【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း ပြည်တွင်း ပြည်ပခရီးတွေ သွားရတတ်သလို ဘုရားဖူးခရီးတွေလည်း သွားရတတ်ပါ တယ်။ မိတ်ဆွေကောင်းများရဲ့ အကူအညီများရတတ်သလို အလှူ မင်္ဂလာပွဲ တွေလည်း မိသာစုအတွင်း ကြုံရတတ်ပါတယ်။ ယခုရက်ပိုင်းအတွင်း သင် အတွက် အကျိုးပြုတဲ့ နေ့နံက စနေသားသမီးတွေဖြစ်လို့ အရာရာတိုင်ပင်နိုင်ပါတယ်။ ဒီကာလမှာ လူမျိုးခြားနဲ့ စပ်တူလုပ်ရတဲ့ အလုပ်တွေ ၊စာချုပ်စာတမ်းအလုပ်တွေ အိမ်၊ခြံမြေကိစ္စတွေ လည်းသလို ငွေရေးကြေးရေးကိစ္စတွေ ၊နေရာသစ်၊ လုပ်ငန်းသစ်၊ အိမ်သစ်ကိစ္စတွေ စလုပ်လို့ ကောင်းပါတယ်။ အနုပညာရှင်တွေ သတိထားပါ။ အပြော မတတ်လို့ ပြဿနာတတ်တတ်ပါတယ်။ ယခုရက်ပိုင်းခရီးသွားလုပ်ငန်းတွေ အခက်အခဲ ရှိတတ်ပါတယ်။ ငွေ ဝင်ကောင်းနေသလို ငွေထွက်လည်းများနေလို့ အလှူအတန်းလေးနဲ့ လုပ်သင့်ပါတယ်။ ဒီကာလမှာ ပညာရေးကံကောင်းနေသလို လုပ်ငန်းခွင်မှာ ရာထူးဖြေ သူတို့ ယခုရက်ပိုင်းမှာ အောင်စာရင်း ထွက်ခဲ့ရင် လိုအင်ဆန္ဒပြည့်ပြီလို့ မှတ်လိုက်ပါ။ ကျန်းမာရေးကတော့ အိပ်ရေးပျက်တာတွေကြောင့် စိတ်မကြည်မလင်တာကနေ တခြား ရောဂါတွေ ပြန်ထလာတတ်ပါတယ်။ သွားတာလာတာ ဂရုစိုက်ပါ။ လက်ခြေထောက် ထိခိုက်တတ်ပါတယ်။ ဒီကာလမှာ အပန်းဖြေဒေသန္တရ ခရီးထွက်တာတွေ၊ ဘုရားဖူးသွား ရတာ တွေက သင့်အတွက် ကောင်းပါတယ်။ အိမ်ထောင်ရှင်များ ခဏတာခွဲခွာရကိန်း ရှိပါတယ်။ သမီးရည်းစားများကတော့ အထစ်အငေါ့လေးတွေ ရှိတတ်ပါတယ်။

 
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအားစနေနံပန်းများလှူကာ နံနက် ၉ နာရီမထိုးမီ ဒိဝါတပတိဂါထာကို ၉ ခေါက်ရွတ်ဆိုပါ။
 
 
ပြည်ပထွက်ခွာလိုသူများ။ ။မွေးနေ့မွေးရက်တွင် သင့်အိမ်နှင့်အနီးဆုံး စေတီရှိ စနေ ထောင့် အရပ်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပြီးလိုရာဆုတောင်းပါ။
 
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။လျှောက်ထားသည့် အလုပ်ကို စာရွက်တစ် ရွက် ဖြင့် ရေးပြီးခေါင်းအုံးအောက်ထားအိပ်ပါ။
 
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။အိမ်တွင် အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့်နံသင့်ပန်း ကိုပန်းအိုးတစ်အိုးဖြင့် သက်သက်ထိုးကာဘုရားပူဇော်ပါ။
 
 
လူမှုရေးအတိုက်အခံများသူများ။ ။ယခုတစ်ပတ်လုံးဘုရားအား ရေသပ္ပါယ်ခြင်း၊ စေတီ ရင်ပြင်များတွင် အမှိုက်များကောက်ခြင်းများ ပြုလုပ်ပေးပါ။
 
 
ကျန်းမာရေးမကောင်းသူများ။ ။စေတီများတွင် ညောင်ထောက် ပေးခြင်း၊ ပန်းခြောက် များရှင်းပေးခြင်း ပြုလုပ်ပေးပါ။
 
