【 ဗေဒင် 】ဗုဒ္ဓဟူးသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဆုံးရှုံးထားတဲ့ ငွေကြေးနဲ့ စက်ပစ္စည်းတွေ ပြန်ဝင်လာမယ့် အချိန်ကာလပါ။ ယခုရက်ပိုင်းအတွင်း တနင်္လာသားသမီးတွေနဲ့ တိုင်ပင်တာကသင့်အတွက် လူမှုရေး ၊စီးပွားရေး၊ ပညာရေးကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ ကား၊ကွန်ပျူတာ၊ ကျောက်မျက်ရတနာ၊ ခရီးသွားလုပ်ငန်းစတဲ့ လုပ် ငန်းတွေ ကောင်းပါတယ်။ ငွေအကုန်အကျများတတ်သလို ရသမျှ ဆေးဖိုးဖြစ်တတ်တဲ့ ကာလတစ်ခုပါဘဲ။ ဒီရက်ပိုင်းအတွင်း မထင်မှတ် ဘဲဘာသာရေး၊ပညာရေး၊အခွင့်အလမ်းကောင်းတွေ နေရာအပြောင်း အလဲတွေ အလုပ်အကိုင် အပြောင်းအလဲတွေ ပေါ်ထွက်လာတတ်ပါတယ်။ ကွဲကွာနေသူများပြန်ဆုံခြင်း၊ အသုံးအဆောင်ပစ္စည်းတွေ ဝင်လာတတ်ခြင်းရှိတတ်ပါတယ်။ သတိထားရမှာက မိတ်ဆွေရင်းတွေရဲ့ ပြဿနာကို ရှင်းရတတ်တာပါ။ အရှင်းမတတ်ရင် ကိုယ်ပြဿနာဖြစ်တတ်ပါတယ်။ ကိုယ်အပေါ် အငြိုးထားတတ်ပါတယ်။ ပညာရေးကကောင်းနေတတ်ပါတယ်။ ကျန်းမာရေးကတော့ ဝမ်း၊ဦးခေါင်းစတဲ့ ရောဂါတွေ ဂရုစိုက်သင့်ပါတယ်။ အိမ်ထောင်ရှင်များကြားဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ပေါ်လာ တတ်သလို သမီးရည်းစားများကြား တဘဝလုံးစာ ဆုံးဖြတ်စရာတွေ ရှိလာတတ်ပါတယ်။ မိန်းမကိစ္စ ရှုပ်တတ်သူများ အရှက်တကွဲဖြစ်ရကိန်းရှိပါတယ်။ 
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအားယခုတစ်ပတ်လုံး ကံ့ကော်ပန်းဖြင့် ဆက်ကပ်လှူဒါန်း ပူဇော်ပါ။  
 
ပြည်ပထွက်ခွာလိုသူများ။    ။ လမ်းထဲ အရပ်ထဲ ကြွလာသည့် အလှူခံသီလရှင်ဆရာလေးများကို ဆွမ်းကပ်ပေးပါ။ 
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ။  ။ တနင်္လာနံဘုရားစေတီတွင်  ကံ့ကော်ပန်းနှင့် အောင်သပြေပန်းကို တွဲပြီး ဆက်ကပ်လှူဒါန်းပေးပါ။ 
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။အိမ် ထဲတွင် ဓာတ်ပုံအစုတ်များ၊အပြဲများ တွေ့ပါက လွှင့်ပစ်ပါ။ အချစ်ရေးအဆင်မပြေပါက တနင်္လာနံ သတ္တဝါများကို ကိုယ်လက်နှင့် ကိုင်ကာအစာကျွေးပေးပါ။ 
 
လူမှုရေးအတိုက်အခံများသူများ။  ။အိမ်တွင် မိဘ ဝေယျာဝစ္စကို စေတနာပါပါလုပ်ပေးပါ။ မိဘအဝတ်အစားကို လျှော်ဖွပ်ပေးပါ။ 
 
ကျန်းမာရေးမကောင်းသူများ ။  ။ ဈေးတွင် ရေသတ္တဝါအရှင်ကို တွေ့ပါက ဝယ်ပြီး နီးစပ်ရာကန်ချောင်းတွင် လွှတ်ပေးပါ။ 
 
ထီကံကောင်းလိုသူများ။  ။ တွေ့သည့် ထီဆိုင်တွင် ၂/၄ ဂဏန်းများများပါသောထီကိုထိုးပါ။
 
(  Zawgyi  )
 
