【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းပညာရေး၊လူမှုရေး၊စီးပွားရေးကိစ္စတွေမှာ သင့်ကို အကောင်းဆုံးအကြံပေးနိုင်တာက တနင်္ဂနွေသားသမီးတွေပါ။ သင့်ကံဇာတာက အကောင်းချည်းမဟုတ်ဘဲ အညံ့ဘက်ပါနေလို့ ဒီရက်ပိုင်း အခက်အခဲလေးတွေရှိ နေတတ်ပါတယ်။ နေအိမ်သုံးပစ္စည်းတွေ၊ စက်ပစ္စည်းတွေဝင်တတ်သလို ပျက်လည်း ပျက်ဆီးတတ်ပါတယ်။ နေအိမ်ပြောင်း ရွှေ့တာ၊လုပ်ငန်းသစ်စတင်တာစတဲ့ အလုပ်တွေကတော့ အကောင်းဘက်မှာ ရှိနေပါတယ်။ ငွေဝင်ကောင်းပေမယ့် ကျန်းမာရေးအတွက် ကုန်တတ်တဲ့အချိန်မို့ ရသမျှအဖတ် တင်ဖို့ ဘုရားကို ဆယ်ဖို့ တစ်ဖို့ လှူပေးသင့်ပါတယ်။ အိမ်တွင်းရေးက အသင့်အတင့် သာယာနေတတ်သလို အိမ်မှာထက် အပြင်မှာ နေရတာကို သင့်စိတ်က ပိုသာယာနေတတ်ပါတယ်။ ဒီကာလအတွင်း ရက်ဝေးခရီးတွေ သွားဖို့စီစဉ်ထားသလို မဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ စပ်တူအလုပ်တွေ လူမျိုးခြားနဲ့ လုပ်ရတဲ့ အလုပ်တွေ ခဏရပ်ထားပါ။ ကျန်းမာရေးက ကောင်းနေပေမယ့် ညဘက်အိပ် မရတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ အာရုံစိုက် သလောက် အောင်မြင်မှု အသီးအပွင့် ရတတ်တဲ့ အချိန်ပါ။ အိမ်ထောင်ရှင်တွေကြား နားလည်မှုလွဲတတ်သလို ချစ်သူအချင်းချင်း နားပူနားဆာ လုပ် တတ်လို့ စိတ်ရှုပ်ရတဲ့အချိန်ကာလပါ။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအား အောင်သပြေပန်းထိုးကာ ကဗ္မလာသစ်သီး ဆွမ်း ကပ်လှူပူဇော်ပါ။
 
ပြည်ပထွက်ခွာလိုသူများ။ ။ သံဃာတော်များကိုထီးဖိနပ်စသည်တို့ လှူပေးပါ။သီလရှင်များအားလည်း ဆွမ်း ဆန်၊ ငွေကြေးထောက်ပံပေးပါ။
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ တနင်္လာနံဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာဓမ္မစကြာ ရွတ်ဖတ် ပူဇော်ပါ။
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ ရွှေရောင်ပစ္စည်းအဟောင်းအပျက်များ၊ပြက္ခဒိန် အဟောင်း များ နေအိမ်အိပ်ခန်းအတွင်း ရှိနေပါကလွှင့်ပစ်ပါ။
 
လူမှုရေးအတိုက်အခံများသူများ။ ။ ဘုရားစေတီများတွင်ပုံမှန်တံမြက်စည်းလှည်းပါ။ပန်းဆီမီးပူဇော်ပါ။
 
ကျန်းမာရေးမကောင်းသူများ။ ။ ရပ်ထဲရွာထဲမှ ကျန်းမာရေးမကောင်းသူကိုဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။
 
ထီကံကောင်းလိုသူများ။ ။ လမ်းတွင် ကားနှင့်လှည့်ရောင်းသည့် ထီဆိုင်တွေ့ပါက က/ခ/ဂ အက္ခရာဖြင့်စသည့် ထီလက်မှတ်ကိုထိုးပါ။

 

( Zawgyi )

 

