【 ဗေဒင် 】တနင်္ဂနွေ သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ယခုရက်ပိုင်းအတွင်း အဖက်ဖက်က အခြေအနေကောင်းတွေ နဲ့ ကံဇာတာပွင့်လမ်းနေပါတယ်။ ငွေကံကောင်း နေတတ်ပါတယ်။ ရပ်ဝေးခရီးတွေ သွားရကိန်းရှိသလို အဝေးမှာရှိတဲ့ မိတ်သင်္ဂါဟတွေရဲ့ အကူအညီကိုရကိန်းရှိပါတယ်။ ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် ကြာသပတေးသားသမီး များနှင့်  တိုင်ပင်ဆောင်ရွက်ပါ။  မိသားစုအတွင်း သတင်းကောင်းကြားရတတ်ပေမယ့် ဆရာသမားတွေ မိတ်ရင်းတွေရဲ့ အထင်မြင်လွဲခြင်းကိုတော့ ခံရကိန်းရှိပါတယ်။  လူမျိုးကွဲနှင့် စပ်တူ ရှယ်ယာအလုပ်များ တွေသိပ်မကောင်းသေးပါဘူး။  ကျန်းမာရေးကတော့  ဝမ်း၊ဆီး၊အာရုံကြော ရောဂါတွေ ဂရုစိုက်သင့်ပါ တယ်။ ပညာသင်နေတဲ့သူတွေတဲ့ ပညာ ရေးကံ အထူးကောင်းပါတယ်။  လုပ်ငန်းခွင် စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက် ပြည်စုံ ပါမယ်။ အိမ်ထောင်ရှင်များ နားလည်မှုလွဲတတ်ပြီး စကားများတာတွေ ဖြစ်တတ်ပါတယ်။ ငယ်ရွယ်သူများအတွက် ဒွိဟ ဖြစ်စရာတွေ ပျော်ရွှင်စရာကြုံရပါလိမ့်မယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး သစ်သီးဖျော်ရည် ကပ်လှူကာ နေ့စဉ် နံနက်တိုင်း ရှင်သီဝလိဂါထာကို ၉ ခေါက်ရွက်ဆိုပါ။
ပြည်ပထွက်ခွာလိုသူများ။    ။ ထီးသင်္ကန်းငွေကြေးကို ရဟန်းသံဃာတွေကို ကပ်လှူပေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။   ။နေအိမ်အရပ်မှ ကြာသပတေးထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး ပဋ္ဌာန်းနှင့် ဓမ္မစကြာကိုရွက်ဖတ်ပူဇော်ပေးပါ။ 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ ခို၊ကျီး၊ခွေးစသည်တို့ကို အစာကျွေးပါ။ ချစ်သူနှင့် တွေ့ရန်  သွားလျှင် မာလကာညွှန့်ဆောင်သွားပါ။ 
လူမှုရေးအတိုက်အခံများသူများ။      ။မွေးနေ့မွေးရက်တွင် ဘုရားစေတီများသို့ သွားကာ မွေးနေ့ဂြိုလ်ခွင်မှ စတင်ကာ ဂြိုလ်နံ ရှစ်ခွင်ပြည် အောင် ရေသပ္ပါယ်ပေးပါ။ 
ကျန်းမာရေးမကောင်းသူများ ။       ။လမ်းထဲ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါး ဓာတ်စာ လှူပါ။  
ထီကံကောင်းလိုသူများ။        ။လမ်းထိပ်ထီဆိုင်တွင် ၁/၅ ဂဏန်းများများပါသည့် ထီကို ရှာထိုးလိုက်ပါ။ 
(  Zawgyi  )