【 ဗေဒင် 】တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်သတ္တပတ်က  သင့်အတွက် အညံတွေ လှိုင်လှိုင်ဝေနေတဲ့ ရက်သတ္တပတ်ပါဘဲ။ ကံနိမ့်တဲ့ အခါ ထုံးစံအတိုင်း ဘာလုပ်လုပ် အနှောင့်အယှက်များနေတတ်သလို လုပ်လက်စ အလုပ်မှန်သမျှလည်း ပြဿနာတွေနဲ့ ဝိုင်းနေတတ်ပါတယ်။ အထူးသဖြင့် နေရာသစ် အိမ်သစ်တွေ အလုပ်အကိုင် အသစ်တွေ ကူးတဲ့သူတွေ ဆောက်တဲ့ သူတွေ သတိထားသင့်ပါတယ်။ ဒီတစ်ပတ် သင့်ကို ပညာရေး၊ လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံးအကြံပေးနိုင်တာက ဗုဒ္ဓဟူးသားသမီးတွေပါ။ ကံညံပေမယ့် လက်ရှိ အလုပ်အကိုင်မှာ  ရာထူးတိုးတာတွေ၊ စာမေးပွဲတွေဝင် ဖြေရင်  အောင်တတ်တဲ့ ကာလ ပါဘဲ။ အိမ်ခြံမြေလုပ်ငန်းရှင်တွေ ၊ကြေငြာသမားတွေ ငွေက အဝင်မရှိသလို ငွေထုပ် ပိုက်ပြီး ရှင်းနေရတတ်လို့ သတိထားသင့်တဲ့  အချိန်ကာလပါ။ ဒီကာလအတွင်း စပ်တူ ကိစ္စတွေ၊ အစုရှယ် ယာလုပ်ငန်းတွေ အကျိုးမပေးတတ်ပါဘူး။ ကျန်းမာရေးက ကောင်းနေပေမယ့် ညဘက်အိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ ပညာရေးကတော့ အဖျားရှုးကိန်းရှိနေပါတယ်။ အိမ်ထောင်သည်တွေ ချစ်သူတွေ မကြာခဏ စကားပြော တာ အဆင်မပြေဖြစ်တတ်ပြီး စိတ်ကုန်သလို ဖြစ်တတ်လို့ အလွယ်မဆုံးဖြတ်သင့်ပါဘူး။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအား ယခုတစ်ပတ်လုံး အောင်သပြေပန်းကပ် လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။ ။ ဘုရားရှေ့တွင် ကိုးရက်တိတိ တဟိ့ံတဟိ့ံဂါထာ သက်စေ့ ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ဘုရားရှိ တနင်္ဂနွေထောင့်တွင် ဂုဏ်တော် ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အိမ်ထဲရှိ ဘူးလွတ်၊ကတ်ထူစက္ကူဗူး အလွတ်တွေကို ဖယ်ရှားပါ။သွားတိုက်ဆေးဗူး အလွတ် တောင်မထားပါနဲ့။

လူမှုရေးအတိုက်အခံများသူများ။ ။အရဟံ အစချီ ဂါထာအား ရွတ်ဆိုပါ။ဘုရားတွင် ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များ တွင် အမှိုက်များ ကောက်ခြင်း အား ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ရေသတ္တဝါများကို မကြာခဏ ဘေးမဲ့လွှတ်ပါ။

ထီကံကောင်းလိုသူများ။ ။ လမ်းတွင်တွေ့သည့် တွန်းလှည်း ထီဆိုင်မှ ၁ /၄ ဂဏန်းအပူး လေးတွေ ကောင်းပါတယ်။

(  Zawgyi  )

 

 ယခုရက္သတၱပတ္က  သင့္အတြက္ အညံေတြ လႈိင္လႈိင္ေဝေနတဲ့ ရက္သတၱပတ္ပါဘဲ။ ကံနိမ့္တဲ့ အခါ ထုံးစံအတိုင္း ဘာလုပ္လုပ္ အေႏွာင့္အယွက္မ်ားေနတတ္သလို လုပ္လက္စ အလုပ္မွန္သမွ်လည္း ျပႆနာေတြနဲ႔ ဝိုင္းေနတတ္ပါတယ္။ အထူးသျဖင့္ ေနရာသစ္ အိမ္သစ္ေတြ အလုပ္အကိုင္ အသစ္ေတြ ကူးတဲ့သူေတြ ေဆာက္တဲ့ သူေတြ သတိထားသင့္ပါတယ္။ ဒီတစ္ပတ္ သင့္ကို ပညာေရး၊ လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက ဗုဒၶဟူးသားသမီးေတြပါ။ ကံညံေပမယ့္ လက္ရွိ အလုပ္အကိုင္မွာ  ရာထူးတိုးတာေတြ၊ စာေမးပြဲေတြဝင္ ေျဖရင္  ေအာင္တတ္တဲ့ ကာလ ပါဘဲ။ အိမ္ၿခံေျမလုပ္ငန္းရွင္ေတြ ၊ေၾကျငာသမားေတြ ေငြက အဝင္မရွိသလို ေငြထုပ္ ပိုက္ၿပီး ရွင္းေနရတတ္လို႔ သတိထားသင့္တဲ့  အခ်ိန္ကာလပါ။ ဒီကာလအတြင္း စပ္တူ ကိစၥေတြ၊ အစုရွယ္ ယာလုပ္ငန္းေတြ အက်ိဳးမေပးတတ္ပါဘူး။ က်န္းမာေရးက ေကာင္းေနေပမယ့္ ညဘက္အိပ္မရတာေတြ ျဖစ္တတ္ပါတယ္။ ပညာေရးကေတာ့ အဖ်ားရႈးကိန္းရွိေနပါတယ္။ အိမ္ေထာင္သည္ေတြ ခ်စ္သူေတြ မၾကာခဏ စကားေျပာ တာ အဆင္မေျပျဖစ္တတ္ၿပီး စိတ္ကုန္သလို ျဖစ္တတ္လို႔ အလြယ္မဆုံးျဖတ္သင့္ပါဘူး။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအား ယခုတစ္ပတ္လုံး ေအာင္သေျပပန္းကပ္ လႉကာ ရွင္သီဝလီဂါထာကို သက္ေစ့ ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ဘုရားေရွ႕တြင္ ကိုးရက္တိတိ တဟိ့ံတဟိ့ံဂါထာ သက္ေစ့ ႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ဘုရားရွိ တနဂၤေႏြေထာင့္တြင္ ဂုဏ္ေတာ္ ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အိမ္ထဲရွိ ဘူးလြတ္၊ကတ္ထူစကၠဴဗူး အလြတ္ေတြကို ဖယ္ရွားပါ။သြားတိုက္ေဆးဗူး အလြတ္ ေတာင္မထားပါနဲ႔။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။အရဟံ အစခ်ီ ဂါထာအား ႐ြတ္ဆိုပါ။ဘုရားတြင္ ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ား တြင္ အမႈိက္မ်ား ေကာက္ျခင္း အား ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေရသတၱဝါမ်ားကို မၾကာခဏ ေဘးမဲ့လႊတ္ပါ။

ထီကံေကာင္းလိုသူမ်ား။ ။ လမ္းတြင္ေတြ႕သည့္ တြန္းလွည္း ထီဆိုင္မွ ၁ /၄ ဂဏန္းအပူး ေလးေတြ ေကာင္းပါတယ္။