【 ဗေဒင် 】တနင်္လာသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

 ဒီကာလမှာမထင်မှတ်ဘဲအလှူအတန်းတွေ၊ဘာသာရေးအလုပ်တွေ ဘုရားဖူးခရီးတွေ သွားရကိန်း ရှိပါတယ်။ လုပ်စရာကိစ္စတွေ၊ လုပ်စရာ အလုပ်တွေများနေလို့ လူပမ်းစိတ်ပမ်းရမယ့် အချိန်ကာလပါဖြစ်ပေမယ့် ငွေကံကောင်းနေလို့ သင့်ပျော်နေရမယ့် အချိန်လည်းဖြစ်နေတတ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေနဲ့ တွေ့ကြုံခင်မင်ရကိန်းရှိသလို  ငွေချေးငှားသူတွေ ရှိနေတတ် ပါတယ်။ သင့်အတွက် ဒီတစ်ပတ်မှာ ပညာရေး၊ လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင် တာက ဗုဒ္ဓဟူးသားသမီးတွေပါ။ ဒီကာလ အတွင်း စပ်တူကိစ္စတွေ ၊လူမျိုးခြားနဲ့ လုပ်ကိုင်ရတဲ့ အလုပ်တွေ စာချုပ်စာတမ်းအလုပ်တွေ အကျိုးပေးတတ်ပါ တယ်။ ဒါပေမယ့် လက်အောက်ငယ်သားတွေ၊ ကိုယ့်အောက်က မောင်ငယ်၊ညီမငယ်တွေကြောင့်

စိတ်ညစ်ရတတ်ပါတယ်။ ရေလုပ်ငန်း၊ရွှေငွေရတနာ လုပ်ငန်းတွေ၊စက်ပစ္စည်းရောင်းဝယ်တဲ့လုပ်ငန်းတွေကောင်းပါတယ်။ကျန်းမာရေးက သိပ်အကောင်းကြီးမဟုတ်ဘဲ နှလုံး၊လေနာ ရောဂါတွေ ဖြစ်တတ်ပါတယ်။ ပညာရေးကတော့ ကောင်းပါတယ်။ တတ်ချင်တဲ့ သင်တန်းတွေ တက်ရတတ်ပါတယ်။ အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်အပေါ် စကားအသာရအောင်ပြောရင်း မာန ပြိုင်တတ်ပါတယ်။ချစ်သူများမတင်မကျကိစ္စတွေကြောင့်တစ်ယောက်နဲ့ တစ်ယောက် သံသယရှိနေပါလိမ့်မယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ယခုတပတ်လုံးပန်းပေါင်းစုံဖြင့် ကပ်လှူ ပူဇော်ကာ နံနက်တိုင်းပဋ္ဌာန်းရွတ်ဆိုပေးပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ နေအိမ်သို့ ဆွမ်းခံကြွသည့် သံဃာတော် များကိုထီး/ဖိနပ် ကပ်လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။စေတီပုထိုးများ၏ ဗုဒ္ဒဟူးထောင့်တွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်ထောင်ဘက်/ ချစ်သူနှစ်ဦး၏ နေသင့် နံသင့်ပန်းကို ဘုရားပန်းအိုး တစ်အိုး သပ်သပ်ထိုးကာဘုရားအား ယခုတစ်ပတ်လုံးပူဇော်ပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ ယခုတစ်ပတ်လုံးသရဏဂုံ ၃ ပါးကိုနံနက် မျက်နှာသစ်တိုင်း ရွတ်ဖတ်ပူဇော်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။  ။ အနီးအနားရှိသက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။  ။ ဗုဒ္ဓဟူးနံဖြင့်စသည့် ထီဆိုင်တွင် ၂ အစ ၄အဆုံးထီလက်မှတ်ကိုထိုးပေးပါ။

(  Zawgyi  )

