【 ဗေဒင် 】တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း ရပ်ဝေးခရီး သွားရကိန်းရှိပါတယ်။လူမျိုးခြားနဲ့ တွဲလုပ်တဲ့ အလုပ်တွေ၊ လုပ်ငန်းတွေ ကောင်းတတ်ပါတယ်။ငွေကံကောင်းနေတတ်ပေမယ့် အကုန်အကျကတော့ များနေတတ်ပါတယ်။ဒီရက်ပိုင်း မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေ ကြုံရတတ်ပါတယ်။မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့၏ သတင်းကောင်း ကြားရတတ်ပါသည်။အိမ်တွင်းရေး သာယာမှုရှိပေမယ့် နှစ်ဘက်ဆွေမျိုးတွေကြောင့် စကားများကိန်းရှိပါတယ်။ကား၊ ကျောက်မျက်ရတနာ၊ စက်ပစ္စည်း အလုပ် လုပ်ကိုင်သူတွေ ကောင်းပြီး အိမ်ခြံမြေနဲ့ အစုရှယ်ယာလုပ်သူတွေ သတိထားသင့်တဲ့ ကာလပါ။ဒီရက်ပိုင်း ကျန်းမာရေးကောင်းနေပေမယ့် ဝမ်း၊ ဆီး၊ အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာသင်နေတဲ့သူတွေတဲ့ ပညာရေးကံကတော့ အကောင်းဘက်မှာ ရှိနေပါတယ်။ဝန်ထမ်းများလုပ်ငန်းခွင် စာမေးပွဲဖြေဆိုထားပါက ရည်မှန်းချက်ပြည့်ပါလိမ့်မယ်။အိမ်ထောင်ရှင်များ ယခင်ဇာတ်လမ်းဟောင်းတွေကြောင့် စိတ်ကသိကအောက်ဖြစ်စရာ တွေ့တတ်ပါတယ်။ငယ်ရွယ်သူများ ကြားလူကြောင့် ဇာတ်ရှုပ်ဖွယ်ရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ်အတွင်း ကြာဇံကျော် ဆွမ်းကပ်ကာ မွေးနေ့ရက်တွင် ဒီဝါတပတိဂါထာ ကိုးခေါက်ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။    ။ နံနက်စောစောထကာ ဆွမ်းခံကြွလာသည့် ရဟန်းသံဃာကို ဆွမ်းအပြည့်လောင်းကာ လိုရာဆုတောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ရွှေတိဂုံဘုရား အောင်မြေတွင် အဓိဋ္ဌာန်ပြုပြီး တနင်္လာထောင့် အရပ်ရှိ ဘုရားအား အောင်သပြေ ၉ ညွှန့် ကပ်လှူဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။    ။ မိုးလင်းမိုးချုပ် မေတ္တာသုတ် ရွတ်ဆိုကာ သက်ဆိုင်သူကို မေတ္တာပို့နေပါ။ချစ်သူနှင့် သွားတွေ့သည့်အခါတိုင်း မေတ္တာပို့ပြီးမှ သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ လမ်းထဲတွင် နံနက်စောစောထကာ ရေလောင်းအမှိုက်ရှင်းပါ။အမှိုက်ရှင်းနေစဉ် စေတနာပါပါဖြင့် ပြီးမြောက်အောင် လုပ်ဆောင်ပါ။

ကျန်းမာရေးမကောင်းသူများ ။    ။ ခို၊ ကျီး၊ ခွေး စသည့် လူမုန်းသည့် သတ္တဝါများကို တကူးတက စေတနာပါပါ အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။    ။ ထီဆိုင်တွင် ၁/၂ အပူးပါသည့် ထီလက်မှတ်ကို ရွေးထိုးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း ရပ္ေဝးခရီး သြားရကိန္းရွိပါတယ္။လူမ်ိဳးျခားနဲ႔ တြဲလုပ္တဲ့ အလုပ္ေတြ၊ လုပ္ငန္းေတြ ေကာင္းတတ္ပါတယ္။ေငြကံေကာင္းေနတတ္ေပမယ့္ အကုန္အက်ကေတာ့ မ်ားေနတတ္ပါတယ္။ဒီရက္ပိုင္း မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြ ႀကဳံရတတ္ပါတယ္။မိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္တို႔၏ သတင္းေကာင္း ၾကားရတတ္ပါသည္။အိမ္တြင္းေရး သာယာမႈရွိေပမယ့္ ႏွစ္ဘက္ေဆြမ်ိဳးေတြေၾကာင့္ စကားမ်ားကိန္းရွိပါတယ္။ကား၊ ေက်ာက္မ်က္ရတနာ၊ စက္ပစၥည္း အလုပ္ လုပ္ကိုင္သူေတြ ေကာင္းၿပီး အိမ္ၿခံေျမနဲ႔ အစုရွယ္ယာလုပ္သူေတြ သတိထားသင့္တဲ့ ကာလပါ။ဒီရက္ပိုင္း က်န္းမာေရးေကာင္းေနေပမယ့္ ဝမ္း၊ ဆီး၊ အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာသင္ေနတဲ့သူေတြတဲ့ ပညာေရးကံကေတာ့ အေကာင္းဘက္မွာ ရွိေနပါတယ္။ဝန္ထမ္းမ်ားလုပ္ငန္းခြင္ စာေမးပြဲေျဖဆိုထားပါက ရည္မွန္းခ်က္ျပည့္ပါလိမ့္မယ္။အိမ္ေထာင္ရွင္မ်ား ယခင္ဇာတ္လမ္းေဟာင္းေတြေၾကာင့္ စိတ္ကသိကေအာက္ျဖစ္စရာ ေတြ႕တတ္ပါတယ္။ငယ္႐ြယ္သူမ်ား ၾကားလူေၾကာင့္ ဇာတ္ရႈပ္ဖြယ္ရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္အတြင္း ၾကာဇံေက်ာ္ ဆြမ္းကပ္ကာ ေမြးေန႔ရက္တြင္ ဒီဝါတပတိဂါထာ ကိုးေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။    ။ နံနက္ေစာေစာထကာ ဆြမ္းခံႂကြလာသည့္ ရဟန္းသံဃာကို ဆြမ္းအျပည့္ေလာင္းကာ လိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ အဓိ႒ာန္ျပဳၿပီး တနလၤာေထာင့္ အရပ္ရွိ ဘုရားအား ေအာင္သေျပ ၉ ၫႊန႔္ ကပ္လႉဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။    ။ မိုးလင္းမိုးခ်ဳပ္ ေမတၱာသုတ္ ႐ြတ္ဆိုကာ သက္ဆိုင္သူကို ေမတၱာပို႔ေနပါ။ခ်စ္သူႏွင့္ သြားေတြ႕သည့္အခါတိုင္း ေမတၱာပို႔ၿပီးမွ သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ လမ္းထဲတြင္ နံနက္ေစာေစာထကာ ေရေလာင္းအမႈိက္ရွင္းပါ။အမႈိက္ရွင္းေနစဥ္ ေစတနာပါပါျဖင့္ ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။    ။ ခို၊ က်ီး၊ ေခြး စသည့္ လူမုန္းသည့္ သတၱဝါမ်ားကို တကူးတက ေစတနာပါပါ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။    ။ ထီဆိုင္တြင္ ၁/၂ အပူးပါသည့္ ထီလက္မွတ္ကို ေ႐ြးထိုးပါ။