【 ဗေဒင် 】ဗုဒ္ဓဟူးသားသမီးများအတွက် ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

လုပ်ငန်းခွင်မှာ ပင်ပန်းပြီး စိတ်တိုင်းမကျစရာများနေတတ်တဲ့ ကာလဖြစ်နေပါတယ်။ မိသားစုထဲ အဆင်မပြေမှုတွေရှိနေတတ်သလို ကိုယ်ထက်ကြီးကဲသူတွေကလည်း ကိုယ်ပေါ်အမြင်မကြည်
မှုတွေ ရှိနေ တတ်ပါတယ်။ လက်ရှိအလုပ်က ထွက်ချင်တဲ့စိတ်တွေ ပေါ်နေတတ်သလို တခြားအလုပ်ကို စိတ်ယိုင်နေ တတ်ပါတယ်။ မလုပ်ပါနဲ့ဦး။မကောင်းနိုင်သေးပါဘူး။ တတ်နိုင်သမျှ  စိတ်အေးအေး ထားပြီး လုပ်ကိုင်ရင် အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ ဒီတစ်ပတ် ပညာရေး၊လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံးအကြံ ပေးနိုင် တာက အင်္ဂါသားသမီးတွေဘဲ ရှိပါတယ်။ သင်အခက်အခဲရှိနေရင် မထင်ထားတဲ့ မိတ်ကောင်းဆွေ ကောင်းတွေက သင့်ကို လာကူညီ ပါလိမ့်မယ်။ ဒီရက်ပိုင်း လူမျိုးခြားနဲ့စပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါဘူး။ အိမ်။မြေ၊ခြံစတဲ့ အလုပ်တွေ မကောင်းသေးပါဘူး။လက်လွှဲရောင်းတဲ့ အလုပ်တွေ သတိထားပါ။ ငွေဝင်သင့် ပေမယ် ကုန်ကျမှု များနေတတ်ပါတယ်။ ကျန်းမာရေးက ကောင်းနေပေမယ့် ခါး၊အစာအိမ်၊ ခြေထောက်တွေ ဂရုစိုက်ပါ။ပညာရေးကတော့ အာရုံစိုက်မှ အကျိုူးများတဲ့ အချိန်ပါ။ အိမ်ထောင်ရှင် ချစ်သူအချင်းချင်း ဘာ မဟုတ်သည့် ကိစ္စဖြင့်  အဆင်မပြေမှုတွေဖြစ်တတ်ပါတယ်။

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ဆီထမင်းကို အုန်းသီးဖွေးဖွေးဖြင့် ကပ်လှူ ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။လမ်းထဲ ဆွမ်းဆန်ကြွသည့် သီလရှင်ဆရာများကို ထီး၊ဖိနပ်၊ဆွမ်းဆန်လှူပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။     ။နေအိမ်အရပ်မှ အင်္ဂါထောင့်အရပ်ရှိဘုရားစေတီတွင် သန့်ရှင်း ရေးလုပ်ပြီးပဋ္ဌာန်းနှင့် ဓမ္မစကြာကိုရွက်ဖတ်ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။သင့်အိမ်ထောင်ဘက်၏ ပုံမှန်အသုံး အဆောင်တစ်ခု ကို ခေါင်းအုံးအောက်ထားအိပ်ကာ စိတ်ထဲက မေတ္တာသုတ်ရွတ်ဆိုပြီး အိပ်ပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ယခုတစ်ပတ်လုံး ဘုရားစေတီများတွင် အရဟံ၊သံမ္ဗုဒ္ဓေဂါထာ နှစ်မျိုးလုံးကို သက်စေ့ရွတ်ဆို ပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။   ။ ရေသတ္တဝါများကို ယခုတစ်ပတ်လုံး အစာကျွေးပါ။  

ထီကံကောင်းလိုသူများ။  ။ ထီဆိုင်တွင်  ၃ /၄ ဂဏန်းများပါသည့်ထီကို  ရှာထိုးပါ။ 

(   Zawgyi   )