  ဒီကာလမွာမထင္မွတ္ဘဲအလႉအတန္းေတြ၊ဘာသာေရးအလုပ္ေတြ ဘုရားဖူးခရီးေတြ သြားရကိန္း ရွိပါတယ္။ လုပ္စရာကိစၥေတြ၊ လုပ္စရာ အလုပ္ေတြမ်ားေနလို႔ လူပမ္းစိတ္ပမ္းရမယ့္ အခ်ိန္ကာလပါျဖစ္ေပမယ့္ ေငြကံေကာင္းေနလို႔ သင့္ေပ်ာ္ေနရမယ့္ အခ်ိန္လည္းျဖစ္ေနတတ္ပါတယ္။ မိတ္ေကာင္းေဆြေကာင္းေတြနဲ႔ ေတြ႕ႀကဳံခင္မင္ရကိန္းရွိသလို  ေငြေခ်းငွားသူေတြ ရွိေနတတ္ ပါတယ္။ သင့္အတြက္ ဒီတစ္ပတ္မွာ ပညာေရး၊ လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္ တာက ဗုဒၶဟူးသားသမီးေတြပါ။ ဒီကာလ အတြင္း စပ္တူကိစၥေတြ ၊လူမ်ိဳးျခားနဲ႔ လုပ္ကိုင္ရတဲ့ အလုပ္ေတြ စာခ်ဳပ္စာတမ္းအလုပ္ေတြ အက်ိဳးေပးတတ္ပါ တယ္။ ဒါေပမယ့္ လက္ေအာက္ငယ္သားေတြ၊ ကိုယ့္ေအာက္က ေမာင္ငယ္၊ညီမငယ္ေတြေၾကာင့္

စိတ္ညစ္ရတတ္ပါတယ္။ ေရလုပ္ငန္း၊ေ႐ႊေငြရတနာ လုပ္ငန္းေတြ၊စက္ပစၥည္းေရာင္းဝယ္တဲ့လုပ္ငန္းေတြေကာင္းပါတယ္။က်န္းမာေရးက သိပ္အေကာင္းႀကီးမဟုတ္ဘဲ ႏွလုံး၊ေလနာ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ ပညာေရးကေတာ့ ေကာင္းပါတယ္။ တတ္ခ်င္တဲ့ သင္တန္းေတြ တက္ရတတ္ပါတယ္။ အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္အေပၚ စကားအသာရေအာင္ေျပာရင္း မာန ၿပိဳင္တတ္ပါတယ္။ခ်စ္သူမ်ားမတင္မက်ကိစၥေတြေၾကာင့္တစ္ေယာက္နဲ႔ တစ္ေယာက္ သံသယရွိေနပါလိမ့္မယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အား ယခုတပတ္လုံးပန္းေပါင္းစုံျဖင့္ ကပ္လႉ ပူေဇာ္ကာ နံနက္တိုင္းပ႒ာန္း႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ေနအိမ္သို႔ ဆြမ္းခံႂကြသည့္ သံဃာေတာ္ မ်ားကိုထီး/ဖိနပ္ ကပ္လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ေစတီပုထိုးမ်ား၏ ဗုဒၵဟူးေထာင့္တြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကို ႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္ေထာင္ဘက္/ ခ်စ္သူႏွစ္ဦး၏ ေနသင့္ နံသင့္ပန္းကို ဘုရားပန္းအိုး တစ္အိုး သပ္သပ္ထိုးကာဘုရားအား ယခုတစ္ပတ္လုံးပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ ယခုတစ္ပတ္လုံးသရဏဂုံ ၃ ပါးကိုနံနက္ မ်က္ႏွာသစ္တိုင္း ႐ြတ္ဖတ္ပူေဇာ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။  ။ အနီးအနားရွိသက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ ဗုဒၶဟူးနံျဖင့္စသည့္ ထီဆိုင္တြင္ ၂ အစ ၄အဆုံးထီလက္မွတ္ကိုထိုးေပးပါ။