 ဆုံးရႈံးထားတဲ့ ေငြေၾကးနဲ႔ စက္ပစၥည္းေတြ ျပန္ဝင္လာမယ့္ အခ်ိန္ကာလပါ။ ယခုရက္ပိုင္းအတြင္း တနလၤာသားသမီးေတြနဲ႔ တိုင္ပင္တာကသင့္အတြက္ လူမႈေရး ၊စီးပြားေရး၊ ပညာေရးကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ ကား၊ကြန္ပ်ဴတာ၊ ေက်ာက္မ်က္ရတနာ၊ ခရီးသြားလုပ္ငန္းစတဲ့ လုပ္ ငန္းေတြ ေကာင္းပါတယ္။ ေငြအကုန္အက်မ်ားတတ္သလို ရသမွ် ေဆးဖိုးျဖစ္တတ္တဲ့ ကာလတစ္ခုပါဘဲ။ ဒီရက္ပိုင္းအတြင္း မထင္မွတ္ ဘဲဘာသာေရး၊ပညာေရး၊အခြင့္အလမ္းေကာင္းေတြ ေနရာအေျပာင္း အလဲေတြ အလုပ္အကိုင္ အေျပာင္းအလဲေတြ ေပၚထြက္လာတတ္ပါတယ္။ ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ အသုံးအေဆာင္ပစၥည္းေတြ ဝင္လာတတ္ျခင္းရွိတတ္ပါတယ္။ သတိထားရမွာက မိတ္ေဆြရင္းေတြရဲ႕ ျပႆနာကို ရွင္းရတတ္တာပါ။ အရွင္းမတတ္ရင္ ကိုယ္ျပႆနာျဖစ္တတ္ပါတယ္။ ကိုယ္အေပၚ အၿငိဳးထားတတ္ပါတယ္။ ပညာေရးကေကာင္းေနတတ္ပါတယ္။ က်န္းမာေရးကေတာ့ ဝမ္း၊ဦးေခါင္းစတဲ့ ေရာဂါေတြ ဂ႐ုစိုက္သင့္ပါတယ္။ အိမ္ေထာင္ရွင္မ်ားၾကားဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ေပၚလာ တတ္သလို သမီးရည္းစားမ်ားၾကား တဘဝလုံးစာ ဆုံးျဖတ္စရာေတြ ရွိလာတတ္ပါတယ္။ မိန္းမကိစၥ ရႈပ္တတ္သူမ်ား အရွက္တကြဲျဖစ္ရကိန္းရွိပါတယ္။ 
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအားယခုတစ္ပတ္လုံး ကံ့ေကာ္ပန္းျဖင့္ ဆက္ကပ္လႉဒါန္း ပူေဇာ္ပါ။  
 
ျပည္ပထြက္ခြာလိုသူမ်ား။    ။ လမ္းထဲ အရပ္ထဲ ႂကြလာသည့္ အလႉခံသီလရွင္ဆရာေလးမ်ားကို ဆြမ္းကပ္ေပးပါ။ 
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား။  ။ တနလၤာနံဘုရားေစတီတြင္  ကံ့ေကာ္ပန္းႏွင့္ ေအာင္သေျပပန္းကို တြဲၿပီး ဆက္ကပ္လႉဒါန္းေပးပါ။ 
 
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။အိမ္ ထဲတြင္ ဓာတ္ပုံအစုတ္မ်ား၊အၿပဲမ်ား ေတြ႕ပါက လႊင့္ပစ္ပါ။ အခ်စ္ေရးအဆင္မေျပပါက တနလၤာနံ သတၱဝါမ်ားကို ကိုယ္လက္ႏွင့္ ကိုင္ကာအစာေကြၽးေပးပါ။ 
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။အိမ္တြင္ မိဘ ေဝယ်ာဝစၥကို ေစတနာပါပါလုပ္ေပးပါ။ မိဘအဝတ္အစားကို ေလွ်ာ္ဖြပ္ေပးပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေဈးတြင္ ေရသတၱဝါအရွင္ကို ေတြ႕ပါက ဝယ္ၿပီး နီးစပ္ရာကန္ေခ်ာင္းတြင္ လႊတ္ေပးပါ။ 
 
ထီကံေကာင္းလိုသူမ်ား။  ။ ေတြ႕သည့္ ထီဆိုင္တြင္ ၂/၄ ဂဏန္းမ်ားမ်ားပါေသာထီကိုထိုးပါ။