 လုပ္ငန္းခြင္မွာ ပင္ပန္းၿပီး စိတ္တိုင္းမက်စရာမ်ားေနတတ္တဲ့ ကာလျဖစ္ေနပါတယ္။ မိသားစုထဲ အဆင္မေျပမႈေတြရွိေနတတ္သလို ကိုယ္ထက္ႀကီးကဲသူေတြကလည္း ကိုယ္ေပၚအျမင္မၾကည္
မႈေတြ ရွိေန တတ္ပါတယ္။ လက္ရွိအလုပ္က ထြက္ခ်င္တဲ့စိတ္ေတြ ေပၚေနတတ္သလို တျခားအလုပ္ကို စိတ္ယိုင္ေန တတ္ပါတယ္။ မလုပ္ပါနဲ႔ဦး။မေကာင္းႏိုင္ေသးပါဘူး။ တတ္ႏိုင္သမွ်  စိတ္ေအးေအး ထားၿပီး လုပ္ကိုင္ရင္ အားလုံးအဆင္ေျပသြားပါလိမ့္မယ္။ ဒီတစ္ပတ္ ပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံ ေပးႏိုင္ တာက အဂၤါသားသမီးေတြဘဲ ရွိပါတယ္။ သင္အခက္အခဲရွိေနရင္ မထင္ထားတဲ့ မိတ္ေကာင္းေဆြ ေကာင္းေတြက သင့္ကို လာကူညီ ပါလိမ့္မယ္။ ဒီရက္ပိုင္း လူမ်ိဳးျခားနဲ႔စပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါဘူး။ အိမ္။ေျမ၊ၿခံစတဲ့ အလုပ္ေတြ မေကာင္းေသးပါဘူး။လက္လႊဲေရာင္းတဲ့ အလုပ္ေတြ သတိထားပါ။ ေငြဝင္သင့္ ေပမယ္ ကုန္က်မႈ မ်ားေနတတ္ပါတယ္။ က်န္းမာေရးက ေကာင္းေနေပမယ့္ ခါး၊အစာအိမ္၊ ေျခေထာက္ေတြ ဂ႐ုစိုက္ပါ။ပညာေရးကေတာ့ အာ႐ုံစိုက္မွ အက်ိဳူးမ်ားတဲ့ အခ်ိန္ပါ။ အိမ္ေထာင္ရွင္ ခ်စ္သူအခ်င္းခ်င္း ဘာ မဟုတ္သည့္ ကိစၥျဖင့္  အဆင္မေျပမႈေတြျဖစ္တတ္ပါတယ္။

 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အား ဆီထမင္းကို အုန္းသီးေဖြးေဖြးျဖင့္ ကပ္လႉ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။လမ္းထဲ ဆြမ္းဆန္ႂကြသည့္ သီလရွင္ဆရာမ်ားကို ထီး၊ဖိနပ္၊ဆြမ္းဆန္လႉပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။     ။ေနအိမ္အရပ္မွ အဂၤါေထာင့္အရပ္ရွိဘုရားေစတီတြင္ သန႔္ရွင္း ေရးလုပ္ၿပီးပ႒ာန္းႏွင့္ ဓမၼစၾကာကို႐ြက္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။သင့္အိမ္ေထာင္ဘက္၏ ပုံမွန္အသုံး အေဆာင္တစ္ခု ကို ေခါင္းအုံးေအာက္ထားအိပ္ကာ စိတ္ထဲက ေမတၱာသုတ္႐ြတ္ဆိုၿပီး အိပ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ယခုတစ္ပတ္လုံး ဘုရားေစတီမ်ားတြင္ အရဟံ၊သံမၺဳေဒၶဂါထာ ႏွစ္မ်ိဳးလုံးကို သက္ေစ့႐ြတ္ဆို ပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။   ။ ေရသတၱဝါမ်ားကို ယခုတစ္ပတ္လုံး အစာေကြၽးပါ။  

ထီကံေကာင္းလိုသူမ်ား။  ။ ထီဆိုင္တြင္  ၃ /၄ ဂဏန္းမ်ားပါသည့္ထီကို  ရွာထိုးပါ။