【 ဗေဒင် 】ဗုဒ္ဓဟူးသားသမီးများအတွက် ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအဖက်ဖက်ကအခွင့်အလမ်းကောင်းတွေပေါ်ထွက်လာတတ်ပါတယ်။ ကံတရားကကိုယ် ဘက်မှာရှိနေတဲ့အတွက် ဒီအချိန် မှာကိုယ်ရည်ရွယ်ထားတဲ့လုပ်ငန်းတွေကိစ္စတွေကိုစတင်တိုးချဲ့ဆောင်ရွက်လုပ်

ကိုင်သင့်တဲ့အချိန်ပါ။ ယခုတစ်ပတ်လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသော ကိစ္စများအတွက် ကြာသပတေး သား သမီးများနှင့်တိုင်ပင်ဆောင်ရွက်ပါ။ ကိုယ့်အောင်မြင်မှုကြောင့် မနာလိုကာအပြိုင်

အဆိုင်များတတ်တဲ့အချိန်ကာလဖြစ်တဲ့အတွက် သတိထား လုပ်ကိုင်နေထိုင်သင့်ပါတယ်။ ကျန်းမာရေးက စီးပွားရေး တက်ရင်တက်သလောက် ဂရုစိုက်ရပါမယ်။ အဓိကကတော့ ဆီးနဲ့ ပတ်သက်တဲ့ရောဂါနဲ့မျက်စိ ရောဂါ တွေဖြစ် တတ်ပါတယ်။ ပြည်တွင်းပြည်ပခရီး စိတ်အကြံပေါက်သလောက်ရောက်မယ့် အချိန် အခါပါ။ပညာရေးကံကောင်းနေပြီးကြိုးစားလေပိုခရီးရောက်လေဖြစ်မယ့်အချိန်အခါမို့ပေမယ့်အပေါင်းအသင်းမက်တာကြောင့်မျှော်မှန်းထားသလိုမဖြစ်ဘဲနေတတ်ပါတယ်။အိမ်ထောင်သည်တွေ၊ချစ်သူတွေအတွက် ဒီရက်ပိုင်း သတင်းကောင်းကြား ရဖို့ရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှလွတ်မြောက်ရန်။ ။ဘုရားအား ခုနှစ်ရက် တိတိကြသပတေးနေနံပန်း၊ အညွှန့်၊သစ်သီး တို့ဖြင့်ပူဇော် ဆက်ကပ် ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ ယခုတစ်ပတ်နေ့စဉ်နံနက်စောစောထကာသံဃာများကိုတန်းဆွမ်း လောင်းလှူပေး ပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။နေအိမ်အနီးရှိစေတီ တွင်မေမြို့ပန်း ကိုးပွင့်တိတိဖြင့် နံနက်ကိုးနာရီ တိတိမှာ ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။အိမ်တွင်းရှိသင့် အိမ်ထောင်ဘက်၏ နေနံပစ္စည်း အဟောင်း များ ကို အိမ်ခြံဝင်းအပြင် ဘက်ရောက်အောင်ရှာကြံကာလွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ။ ။သမ္ဗုဒ္ဓေဂါထာကသင့်ကို အကာ ကွယ်ပေးပါလိမ့်မယ်။သင်သတိရတိုင်း ရွတ်ဆိုပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ လမ်းသွားရင်း ခွေး၊ကျီးစသည် သတ္တဝါ များကိုအစာကျွေးပါ။

ထီကံကောင်းလိုသူများ။ ။ ကြာသပတေးနာမည်ပါထီဆိုင်တွင် ၃/၅ ဂဏန်း များများ ပါအောင်ထိုးပါ။ 

(  Zawgyi  )

 ဒီရက္ပိုင္းအဖက္ဖက္ကအခြင့္အလမ္းေကာင္းေတြေပၚထြက္လာတတ္ပါတယ္။ ကံတရားကကိုယ္ ဘက္မွာရွိေနတဲ့အတြက္ ဒီအခ်ိန္ မွာကိုယ္ရည္႐ြယ္ထားတဲ့လုပ္ငန္းေတြကိစၥေတြကိုစတင္တိုးခ်ဲ႕
ေဆာင္ ႐ြက္ လုပ္ကိုင္သင့္တဲ့အခ်ိန္ပါ။ ယခုတစ္ပတ္လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ၾကာသပေတး သား သမီးမ်ားႏွင့္တိုင္ပင္ေဆာင္႐ြက္ပါ။ ကိုယ့္ေအာင္ျမင္မႈေၾကာင့္ မနာလိုကာ

အၿပိဳင္အဆိုင္ မ်ားတတ္တဲ့အခ်ိန္ကာလျဖစ္တဲ့ အတြက္ သတိထား လုပ္ကိုင္ေနထိုင္သင့္ပါတယ္။ က်န္းမာေရးက စီးပြားေရး တက္ရင္တက္သေလာက္ ဂ႐ုစိုက္ရပါမယ္။ အဓိကကေတာ့ ဆီးနဲ႔ ပတ္သက္တဲ့ေရာဂါနဲ႔မ်က္စိ ေရာဂါ ေတြျဖစ္ တတ္ပါတယ္။ ျပည္တြင္းျပည္ပခရီး စိတ္အႀကံေပါက္သေလာက္ေရာက္မယ့္ အခ်ိန္ အခါပါ။ပညာေရးကံေကာင္းေနၿပီးႀကိဳးစားေလပိုခရီးေရာက္ေလျဖစ္မယ့္အခ်ိန္အခါမို႔ေပမယ့္အေပါင္းအသင္းမက္တာေၾကာင့္ေမွ်ာ္မွန္းထားသလိုမျဖစ္ဘဲေနတတ္ပါတယ္။

အိမ္ေထာင္သည္ေတြ၊ခ်စ္သူေတြအတြက္ ဒီရက္ပိုင္း သတင္းေကာင္းၾကား ရဖို႔ရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွလြတ္ေျမာက္ရန္။ ။ဘုရားအား ခုႏွစ္ရက္ တိတိၾကသပေတးေနနံပန္း၊ အၫႊန႔္၊သစ္သီး တို႔ျဖင့္ပူေဇာ္ ဆက္ကပ္ ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ယခုတစ္ပတ္ေန႔စဥ္နံနက္ေစာေစာထကာသံဃာမ်ားကိုတန္းဆြမ္း ေလာင္းလႉေပး ပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ေနအိမ္အနီးရွိေစတီ တြင္ေမၿမိဳ႕ပန္း ကိုးပြင့္တိတိျဖင့္ နံနက္ကိုးနာရီ တိတိမွာ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။အိမ္တြင္းရွိသင့္ အိမ္ေထာင္ဘက္၏ ေနနံပစၥည္း အေဟာင္း မ်ား ကို အိမ္ၿခံဝင္းအျပင္ ဘက္ေရာက္ေအာင္ရွာႀကံကာလႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။သမၺဳေဒၶဂါထာကသင့္ကို အကာ ကြယ္ေပးပါလိမ့္မယ္။သင္သတိရတိုင္း ႐ြတ္ဆိုေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ လမ္းသြားရင္း ေခြး၊က်ီးစသည္ သတၱဝါ မ်ားကိုအစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ ၾကာသပေတးနာမည္ပါထီဆိုင္တြင္ ၃/၅ ဂဏန္း မ်ားမ်ား ပါေအာင္ထိုးပါ။