမ္ေရွ႕ ထီကားလာပါက လက္တား၍ ႀကဳံရာ ထီ၁၀ ေစာင္ ကို ထိုးပါ။