【 ဗေဒင် 】သောကြာသားသမီးများအတွက် ယခုတစ်ပတ်ဆောင် ရန်/ရှောင်ရန်

ယခုရက်ပိုင်းအလွဲလွဲအချော်ချော်နဲ့ ထင်ထားသလိုမဖြစ် တတ် တာတွေ ကြုံရတတ်ပါတယ်။ စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက် တဲ့ ကိစ္စတွေ ဖြစ်တတ်ပါတယ်။ဘာကိစ္စမဆိုမပြီးပြတ်ဘဲတန်း လန်းဖြစ်နေလို့ သင့်မှာ စိတ်ပျက်မှုတွေ ဖြစ်နေရတာပါ။ခေါင်းကိုအေးအေး ထားပြီးအလုပ်ကိုဂရုတစိုက်လုပ်ရမယ့် အချိန် ကာလပါ။ ငွေကြေးကံနည်းနည်းညံနေပေမယ့် ကူညီဆောင်မမယ့်သူကတော့ ရှိနေပါတယ်။ စာချုပ်စာတမ်းကိစ္စတွေ၊ စပ်တူရှယ်ယာအလုပ်တွေ ကောင်းပါတယ်။နိုင်ငံရပ်ခြားကနေအကူအညီမမျှော်လင့်ဘဲရတတ်ပါတယ်။ ဒီတစ်ပတ်ပညာရေး၊လူမှုရေး၊စီးပွားရေးအတွက် အင်္ဂါသား သမီးတွေကိုတိုင်ပင်တာသင့်အတွက် အကောင်းဆုံးပါဘဲ။ ဒီရက်ပိုင်း မနေတတ်မထိုင်တတ်ရင် သူများပြဿနာ၊ကိုယ့်ပြဿနာ ဖြစ်တတ် ပါတယ်။သူတစ်ပါး ကိစ္စဝင်အာမခံတတ်သူများ ဒီရက်ပိုင်း အမူအခင်းမြင်ပါတယ်။ငွေကံကတော့ ညံပါတယ်။အလုပ်နဲ့ ပတ်သက်ပြီး ခရီး ထွက်စရာပေါ်ရင် မရှောင်ပါနဲ့၊လိုက်သွားပါ။သင့်အတွက် အခွင့် အလမ်းပေါ်လာပါ လိမ့်မယ်။ ကောင်းတတ်ပါတယ်။ ကျန်းမာရေး မှာသိပ်မကောင်းပါဘူး။ဝမ်းမကောင်းတာတွေ၊အစာစားတာမမှန်လို့ အစာအိမ် ရောဂါဖြစ်တတ်ပါတယ်။ပညာရေးကံကတော့ အကောင်း ဆုံး ဖြစ်နေပါတယ်။အိမ်ထောင်ရှင်တွေ မပြေလည်မှု တွေ နိဂုံးချုပ် သွားပေမယ့် ချစ်သူတွေ အတွက်ကတော့ ကျဉ်းထဲကျပ်ထဲရောက် မယ့် အချိန်ကာလပါ။  

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ယခုတစ်ပတ်လုံး ဘုရားရှင် အား ဇီးယိုဖြင့် ဆွမ်းကပ် လှူဒါန်းပေးပါ။  

ပြည်ပထွက်ခွာလိုသူများ။   ။ တဟိ့ ံတဟိ့ ံဘုရားရှိခိုးဂါထာ ကို အဓိဋ္ဌာန်ဖြင့် သက်စေ့ရွတ်ပါလေ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ ။    ။ နေအိမ်အရပ်မှ အင်္ဂါနံ အရပ်ရှိဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကိုရွတ်ဖတ် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ ။    ။ လမ်းသွား ရင်း ခို၊ကျီး၊ခွေးစသည်တို့ကိုအစာကျွေးပါ။

လူမှုရေးအတိုက်အခံများသူများ ။   ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ် ခွင်မှ စတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည်အောင် မေတ္တာသုတ် ဆိုကာရေသပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။    ။ ငါးလိပ် စသည့် ရေသတ္တဝါ များ ကိုမွေးနေ့တွင် အစာကျွေးပါ။  

ထီကံကောင်း လိုသူများ ။  ။ လမ်းသွားရင်းတွေ့သည့်ထီဆိုင်တွင် ၃/၆ ဂဏန်းများများပါသည့် ထီနံပါတ်ကိုရှာထိုးပါ။ 

(  Zawgyi  )