 ဒီရက္ပိုင္းပညာေရး၊လူမႈေရး၊စီးပြားေရးကိစၥေတြမွာ သင့္ကို အေကာင္းဆုံးအႀကံေပးႏိုင္တာက တနဂၤေႏြသားသမီးေတြပါ။ သင့္ကံဇာတာက အေကာင္းခ်ည္းမဟုတ္ဘဲ အညံ့ဘက္ပါေနလို႔ ဒီရက္ပိုင္း အခက္အခဲေလးေတြရွိ ေနတတ္ပါတယ္။ ေနအိမ္သုံးပစၥည္းေတြ၊ စက္ပစၥည္းေတြဝင္တတ္သလို ပ်က္လည္း ပ်က္ဆီးတတ္ပါတယ္။ ေနအိမ္ေျပာင္း ေ႐ႊ႕တာ၊လုပ္ငန္းသစ္စတင္တာစတဲ့ အလုပ္ေတြကေတာ့ အေကာင္းဘက္မွာ ရွိေနပါတယ္။ ေငြဝင္ေကာင္းေပမယ့္ က်န္းမာေရးအတြက္ ကုန္တတ္တဲ့အခ်ိန္မို႔ ရသမွ်အဖတ္ တင္ဖို႔ ဘုရားကို ဆယ္ဖို႔ တစ္ဖို႔ လႉေပးသင့္ပါတယ္။ အိမ္တြင္းေရးက အသင့္အတင့္ သာယာေနတတ္သလို အိမ္မွာထက္ အျပင္မွာ ေနရတာကို သင့္စိတ္က ပိုသာယာေနတတ္ပါတယ္။ ဒီကာလအတြင္း ရက္ေဝးခရီးေတြ သြားဖို႔စီစဥ္ထားသလို မျဖစ္တာေတြ ျဖစ္တတ္ပါတယ္။ စပ္တူအလုပ္ေတြ လူမ်ိဳးျခားနဲ႔ လုပ္ရတဲ့ အလုပ္ေတြ ခဏရပ္ထားပါ။ က်န္းမာေရးက ေကာင္းေနေပမယ့္ ညဘက္အိပ္ မရတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အာ႐ုံစိုက္ သေလာက္ ေအာင္ျမင္မႈ အသီးအပြင့္ ရတတ္တဲ့ အခ်ိန္ပါ။ အိမ္ေထာင္ရွင္ေတြၾကား နားလည္မႈလြဲတတ္သလို ခ်စ္သူအခ်င္းခ်င္း နားပူနားဆာ လုပ္ တတ္လို႔ စိတ္ရႈပ္ရတဲ့အခ်ိန္ကာလပါ။ 
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားအား ေအာင္သေျပပန္းထိုးကာ ကဗၼလာသစ္သီး ဆြမ္း ကပ္လႉပူေဇာ္ပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား။ ။ သံဃာေတာ္မ်ားကိုထီးဖိနပ္စသည္တို႔ လႉေပးပါ။သီလရွင္မ်ားအားလည္း ဆြမ္း ဆန္၊ ေငြေၾကးေထာက္ပံေပးပါ။
 
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ တနလၤာနံဘုရားတြင္ ပန္းေပါင္းစုံကပ္လႉကာဓမၼစၾကာ ႐ြတ္ဖတ္ ပူေဇာ္ပါ။ 
 
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ ေ႐ႊေရာင္ပစၥည္းအေဟာင္းအပ်က္မ်ား၊ျပကၡဒိန္ အေဟာင္း မ်ား ေနအိမ္အိပ္ခန္းအတြင္း ရွိေနပါကလႊင့္ပစ္ပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုရားေစတီမ်ားတြင္ပုံမွန္တံျမက္စည္းလွည္းပါ။ပန္းဆီမီးပူေဇာ္ပါ။ 
 
က်န္းမာေရးမေကာင္းသူမ်ား။ ။ ရပ္ထဲ႐ြာထဲမွ က်န္းမာေရးမေကာင္းသူကိုေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။ 
 
ထီကံေကာင္းလိုသူမ်ား။ ။ လမ္းတြင္ ကားႏွင့္လွည့္ေရာင္းသည့္ ထီဆိုင္ေတြ႕ပါက က/ခ/ဂ အကၡရာျဖင့္စသည့္ ထီလက္မွတ္ကိုထိုးပါ။