【 ဗေဒင် 】တနင်္ဂနွေ သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသော ကိစ္စများအတွက် ကြာသပတေးသား သမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်းဒွိဟဖြစ်စရာတွေ  ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ကြုံ လာစရာရှိပေမယ့် တဇွတ်ထိုးမလုပ်သင့်တဲ့ အချိန်ပါ။ အမှားကြုံတတ်ပါတယ်။ အလုပ်များနေတတ်သလို ငွေလည်းကြပ်နေတတ်ပါတယ်။လုပ်ငန်းခွင်အတွင်းအတိုက်အခိုက်တွေ များနေတတ်လို့ အပြောအဆို ဆင်ခြင် ပါ။စာချုပ်စာတမ်းကိစ္စတွေကြောင့် စိတ်ရှုပ် ရတတ်ပါတယ်။ဒီရက်ပိုင်းခါး၊ခြေ၊သွားကိုက်စတာတွေ ဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ ပညာရေးကံကောင်းပါတယ်။ အနှောင့်အယှက်တွေ ကိုရှောင်လိုက်ပါ။ သေချာပေါက် လိုရာရောက်ပါလိမ့်မယ်။ လုပ်ငန်းခွင် စာမေးပွဲရာထူးစာမေးပွဲဖြေဆိုထားသူများရည်မှန်းချက် ပြည်စုံပါမယ်။ အိမ်ထောင်ရှင်များစကားများကွဲကွာရကိန်းရှိပါတယ်။ စိတ်လျော့ထားသင့်ပါတယ်။ ငယ်ရွယ်သူများ မထင်မှတ်ဘဲအချစ်ရေး အနှောင့်အယှက်ရှိတတ်ပါတယ်။ အိမ်ထောင်ရှင်များကြား လူစကားကြောင့် အချင်းများကိန်းရှိ နေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားစေတီများတွင် ယခုတစ်ပတ်လုံး ကြာသပတေးနံပန်း များ၊အသီးအနှံများဖြင့် ပူဇော်ကပ်လှူပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ဂုဏ်တော်ကွန်ခြာကိုနေ့စဉ် မနက်ည ပုံမှန် ၉ ပတ်ရအောင် စိပ်ပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားစေတီများရှိ ကြာသပတေးထောင့် တွင် လျှောက်ထားသည့် အလုပ်အား စိတ်ညွှတ် ကာ မေတ္တာသုတ်ကို ယုံယုံကြည်ကြည်ဖြင့် သက်စေ့ရွတ် ဆိုပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။အိမ်ထောင်ရေး၊အချစ်ရေးအဆင်မပြေပါက ကြာသပတေးနံပန်းကို အောင်သပြေနှင့်တွဲကာ ဘုရားပန်းကပ်လှူပါ။

လူမှုရေးအတိုက်အခံများသူများ။  ။စေတီရင်ပြင်များတွင် အမှိုက်များ ရှင်းလင်းပေးခြင်းက အကောင်းဆုံးဖြစ်သည်။

ကျန်းမာရေးမကောင်းသူများ ။  ။ ရပ်ထဲ ရွာထဲ ရှိ ကျန်းမာရေး မကောင်း သည့် သက်ကြီးရွယ်အိုကို အိုဗာတင်းသွားလှူပေးပါ။  

ထီကံကောင်းလိုသူများ။    ။ကားနှင့်လှည့်ရောင်းသောထီဆိုင် သင့်ရှေ့ရောက်လာပါက ၅ဂဏန်းများများပါသည့် ထီလက်မှတ်ကို ရှာထိုးပါ။ 

(  Zawgyi  )

 ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ၾကာသပေတးသား သမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္းဒြိဟျဖစ္စရာေတြ  ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြ ႀကဳံ လာစရာရွိေပမယ့္ တဇြတ္ထိုးမလုပ္သင့္တဲ့ အခ်ိန္ပါ။ အမွားႀကဳံတတ္ပါတယ္။ အလုပ္မ်ားေနတတ္သလို ေငြလည္းၾကပ္ေနတတ္ပါတယ္။လုပ္ငန္းခြင္အတြင္းအတိုက္အခိုက္ေတြ မ်ားေနတတ္လို႔ အေျပာအဆို ဆင္ျခင္ ပါ။စာခ်ဳပ္စာတမ္းကိစၥေတြေၾကာင့္ စိတ္ရႈပ္ ရတတ္ပါတယ္။ဒီရက္ပိုင္းခါး၊ေျခ၊သြားကိုက္စတာေတြ ျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ ပညာေရးကံေကာင္းပါတယ္။ အေႏွာင့္အယွက္ေတြ ကိုေရွာင္လိုက္ပါ။ ေသခ်ာေပါက္ လိုရာေရာက္ပါလိမ့္မယ္။ လုပ္ငန္းခြင္ စာေမးပြဲရာထူးစာေမးပြဲေျဖဆိုထားသူမ်ားရည္မွန္းခ်က္ ျပည္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ားစကားမ်ားကြဲကြာရကိန္းရွိပါတယ္။ စိတ္ေလ်ာ့ထားသင့္ပါတယ္။ ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲအခ်စ္ေရး အေႏွာင့္အယွက္ရွိတတ္ပါတယ္။ အိမ္ေထာင္ရွင္မ်ားၾကား လူစကားေၾကာင့္ အခ်င္းမ်ားကိန္းရွိ ေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားေစတီမ်ားတြင္ ယခုတစ္ပတ္လုံး ၾကာသပေတးနံပန္း မ်ား၊အသီးအႏွံမ်ားျဖင့္ ပူေဇာ္ကပ္လႉပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ဂုဏ္ေတာ္ကြန္ျခာကိုေန႔စဥ္ မနက္ည ပုံမွန္ ၉ ပတ္ရေအာင္ စိပ္ေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားေစတီမ်ားရွိ ၾကာသပေတးေထာင့္ တြင္ ေလွ်ာက္ထားသည့္ အလုပ္အား စိတ္ၫႊတ္ ကာ ေမတၱာသုတ္ကို ယုံယုံၾကည္ၾကည္ျဖင့္ သက္ေစ့႐ြတ္ ဆိုပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။အိမ္ေထာင္ေရး၊အခ်စ္ေရးအဆင္မေျပပါက ၾကာသပေတးနံပန္းကို ေအာင္သေျပႏွင့္တြဲကာ ဘုရားပန္းကပ္လႉပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ား ရွင္းလင္းေပးျခင္းက အေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ရပ္ထဲ ႐ြာထဲ ရွိ က်န္းမာေရး မေကာင္း သည့္ သက္ႀကီး႐ြယ္အိုကို အိုဗာတင္းသြားလႉေပးပါ။  

ထီကံေကာင္းလိုသူမ်ား။    ။ကားႏွင့္လွည့္ေရာင္းေသာထီဆိုင္ သင့္ေရွ႕ေရာက္လာပါက ၅ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကို ရွာထိုးပါ။