【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ်လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် ကြာသပတေး သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း သင့်ကံဇာ တာက အဖက်ဖက်ကပွင့်လန်း နေပါလိမ့်မယ်။ လုပ်ငန်းခွင်မှာ စိတ်ပင်ပန်းစရာတွေ ရှိတတ်ပေမယ့် လုပ်ငန်းတွေကိုအရှိန်မြင့် လုပ်ကိုင်သင့်တဲ့ အချိန်အခါပါ။ ခရီးစဉ်တွေ ပေါ်လာ တတ်သလိုမိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီရတတ်ပါတယ်။ ဒါပေမယ့် မိမိထက်ကြီးကဲသူတွေက အထင် လွဲတတ် တာတွေ ဖြစ်တတ်ပါတယ်။ သူတပါး ကိစ္စမှာ ဝင်မပါတာ အကောင်းဆုံးပါ။ ခရီးသွားလုပ်ငန်းတွေ၊ အိမ်ဆောက် ပစ္စည်း ရောင်းဝယ်သူတွေ၊ သီးနှံကုန်သည်တွေ လျှပ်စစ်ပစ္စည်း ရောင်းဝယ်သူတွေ အလုပ်ကောင်းတဲ့ ကာလရောက်နေပြီး စာချုပ်စာတမ်းနဲ့ လုပ်ကိုင်ရတဲ့ အိမ်ခြံမြေ လုပ်ငန်းတွေ၊စပ်တူအစုရှယ်ယာ လုပ်ငန်းတွေ ခဏရှောင်ထားသင့်ပါတယ်။ ပညာရေး ကံကောင်း နေပေမယ့် စိတ်ကမတည်ငြိမ်တတ်လို့ အခြေအနေကောင်းကို လက်လွတ် တတ်ပါတယ်။ ကျန်းမာရေးကတော့ ဆီး၊မျက်စိ၊အစာအိမ်စတဲ့ အသုံးများတဲ့ ကိုယ်အင်္ဂါ နေရာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ ချစ်သူရည်းစားတွေ စကားအပြော အဆို ကြောင့် အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအားယခုတစ်ပတ် ကြာသပတေး နံပန်းပေါင်းစုံဖြင့်  ပူဇော်ပြီး ဒိဝါတပတိဂါထာ ပုတီးစိပ်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ကိုယ်နှင့်နီးရာစေတီတစ်ဆူသို့ သွား၍ အဓိဋ္ဌာန် ပြုကာတ ဟိ့ ံတဟိ့ ့ ဂါထာကိုသက်စေ့ ရွတ်ဆိုပူဇော်ပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားသွား၍ ကိုယ့်နေနံထောင့်ရှိ ဘုရားအား ကြာသပတေးနံ ပန်းကပ် လှူကာရေသပ္ပယ်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။ အိမ်ထဲကပုလင်းခွံ၊ဗူးခွံအကွဲတွေ မှန်အကွဲတွေ မထားပါနှင့်။

လူမှုရေးအတိုက်အခံများသူများ။      ။ နံနက်စောစောထကာ လမ်းကိုနိုင်သလောက် ရေဖြန်းကာ တံမြက်စည်း လှည်း၍ မေတ္တာသုတ်ရွတ်ဆိုပါ။

ကျန်းမာရေးမကောင်းသူများ ။      ။ လမ်းထဲကျန်းမာရေး ချို့တဲ့သည့် သက်ကြီးရွယ်အို များကို ဆေးဝါးဓာတ်စာ ကုသိုလ်ပြုပေးပါ။

ထီကံကောင်းလိုသူများ။  ။အိမ်ရှေ့လာသည့် ထီဆိုင်မှ ၂ အစ ၅ အဆုံးထီလက်မှတ်ကို ထိုးပါ။

(  Zawgyi  )

 ယခုတစ္ပတ္လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ၾကာသပေတး သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း သင့္ကံဇာ တာက အဖက္ဖက္ကပြင့္လန္း ေနပါလိမ့္မယ္။ လုပ္ငန္းခြင္မွာ စိတ္ပင္ပန္းစရာေတြ ရွိတတ္ေပမယ့္ လုပ္ငန္းေတြကိုအရွိန္ျမင့္ လုပ္ကိုင္သင့္တဲ့ အခ်ိန္အခါပါ။ ခရီးစဥ္ေတြ ေပၚလာ တတ္သလိုမိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီရတတ္ပါတယ္။ ဒါေပမယ့္ မိမိထက္ႀကီးကဲသူေတြက အထင္ လြဲတတ္ တာေတြ ျဖစ္တတ္ပါတယ္။ သူတပါး ကိစၥမွာ ဝင္မပါတာ အေကာင္းဆုံးပါ။ ခရီးသြားလုပ္ငန္းေတြ၊ အိမ္ေဆာက္ ပစၥည္း ေရာင္းဝယ္သူေတြ၊ သီးႏွံကုန္သည္ေတြ လွ်ပ္စစ္ပစၥည္း ေရာင္းဝယ္သူေတြ အလုပ္ေကာင္းတဲ့ ကာလေရာက္ေနၿပီး စာခ်ဳပ္စာတမ္းနဲ႔ လုပ္ကိုင္ရတဲ့ အိမ္ၿခံေျမ လုပ္ငန္းေတြ၊စပ္တူအစုရွယ္ယာ လုပ္ငန္းေတြ ခဏေရွာင္ထားသင့္ပါတယ္။ ပညာေရး ကံေကာင္း ေနေပမယ့္ စိတ္ကမတည္ၿငိမ္တတ္လို႔ အေျခအေနေကာင္းကို လက္လြတ္ တတ္ပါတယ္။ က်န္းမာေရးကေတာ့ ဆီး၊မ်က္စိ၊အစာအိမ္စတဲ့ အသုံးမ်ားတဲ့ ကိုယ္အဂၤါ ေနရာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ ခ်စ္သူရည္းစားေတြ စကားအေျပာ အဆို ေၾကာင့္ အဆင္မေျပမႈေတြ ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအားယခုတစ္ပတ္ ၾကာသပေတး နံပန္းေပါင္းစုံျဖင့္  ပူေဇာ္ၿပီး ဒိဝါတပတိဂါထာ ပုတီးစိပ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ကိုယ္ႏွင့္နီးရာေစတီတစ္ဆူသို႔ သြား၍ အဓိ႒ာန္ ျပဳကာတ ဟိ့ ံတဟိ့ ့ ဂါထာကိုသက္ေစ့ ႐ြတ္ဆိုပူေဇာ္ပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားသြား၍ ကိုယ့္ေနနံေထာင့္ရွိ ဘုရားအား ၾကာသပေတးနံ ပန္းကပ္ လႉကာေရသပၸယ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။   ။ အိမ္ထဲကပုလင္းခြံ၊ဗူးခြံအကြဲေတြ မွန္အကြဲေတြ မထားပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။      ။ နံနက္ေစာေစာထကာ လမ္းကိုႏိုင္သေလာက္ ေရျဖန္းကာ တံျမက္စည္း လွည္း၍ ေမတၱာသုတ္႐ြတ္ဆိုပါ။

က်န္းမာေရးမေကာင္းသူမ်ား ။      ။ လမ္းထဲက်န္းမာေရး ခ်ိဳ႕တဲ့သည့္ သက္ႀကီး႐ြယ္အို မ်ားကို ေဆးဝါးဓာတ္စာ ကုသိုလ္ျပဳေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။အိမ္ေရွ႕လာသည့္ ထီဆိုင္မွ ၂ အစ ၅ အဆုံးထီလက္မွတ္ကို ထိုးပါ။