【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး၊ပညာရေးကိစ္စတွေမှာ အောင်မြင် လိုပါက တနင်္ဂနွေသားသမီး များနှင့် တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ ယခုရက်ပိုင်းအတွင်းအဖက်ဖက်ကအခွင့်အလမ်းကောင်းတွေ ပေါ်တတ်ပါ တယ်။ ငွေကြေးကံကောင်းနေသလို ရပေါက်ရလမ်းတွေ ပေါ်လာရှိနေပါတယ်။ ဒီကာလမှာ စာချုပ်စာ တမ်းကိစ္စ တွေ၊ စပ်တူရှယ်ယာအလုပ်တွေ အခက်အခဲရှိတတ်သလို အလိမ်ခံရကိန်း ရှိနေပါတယ်။အိမ်ခြံမြေလုပ်ငန်းသမား တွေ၊ ဆောက်လုပ်ရေး လုပ်ငန်း ရှင်တွေ အလုပ်အကိုင်ကောင်းတဲ့ကာလဖြစ်ပြီး ခရီးသွား လုပ်ငန်းတွေ သတိ ထားလုပ်ကိုင်ရမယ့် ကာလပါ။ ဘာကိစ္စမဆို အထစ် အငေါ့ အနှောက်အယှက်များနေရင် မနက်စောစောဘုရား ကိုသောက်တော်ရေချမ်းကပ်လှူပေးပါ။ ရေ လမ်း ခရီးရှောင်ပါ။ လက်ရှိအလုပ်အကိုင်ကနေမပြောင်းသင့် သေး ပါဘူး။ဝန်ထမ်းတွေ အထက်လူကြီးက နှစ်ခြိုက်နေတတ်ပါတယ်။ ကျန်းမာရေးကတော့ ခြေလက်ကိုယ်အင်္ဂါ တွေမှာ အသေးစားတွေ ထိခိုက်ရှနာတွေ ဖြစ်တတ်ပါတယ်။ ပညာသင်နေတဲ့ သူတွေတဲ့ ပညာရည်မှန်းချက် ပြည်စုံပါမယ်။ နိုင်ငံခြားပညာတော်သင် သွားရကိန်းရှိပါတယ်။ အိမ်ထောင်ရှင်များ ဒီရက်ပိုင်းပူပန်ရကိန်း မြင်ပြီး ၊ ချစ်သူတွေကြား သတင်းကောင်းစကား ကြားရတတ်ပါတယ်။

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။      ။ဘုရားအားယခု တစ်ပတ်အတွင်း အုန်းထမင်းကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ သံဃာတော်များကို နံနက်စောစော အာရုံဆွမ်းကပ်လှူပူဇော်ပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။    ။အောင်ဘွဲ့အမည်ပါ ဘုရားစေတီတွင် ဒိဝါတပတိဂါထာအား  ရွတ်ဆိုပူဇော်ကာ အဓိဋ္ဌာန်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။    ။အိမ်ထောင်ရှင်နှစ်ဦးနေနံပါသည့် ပန်းကို အိုးတစ်လုံးဖြင့် သပ်သပ်ထိုးကာ ယခု တစ်ပတ်လုံးဘုရားပူဇော်ပေးပါ။

လူမှုရေးအတိုက်အခံများသူများ။     ။ စေတီ၊ပုထိုးများသို့ မကြာခဏ နံနက်စောစောသွားကာ သန့်ရှင်းရေး နိုင်သလောက် လုပ်ဆောင်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။    ။ ရပ်ထဲရွာထဲ နွမ်းပါးသူ ကိုယ်ဝန်ဆောင်များကို ငွေကြေးထောက်ပံပေးပါ။

ထီကံကောင်းလိုသူများ။    ။ လက်ပွေ့ရောင်းသူ ၊ထီဆိုင်မှ ပထမဆုံး ထုတ်ပေးသည့် ထီလက်မှတ်ကိုထိုးပါ။

(  Zawgyi  )

 ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး၊ပညာေရးကိစၥေတြမွာ ေအာင္ျမင္ လိုပါက တနဂၤေႏြသားသမီး မ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ ယခုရက္ပိုင္းအတြင္းအဖက္ဖက္ကအခြင့္အလမ္းေကာင္းေတြ ေပၚတတ္ပါ တယ္။ ေငြေၾကးကံေကာင္းေနသလို ရေပါက္ရလမ္းေတြ ေပၚလာရွိေနပါတယ္။ ဒီကာလမွာ စာခ်ဳပ္စာ တမ္းကိစၥ ေတြ၊ စပ္တူရွယ္ယာအလုပ္ေတြ အခက္အခဲရွိတတ္သလို အလိမ္ခံရကိန္း ရွိေနပါတယ္။အိမ္ၿခံေျမလုပ္ငန္းသမား ေတြ၊ ေဆာက္လုပ္ေရး လုပ္ငန္း ရွင္ေတြ အလုပ္အကိုင္ေကာင္းတဲ့ကာလျဖစ္ၿပီး ခရီးသြား လုပ္ငန္းေတြ သတိ ထားလုပ္ကိုင္ရမယ့္ ကာလပါ။ ဘာကိစၥမဆို အထစ္ အေငါ့ အေႏွာက္အယွက္မ်ားေနရင္ မနက္ေစာေစာဘုရား ကိုေသာက္ေတာ္ေရခ်မ္းကပ္လႉေပးပါ။ ေရ လမ္း ခရီးေရွာင္ပါ။ လက္ရွိအလုပ္အကိုင္ကေနမေျပာင္းသင့္ ေသး ပါဘူး။ဝန္ထမ္းေတြ အထက္လူႀကီးက ႏွစ္ၿခိဳက္ေနတတ္ပါတယ္။ က်န္းမာေရးကေတာ့ ေျခလက္ကိုယ္အဂၤါ ေတြမွာ အေသးစားေတြ ထိခိုက္ရွနာေတြ ျဖစ္တတ္ပါတယ္။ ပညာသင္ေနတဲ့ သူေတြတဲ့ ပညာရည္မွန္းခ်က္ ျပည္စုံပါမယ္။ ႏိုင္ငံျခားပညာေတာ္သင္ သြားရကိန္းရွိပါတယ္။ အိမ္ေထာင္ရွင္မ်ား ဒီရက္ပိုင္းပူပန္ရကိန္း ျမင္ၿပီး ၊ ခ်စ္သူေတြၾကား သတင္းေကာင္းစကား ၾကားရတတ္ပါတယ္။

 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။      ။ဘုရားအားယခု တစ္ပတ္အတြင္း အုန္းထမင္းကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ သံဃာေတာ္မ်ားကို နံနက္ေစာေစာ အာ႐ုံဆြမ္းကပ္လႉပူေဇာ္ပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။    ။ေအာင္ဘြဲ႕အမည္ပါ ဘုရားေစတီတြင္ ဒိဝါတပတိဂါထာအား  ႐ြတ္ဆိုပူေဇာ္ကာ အဓိ႒ာန္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။    ။အိမ္ေထာင္ရွင္ႏွစ္ဦးေနနံပါသည့္ ပန္းကို အိုးတစ္လုံးျဖင့္ သပ္သပ္ထိုးကာ ယခု တစ္ပတ္လုံးဘုရားပူေဇာ္ေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။     ။ ေစတီ၊ပုထိုးမ်ားသို႔ မၾကာခဏ နံနက္ေစာေစာသြားကာ သန႔္ရွင္းေရး ႏိုင္သေလာက္ လုပ္ေဆာင္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။    ။ ရပ္ထဲ႐ြာထဲ ႏြမ္းပါးသူ ကိုယ္ဝန္ေဆာင္မ်ားကို ေငြေၾကးေထာက္ပံေပးပါ။

ထီကံေကာင္းလိုသူမ်ား။    ။ လက္ေပြ႕ေရာင္းသူ ၊ထီဆိုင္မွ ပထမဆုံး ထုတ္ေပးသည့္ ထီလက္မွတ္ကိုထိုးပါ။