 
ထီကံကောင်းလိုသူများ။ ။ထီဆိုင်တွင် စနေနံအက္ခရာဖြင့် ၂/၇/၉ ဂဏန်းများများ ပါသော ထီကိုထိုးပါ။

(  Zawgyi  )

  ဒီရက္ပိုင္းအတြင္း ျပည္တြင္း ျပည္ပခရီးေတြ သြားရတတ္သလို ဘုရားဖူးခရီးေတြလည္း သြားရတတ္ပါ တယ္။ မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္သလို အလႉ မဂၤလာပြဲ ေတြလည္း မိသာစုအတြင္း ႀကဳံရတတ္ပါတယ္။ ယခုရက္ပိုင္းအတြင္း သင္ အတြက္ အက်ိဳးျပဳတဲ့ ေန႔နံက စေနသားသမီးေတြျဖစ္လို႔ အရာရာတိုင္ပင္ႏိုင္ပါတယ္။ ဒီကာလမွာ လူမ်ိဳးျခားနဲ႔ စပ္တူလုပ္ရတဲ့ အလုပ္ေတြ ၊စာခ်ဳပ္စာတမ္းအလုပ္ေတြ အိမ္၊ၿခံေျမကိစၥေတြ လည္းသလို ေငြေရးေၾကးေရးကိစၥေတြ ၊ေနရာသစ္၊ လုပ္ငန္းသစ္၊ အိမ္သစ္ကိစၥေတြ စလုပ္လို႔ ေကာင္းပါတယ္။ အႏုပညာရွင္ေတြ သတိထားပါ။ အေျပာ မတတ္လို႔ ျပႆနာတတ္တတ္ပါတယ္။ ယခုရက္ပိုင္းခရီးသြားလုပ္ငန္းေတြ အခက္အခဲ ရွိတတ္ပါတယ္။ ေငြ ဝင္ေကာင္းေနသလို ေငြထြက္လည္းမ်ားေနလို႔ အလႉအတန္းေလးနဲ႔ လုပ္သင့္ပါတယ္။ ဒီကာလမွာ ပညာေရးကံေကာင္းေနသလို လုပ္ငန္းခြင္မွာ ရာထူးေျဖ သူတို႔ ယခုရက္ပိုင္းမွာ ေအာင္စာရင္း ထြက္ခဲ့ရင္ လိုအင္ဆႏၵျပည့္ၿပီလို႔ မွတ္လိုက္ပါ။ က်န္းမာေရးကေတာ့ အိပ္ေရးပ်က္တာေတြေၾကာင့္ စိတ္မၾကည္မလင္တာကေန တျခား ေရာဂါေတြ ျပန္ထလာတတ္ပါတယ္။ သြားတာလာတာ ဂ႐ုစိုက္ပါ။ လက္ေျခေထာက္ ထိခိုက္တတ္ပါတယ္။ ဒီကာလမွာ အပန္းေျဖေဒသႏၲရ ခရီးထြက္တာေတြ၊ ဘုရားဖူးသြား ရတာ ေတြက သင့္အတြက္ ေကာင္းပါတယ္။ အိမ္ေထာင္ရွင္မ်ား ခဏတာခြဲခြာရကိန္း ရွိပါတယ္။ သမီးရည္းစားမ်ားကေတာ့ အထစ္အေငါ့ေလးေတြ ရွိတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအားစေနနံပန္းမ်ားလႉကာ နံနက္ ၉ နာရီမထိုးမီ ဒိဝါတပတိဂါထာကို ၉ ေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ေမြးေန႔ေမြးရက္တြင္ သင့္အိမ္ႏွင့္အနီးဆုံး ေစတီရွိ စေန ေထာင့္ အရပ္တြင္ အဓိ႒ာန္ပုတီးစိပ္ၿပီးလိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ေလွ်ာက္ထားသည့္ အလုပ္ကို စာ႐ြက္တစ္ ႐ြက္ ျဖင့္ ေရးၿပီးေခါင္းအုံးေအာက္ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။အိမ္တြင္ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္နံသင့္ပန္း ကိုပန္းအိုးတစ္အိုးျဖင့္ သက္သက္ထိုးကာဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ယခုတစ္ပတ္လုံးဘုရားအား ေရသပၸါယ္ျခင္း၊ ေစတီ ရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းမ်ား ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား။ ။ေစတီမ်ားတြင္ ေညာင္ေထာက္ ေပးျခင္း၊ ပန္းေျခာက္ မ်ားရွင္းေပးျခင္း ျပဳလုပ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ထီဆိုင္တြင္ စေနနံအကၡရာျဖင့္ ၂/၇/၉ ဂဏန္းမ်ားမ်ား ပါေသာ ထီကိုထိုးပါ။