【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

 ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် တနင်္လာသား သမီး များနှင့်သာ တိုင်ပင်ဆောင်ရွက် ပါ။ယခုရက်ပိုင်းအတွင်းပြဿနာတွေများနေတတ်လို့ သင်စိတ်ရှုပ်ရ တဲ့ အချိန် အခါပါ။ ဆုံးရှုံးခဲ့တဲ့ ရွှေထည်ငွေထည်တွေ၊ အလုပ်အကိုင် အခွင့်အရေးအဟောင်းတွေ ပြန်လာတတ်သလို ရောဂါဟောင်းတွေ လည်း ပြန်ဖြစ်တတ်ပါတယ်။ ထွက်သွားတဲ့ ငွေတွေ ပြန်ဝင်လာဖို့ရှိပြီး ရပ်ဝေးမြေခြားက အကူအညီတွေ ရတတ်ပါတယ်။ မထင်မှတ်ဘဲ ခရီးကောင်းတွေ သွားရတတ်သလို ပြည်ပဘုရားဖူးခရီးစဉ်တွေ ပေါ်ပေါက် တတ်ပါတယ်။ တနင်္လာနံ ကား၊ခရီးသွားလုပ်ငန်း၊ ကွန်ပျူတာဆိုင်၊ ကုန်သည်တွေ အလုပ်ကောင်းပြီး စပ်တူကိစ္စတွေ စာချုပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ ရှောင်သင့်တဲ့ အချိန်ပါ။ ကျန်းမာရေး ကတော့ အစားစားချိန် မမှန်တာကိုဂရုစိုက်သင့်ပါတယ်။ ပညာ ကံကောင်းပြီး ဝန်ထမ်းများ လုပ်ငန်းခွင့်အတွင်း ရာထူးတိုးစာမေးပွဲ အောင်ကိန်းရှိပါတယ်။ အိမ်ထောင်ရှင်များ ထင်သလောက် ချစ်ခရီး လမ်းပေါက်နေပေမယ့် ချစ်သူတွေကတော့ အဆင်မပြေဖြစ် တတ်ပါ တယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ယခုတစ်လလုံး ငွေပန်းဖြင့် အိမ်ရှိ ဘုရားအား ပူဇော်ကာ လိုရာဆုတောင်းပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ နံနက်စောစောထကာ ရဟန်း သံဃာ များလာသည့် လမ်းကို သန့်ရှင်းရေး လုပ်ပေးပြီး ဆွမ်းလောင်းပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။မိမိနေ့နံအရပ်ရှိ စေတီ ပုထိုး တွင်  အောင်သပြေ ၉ ညွှန် ကို ခရေညွှန်ဖြင့် ကပ်လှူကာ မိမိလျှောက်ထားသည့်အလုပ်ရပါစေဟု အာရုံပြု ဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။မိုးလင်းနှင့်မိုးချုပ်(သို့မဟုတ်) အပြင်ထွက်တိုင်း မိမိအိမ်ထောက်ဘက်၊ ချစ်သူ အပေါ် စိတ်ကောင်းမွေးကာ မေတ္တာသုတ် ရွတ်ဆိုပေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။မိုးလင်း၊မိုးချုပ် နေ့စဉ် အရဟံ ဂုဏ်တော် ကိုသတိရတိုင်းရွတ်ဆိုပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ဘုရားတွင် ရွှေသင်္ကန်းကပ်ပါ။ ထုံးသင်္ကန်းကပ်လှူပေးပါ။

ထီကံကောင်းလိုသူများ။  ။သွားရင်းလာရင်းတွေ့သည့် ထီဆိုင်တွင် ၂/၈ အပူးပါသည့် ထီလက်မှတ်ကိုရွေးထိုးပါ။ 

(  Zawgyi  )

  ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တနလၤာသား သမီး မ်ားႏွင့္သာ တိုင္ပင္ေဆာင္႐ြက္ ပါ။ယခုရက္ပိုင္းအတြင္းျပႆနာေတြမ်ားေနတတ္လို႔ သင္စိတ္ရႈပ္ရ တဲ့ အခ်ိန္ အခါပါ။ ဆုံးရႈံးခဲ့တဲ့ ေ႐ႊထည္ေငြထည္ေတြ၊ အလုပ္အကိုင္ အခြင့္အေရးအေဟာင္းေတြ ျပန္လာတတ္သလို ေရာဂါေဟာင္းေတြ လည္း ျပန္ျဖစ္တတ္ပါတယ္။ ထြက္သြားတဲ့ ေငြေတြ ျပန္ဝင္လာဖို႔ရွိၿပီး ရပ္ေဝးေျမျခားက အကူအညီေတြ ရတတ္ပါတယ္။ မထင္မွတ္ဘဲ ခရီးေကာင္းေတြ သြားရတတ္သလို ျပည္ပဘုရားဖူးခရီးစဥ္ေတြ ေပၚေပါက္ တတ္ပါတယ္။ တနလၤာနံ ကား၊ခရီးသြားလုပ္ငန္း၊ ကြန္ပ်ဴတာဆိုင္၊ ကုန္သည္ေတြ အလုပ္ေကာင္းၿပီး စပ္တူကိစၥေတြ စာခ်ဳပ္နဲ႔ လုပ္ရတဲ့ လုပ္ငန္းေတြ ေရွာင္သင့္တဲ့ အခ်ိန္ပါ။ က်န္းမာေရး ကေတာ့ အစားစားခ်ိန္ မမွန္တာကိုဂ႐ုစိုက္သင့္ပါတယ္။ ပညာ ကံေကာင္းၿပီး ဝန္ထမ္းမ်ား လုပ္ငန္းခြင့္အတြင္း ရာထူးတိုးစာေမးပြဲ ေအာင္ကိန္းရွိပါတယ္။ အိမ္ေထာင္ရွင္မ်ား ထင္သေလာက္ ခ်စ္ခရီး လမ္းေပါက္ေနေပမယ့္ ခ်စ္သူေတြကေတာ့ အဆင္မေျပျဖစ္ တတ္ပါ တယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ယခုတစ္လလုံး ေငြပန္းျဖင့္ အိမ္ရွိ ဘုရားအား ပူေဇာ္ကာ လိုရာဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ နံနက္ေစာေစာထကာ ရဟန္း သံဃာ မ်ားလာသည့္ လမ္းကို သန႔္ရွင္းေရး လုပ္ေပးၿပီး ဆြမ္းေလာင္းပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။မိမိေန႔နံအရပ္ရွိ ေစတီ ပုထိုး တြင္  ေအာင္သေျပ ၉ ၫႊန္ ကို ခေရၫႊန္ျဖင့္ ကပ္လႉကာ မိမိေလွ်ာက္ထားသည့္အလုပ္ရပါေစဟု အာ႐ုံျပဳ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။မိုးလင္းႏွင့္မိုးခ်ဳပ္(သို႔မဟုတ္) အျပင္ထြက္တိုင္း မိမိအိမ္ေထာက္ဘက္၊ ခ်စ္သူ အေပၚ စိတ္ေကာင္းေမြးကာ ေမတၱာသုတ္ ႐ြတ္ဆိုေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။မိုးလင္း၊မိုးခ်ဳပ္ ေန႔စဥ္ အရဟံ ဂုဏ္ေတာ္ ကိုသတိရတိုင္း႐ြတ္ဆိုပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ဘုရားတြင္ ေ႐ႊသကၤန္းကပ္ပါ။ ထုံးသကၤန္းကပ္လႉေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။သြားရင္းလာရင္းေတြ႕သည့္ ထီဆိုင္တြင္ ၂/၈ အပူးပါသည့္ ထီလက္မွတ္ကိုေ႐ြးထိုးပါ။