 ယခုရက္ပိုင္းအလြဲလြဲအေခ်ာ္ေခ်ာ္နဲ႔ ထင္ထားသလိုမျဖစ္ တတ္ တာေတြ ႀကဳံရတတ္ပါတယ္။ စိတ္မတင္မက်ကိစၥေတြ ဆုံးျဖတ္ရခက္ တဲ့ ကိစၥေတြ ျဖစ္တတ္ပါတယ္။ဘာကိစၥမဆိုမၿပီးျပတ္ဘဲတန္း လန္းျဖစ္ေနလို႔ သင့္မွာ စိတ္ပ်က္မႈေတြ ျဖစ္ေနရတာပါ။ေခါင္းကိုေအးေအး ထားၿပီးအလုပ္ကိုဂ႐ုတစိုက္လုပ္ရမယ့္ အခ်ိန္ ကာလပါ။ ေငြေၾကးကံနည္းနည္းညံေနေပမယ့္ ကူညီေဆာင္မမယ့္သူကေတာ့ ရွိေနပါတယ္။ စာခ်ဳပ္စာတမ္းကိစၥေတြ၊ စပ္တူရွယ္ယာအလုပ္ေတြ ေကာင္းပါတယ္။ႏိုင္ငံရပ္ျခားကေနအကူအညီမေမွ်ာ္လင့္ဘဲရတတ္ပါတယ္။ ဒီတစ္ပတ္ပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္ အဂၤါသား သမီးေတြကိုတိုင္ပင္တာသင့္အတြက္ အေကာင္းဆုံးပါဘဲ။ ဒီရက္ပိုင္း မေနတတ္မထိုင္တတ္ရင္ သူမ်ားျပႆနာ၊ကိုယ့္ျပႆနာ ျဖစ္တတ္ ပါတယ္။သူတစ္ပါး ကိစၥဝင္အာမခံတတ္သူမ်ား ဒီရက္ပိုင္း အမူအခင္းျမင္ပါတယ္။ေငြကံကေတာ့ ညံပါတယ္။အလုပ္နဲ႔ ပတ္သက္ၿပီး ခရီး ထြက္စရာေပၚရင္ မေရွာင္ပါနဲ႔၊လိုက္သြားပါ။သင့္အတြက္ အခြင့္ အလမ္းေပၚလာပါ လိမ့္မယ္။ ေကာင္းတတ္ပါတယ္။ က်န္းမာေရး မွာသိပ္မေကာင္းပါဘူး။ဝမ္းမေကာင္းတာေတြ၊အစာစားတာမမွန္လို႔ အစာအိမ္ ေရာဂါျဖစ္တတ္ပါတယ္။ပညာေရးကံကေတာ့ အေကာင္း ဆုံး ျဖစ္ေနပါတယ္။အိမ္ေထာင္ရွင္ေတြ မေျပလည္မႈ ေတြ နိဂုံးခ်ဳပ္ သြားေပမယ့္ ခ်စ္သူေတြ အတြက္ကေတာ့ က်ဥ္းထဲက်ပ္ထဲေရာက္ မယ့္ အခ်ိန္ကာလပါ။  

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ယခုတစ္ပတ္လုံး ဘုရားရွင္ အား ဇီးယိုျဖင့္ ဆြမ္းကပ္ လႉဒါန္းေပးပါ။  

ျပည္ပထြက္ခြာလိုသူမ်ား။   ။ တဟိ့ ံတဟိ့ ံဘုရားရွိခိုးဂါထာ ကို အဓိ႒ာန္ျဖင့္ သက္ေစ့႐ြတ္ပါေလ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား ။    ။ ေနအိမ္အရပ္မွ အဂၤါနံ အရပ္ရွိဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို႐ြတ္ဖတ္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား ။    ။ လမ္းသြား ရင္း ခို၊က်ီး၊ေခြးစသည္တို႔ကိုအစာေကြၽးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။   ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ ခြင္မွ စတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည္ေအာင္ ေမတၱာသုတ္ ဆိုကာေရသပါယ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။    ။ ငါးလိပ္ စသည့္ ေရသတၱဝါ မ်ား ကိုေမြးေန႔တြင္ အစာေကြၽးပါ။  

ထီကံေကာင္း လိုသူမ်ား ။  ။ လမ္းသြားရင္းေတြ႕သည့္ထီဆိုင္တြင္ ၃/၆ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကိုရွာထိုးပါ။