【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

 ယခုတစ်ပတ်လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသော ကိစ္စများအတွက် စနေသား သမီးများ နှင့်တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်းပညာရေး၊ဘာသာရေးကံကောင်းနေတတ်သလိုငွေကံလည်း ကောင်းနေတတ်ပါတယ်။မရတော့ဘူးလို့ ထင်ထား တဲ့ ငွေကြေးတွေ ပြန်ရတတ်ပါတယ်။လုပ်ငန်းသစ်တွေ တိုးချဲ့တာ ဒီကာလမှာကောင်းပါတယ်။ ဘုရားဖူးခရီးတွေ ထွက်ရတတ်ပါတယ်။ မိတ်ကောင်းဆွေကောင်းတွေကြောင့် ခက်မယ်ထင်တဲ့ အလုပ်တွေ လွယ်ကူချောမွေ့လာပါလိမ့်မယ်။ ဒီရက်ပိုင်းရှောင် သင့်တာကသူများ အိမ်တွင်းအပူတွေကိုယ်နားလာပြောရင် ရှောင်ထွက်သွားသင့်ပါ တယ်။ လူမှုရေးအတိုက်အခိုက် တွေပေါ်တတ်လို့ နုတ်ချိုဖို့ လိုပါ တယ်။ အိမ်ဝယ်မြေဝယ်လုပ်ငန်းတွေစပ်တူလုပ်ငန်းတွေအောင်မြင်မှု မရနိုင်သေးပါဘူး။ ကျန်းမာရေးကောင်းပေမယ့် အပူအစပ် အစာတွေကြောင့် ဒုက္ခများတတ်ပါတယ်။ ပညာသင်နေတဲ့သူတွေတဲ့ ပညာ ကံကောင်းဖို့ သံဃာတော်တွေကိုစာအုပ်စာတမ်းတွေ လှူဒါန်းပေးပါ။ ရည်မှန်းချက် ပြည့်စုံပါမယ်။ အိမ်ထောင်ရှင်များချစ်သူတွေကတော့ တခဏစိတ်ညစ်စရာ ကာလတွေပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားရှင်အား ခုနှစ် ရက်လုံးဘုရားပန်းမညှိုးအောင် ကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ။   ။ကိုယ်သွားမည့်နိုင်ငံအမည်၏ နေနံပန်း ကိုဘုရားတွင်ပန်းထိုးကာ လိုရာ ဆုတောင်းပါလေ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။    ။အိမ်ထောင်ရှင်နှစ်ဦး၏ ဓာတ်ပုံကိုဓာတ်ဘူးအသစ်ထဲထည့်ကာ ဘုရားစင်အောက်တွင် ထားပါ။

 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။    ။ရွှေရောင် ပစ္စည်း များ၊လက်ဝတ်ရတနာများ ဒီတစ်ပတ် မဝတ်ပါနှင့်။ တခြား သူများ အိမ်သို့ လက်ဆောင်ပေးရန်ယူလာပါကလည်းလက်မခံပါနှင့်။

 
လူမှုရေးအတိုက်အခံများသူများ။    ။ဘုရား၊ကျောင်း၊စေတီများတွင် မေတ္တာသုတ်ရွတ်ဆိုကာ သန့်ရှင်းရေးလုပ်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။  ။ရပ်ထဲရွာထဲမှ သက်ကြီးရွယ်အို များကိုဆေးဝါးအာဟာရ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။  ။ထီဆိုင်တွင် ၂/၇/၉ ဂဏန်း များ ပါသော ထီလက်မှတ်ကိုထိုးပေးပါ။

(  Zawgyi  )

  ယခုတစ္ပတ္လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ စေနသား သမီးမ်ား ႏွင့္တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္းပညာေရး၊ဘာသာေရးကံေကာင္းေနတတ္သလိုေငြကံလည္း ေကာင္းေနတတ္ပါတယ္။မရေတာ့ဘူးလို႔ ထင္ထား တဲ့ ေငြေၾကးေတြ ျပန္ရတတ္ပါတယ္။လုပ္ငန္းသစ္ေတြ တိုးခ်ဲ႕တာ ဒီကာလမွာေကာင္းပါတယ္။ ဘုရားဖူးခရီးေတြ ထြက္ရတတ္ပါတယ္။ မိတ္ေကာင္းေဆြေကာင္းေတြေၾကာင့္ ခက္မယ္ထင္တဲ့ အလုပ္ေတြ လြယ္ကူေခ်ာေမြ႕လာပါလိမ့္မယ္။ ဒီရက္ပိုင္းေရွာင္ သင့္တာကသူမ်ား အိမ္တြင္းအပူေတြကိုယ္နားလာေျပာရင္ ေရွာင္ထြက္သြားသင့္ပါ တယ္။ လူမႈေရးအတိုက္အခိုက္ ေတြေပၚတတ္လို႔ ႏုတ္ခ်ိဳဖို႔ လိုပါ တယ္။ အိမ္ဝယ္ေျမဝယ္လုပ္ငန္းေတြစပ္တူလုပ္ငန္းေတြေအာင္ျမင္မႈ မရႏိုင္ေသးပါဘူး။ က်န္းမာေရးေကာင္းေပမယ့္ အပူအစပ္ အစာေတြေၾကာင့္ ဒုကၡမ်ားတတ္ပါတယ္။ ပညာသင္ေနတဲ့သူေတြတဲ့ ပညာ ကံေကာင္းဖို႔ သံဃာေတာ္ေတြကိုစာအုပ္စာတမ္းေတြ လႉဒါန္းေပးပါ။ ရည္မွန္းခ်က္ ျပည့္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ားခ်စ္သူေတြကေတာ့ တခဏစိတ္ညစ္စရာ ကာလေတြပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားရွင္အား ခုႏွစ္ ရက္လုံးဘုရားပန္းမညႇိဳးေအာင္ ကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား။   ။ကိုယ္သြားမည့္ႏိုင္ငံအမည္၏ ေနနံပန္း ကိုဘုရားတြင္ပန္းထိုးကာ လိုရာ ဆုေတာင္းပါေလ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။    ။အိမ္ေထာင္ရွင္ႏွစ္ဦး၏ ဓာတ္ပုံကိုဓာတ္ဘူးအသစ္ထဲထည့္ကာ ဘုရားစင္ေအာက္တြင္ ထားပါ။

 
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။    ။ေ႐ႊေရာင္ ပစၥည္း မ်ား၊လက္ဝတ္ရတနာမ်ား ဒီတစ္ပတ္ မဝတ္ပါႏွင့္။ တျခား သူမ်ား အိမ္သို႔ လက္ေဆာင္ေပးရန္ယူလာပါကလည္းလက္မခံပါႏွင့္။

 
လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ဘုရား၊ေက်ာင္း၊ေစတီမ်ားတြင္ ေမတၱာသုတ္႐ြတ္ဆိုကာ သန႔္ရွင္းေရးလုပ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။  ။ရပ္ထဲ႐ြာထဲမွ သက္ႀကီး႐ြယ္အို မ်ားကိုေဆးဝါးအာဟာရ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ထီဆိုင္တြင္ ၂/၇/၉ ဂဏန္း မ်ား ပါေသာ ထီလက္မွတ္ကိုထိုးေပးပါ။