【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီတစ်ပတ်အတွင်းလုပ်စရာကိစ္စတွေ၊ လုပ်စရာအလုပ်တွေများနေလို့ လူပမ်း စိတ်ပမ်း ရမယ့် အချိန်ကာလပါဘဲ။ ရပ်ဝေးက မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ကြုံ ခင်မင်ရကိန်း ရှိသလိုငွေကုန်ကြေးကျများတဲ့ အချိန်အခါပါ။ အိမ်တွင်းစက်ပစ္စည်းတွေ အပျက်များနေသလို လက်အောက်ငယ်သားတွေ အပေါ် ယုံကြည်လို့ ဒုက္ခတွေ့တတ် ပါတယ်။ သင့်အတွက် ဒီတစ်ပတ်မှာပညာရေး၊လူမှုရေး၊စီးပွားရေးအတွက် အကောင်း ဆုံး အကြံ ပေးနိုင်တာက ဗုဒ္ဓဟူးသားသမီးတွေပါ။ ဒီကာလမှာ ကံက အကောင်းအဆိုး
ရောနေတဲ့ အတွက် မထင်မှတ်ဘဲအလှူအတန်းတွေ၊ဘာသာရေးအလုပ်တွေ ဘုရားဖူး ခရီးတွေ သွားရကိန်းရှိပါတယ်။ဒီကာလအတွင်းစပ်တူကိစ္စတွေ အကျိုးမပေးတတ် ပါဘူး။ လူမျိုးခြားနဲ့ လုပ်ကိုင်ရတဲ့ အလုပ်တွေ သတိထားလုပ်ကိုင်ပါ။ ကျန်းမာရေးက
ကောင်းနေပေမယ့် အိပ်ရေးမဝခြင်း ၊ခေါင်း ကိုက်ခေါင်းမူးဖြစ်ခြင်း မျိုးဖြစ်တတ်ပါတယ်။ ပညာရေးကတော့ကောင်းပါတယ်။ အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်အပေါ် စကား အသာ ရအောင်ပြောရင်းမာနပြိုင်တတ်ပါတယ်။ ချစ်သူများမတင်မကျကိစ္စတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် သံသယရှိနေပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ယခု တပတ်လုံး ပန်းပေါင်းစုံဖြင့် ကပ်လှူပူဇော် ကာနံနက်တိုင်း ပဋ္ဌာန်းရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ နေအိမ်သို့ ဆွမ်းခံကြွသည့် သံဃာတော်များကိုထီး/ဖိနပ် ကပ်လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။စေတီပုထိုးများ၏ ဗုဒ္ဓဟူးထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်ထောင်ဘက်/ ချစ်သူနှစ်ဦး၏ နေသင့် နံသင့်ပန်းကို ဘုရားပန်းအိုး တစ်အိုးသပ်သပ်ထိုးကာ ဘုရားအားယခု တစ်ပတ်လုံး ပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ ယခုတစ်ပတ်လုံးသရဏဂုံ ၃ ပါးကိုနံနက် မျက်နှာ သစ်တိုင်း ရွတ်ဖတ် ပူဇော်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။  ။ အနီးအနားရှိသက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။
 
ထီကံကောင်းလိုသူများ။  ။ ဗုဒ္ဓဟူးနံဖြင့်စသည့် ထီဆိုင်တွင် ၂ အစ ၄ အဆုံး ထီ လက်မှတ် ကိုထိုးပေးပါ။

(  Zawgyi  )

 ဒီတစ္ပတ္အတြင္းလုပ္စရာကိစၥေတြ၊ လုပ္စရာအလုပ္ေတြမ်ားေနလို႔ လူပမ္း စိတ္ပမ္း ရမယ့္ အခ်ိန္ကာလပါဘဲ။ ရပ္ေဝးက မိတ္ေကာင္းေဆြေကာင္းေတြနဲ႔ ေတြ႕ႀကဳံ ခင္မင္ရကိန္း ရွိသလိုေငြကုန္ေၾကးက်မ်ားတဲ့ အခ်ိန္အခါပါ။ အိမ္တြင္းစက္ပစၥည္းေတြ အပ်က္မ်ားေနသလို လက္ေအာက္ငယ္သားေတြ အေပၚ ယုံၾကည္လို႔ ဒုကၡေတြ႕တတ္ ပါတယ္။ သင့္အတြက္ ဒီတစ္ပတ္မွာပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္ အေကာင္း ဆုံး အႀကံ ေပးႏိုင္တာက ဗုဒၶဟူးသားသမီးေတြပါ။ ဒီကာလမွာ ကံက အေကာင္းအဆိုး
ေရာေနတဲ့ အတြက္ မထင္မွတ္ဘဲအလႉအတန္းေတြ၊ဘာသာေရးအလုပ္ေတြ ဘုရားဖူး ခရီးေတြ သြားရကိန္းရွိပါတယ္။ဒီကာလအတြင္းစပ္တူကိစၥေတြ အက်ိဳးမေပးတတ္ ပါဘူး။ လူမ်ိဳးျခားနဲ႔ လုပ္ကိုင္ရတဲ့ အလုပ္ေတြ သတိထားလုပ္ကိုင္ပါ။ က်န္းမာေရးက
ေကာင္းေနေပမယ့္ အိပ္ေရးမဝျခင္း ၊ေခါင္း ကိုက္ေခါင္းမူးျဖစ္ျခင္း မ်ိဳးျဖစ္တတ္ပါတယ္။ ပညာေရးကေတာ့ေကာင္းပါတယ္။ အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္အေပၚ စကား အသာ ရေအာင္ေျပာရင္းမာနၿပိဳင္တတ္ပါတယ္။ ခ်စ္သူမ်ားမတင္မက်ကိစၥေတြေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ သံသယရွိေနပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အား ယခု တပတ္လုံး ပန္းေပါင္းစုံျဖင့္ ကပ္လႉပူေဇာ္ ကာနံနက္တိုင္း ပ႒ာန္း႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ေနအိမ္သို႔ ဆြမ္းခံႂကြသည့္ သံဃာေတာ္မ်ားကိုထီး/ဖိနပ္ ကပ္လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ေစတီပုထိုးမ်ား၏ ဗုဒၶဟူးေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္ေထာင္ဘက္/ ခ်စ္သူႏွစ္ဦး၏ ေနသင့္ နံသင့္ပန္းကို ဘုရားပန္းအိုး တစ္အိုးသပ္သပ္ထိုးကာ ဘုရားအားယခု တစ္ပတ္လုံး ပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ ယခုတစ္ပတ္လုံးသရဏဂုံ ၃ ပါးကိုနံနက္ မ်က္ႏွာ သစ္တိုင္း ႐ြတ္ဖတ္ ပူေဇာ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။  ။ အနီးအနားရွိသက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။
 
ထီကံေကာင္းလိုသူမ်ား။  ။ ဗုဒၶဟူးနံျဖင့္စသည့္ ထီဆိုင္တြင္ ၂ အစ ၄ အဆုံး ထီ လက္မွတ္ ကိုထိုးေပးပါ။