【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသော ကိစ္စများ အတွက် သောကြာနေ့ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ဒီရက်ပိုင်းအတွင်း ကံအညံလေးတွေ ရှိနေသလို အနှောင့်အယှက် များ လည်း ရှိနေတတ်ပါတယ်။ ယခုရက်ပိုင်း အတွင်း ပညာရေး၊ဘာသာရေး ကံတွေ ကောင်းနေ တတ်ပါ တယ်။ လူမှုရေးအတိုက်အခိုက်တွေရှိလို့ နုတ်ချိုဖို့ လိုပါတယ်။ အိမ်ဝယ်မြေဝယ် လုပ်ငန်းတွေ ၊သစ်လုပ်ငန်း စပ်တူ လုပ်ငန်းများ အောင်မြင်မှုမရနိုင် သေးပါဘူး။ ငွေဝင်ကောင်းသလို ငွေထွက်လည်း များနေတတ်ပါတယ်။ ကွဲကွာနေတဲ့သူတွေ ရပ်ဝေးက မိတ်ဆွေဟောင်းတွေ နဲ့ ပြန်အဆက်အသွယ်ရတတ်ပါတယ်။ ကျန်းမာရေး ကောင်းပေမယ့် အပူအစပ်အစာတွေကြောင့် ဒုက္ခများတတ်ပါတယ်။ ပညာသင်နေတဲ့သူတွေတဲ့ ပညာကံကောင်းဖို့ သံဃာတော်တွေကို စာအုပ် စာတမ်းတွေ လှူဒါန်းပေးပါ။ ရည်မှန်းချက် ပြည်စုံပါမယ်။ အိမ်ထောင်ရှင် များ ချစ်သူတွေကတော့ တခဏတာဝေးရမယ် ကိန်းရှိနေပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအား သင်္ဘောသီး ဖြင့် သစ်သီးဆွမ်းကပ်လှူကာ လိုရာဆုတောင်းပါ။
 
ပြည်ပထွက်ခွာလိုသူများ။ ။ ယခုရက်ပိုင်းအတွင်း နံနက်စောစော ပဋ္ဌာန်း၊ဂုဏ်တော်ကွန်ချာကို နံနက်တိုင်း ရွတ်ဆိုပေးပါ။
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။နေအိမ်အနီးဘုရားစေတီများသို့ သွားကာ သောကြာထောင့်အရပ်တွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပါ။
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။နေအိမ်ထဲတွင် ရွှေရောင်ပစ္စည်းအဟောင်း အပျက်များ၊ ကုတင်၊ဖျာအောက် ရွှေရောင် ပါသည့် ပိတ်စစက္ကူစများရှိနေပါက ရှင်းလင်းလွှင့်ပစ်ပါ။
 
လူမှုရေးအတိုက်အခံများသူများ။ ။အိမ်နှင့်အနီးဆုံးစေတီတွင် နံနက် စောစော အမှိုက်များရှင်းလင်းပေးခြင်းက အကောင်းဆုံးဖြစ်သည်။
 
ကျန်းမာရေးမကောင်းသူများ ။ ။ ဈေးတွင် ငါးအရှင်တွေ့ပါက ဈေးမဆစ် ဘဲ ဝယ်ကာ လွှတ်ပါလေ။
 
ထီကံကောင်းလိုသူများ။ ။ယခုတစ်ပတ် ဘာဂဏန်းထိုးထိုး ၁/၆ ဂဏန်း ပါအောင် ထိုးတာက ထီကံကောင်းဖို့ အခွင့်အလမ်းများ စေပါတယ်။
 
(  Zawgyi  )
 
 ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ား အတြက္ ေသာၾကာေန႔ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ ဒီရက္ပိုင္းအတြင္း ကံအညံေလးေတြ ရွိေနသလို အေႏွာင့္အယွက္ မ်ား လည္း ရွိေနတတ္ပါတယ္။ ယခုရက္ပိုင္း အတြင္း ပညာေရး၊ဘာသာေရး ကံေတြ ေကာင္းေန တတ္ပါ တယ္။ လူမႈေရးအတိုက္အခိုက္ေတြရွိလို႔ ႏုတ္ခ်ိဳဖို႔ လိုပါတယ္။ အိမ္ဝယ္ေျမဝယ္ လုပ္ငန္းေတြ ၊သစ္လုပ္ငန္း စပ္တူ လုပ္ငန္းမ်ား ေအာင္ျမင္မႈမရႏိုင္ ေသးပါဘူး။ ေငြဝင္ေကာင္းသလို ေငြထြက္လည္း မ်ားေနတတ္ပါတယ္။ ကြဲကြာေနတဲ့သူေတြ ရပ္ေဝးက မိတ္ေဆြေဟာင္းေတြ နဲ႔ ျပန္အဆက္အသြယ္ရတတ္ပါတယ္။ က်န္းမာေရး ေကာင္းေပမယ့္ အပူအစပ္အစာေတြေၾကာင့္ ဒုကၡမ်ားတတ္ပါတယ္။ ပညာသင္ေနတဲ့သူေတြတဲ့ ပညာကံေကာင္းဖို႔ သံဃာေတာ္ေတြကို စာအုပ္ စာတမ္းေတြ လႉဒါန္းေပးပါ။ ရည္မွန္းခ်က္ ျပည္စုံပါမယ္။ အိမ္ေထာင္ရွင္ မ်ား ခ်စ္သူေတြကေတာ့ တခဏတာေဝးရမယ္ ကိန္းရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအား သေဘၤာသီး ျဖင့္ သစ္သီးဆြမ္းကပ္လႉကာ လိုရာဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ ယခုရက္ပိုင္းအတြင္း နံနက္ေစာေစာ ပ႒ာန္း၊ဂုဏ္ေတာ္ကြန္ခ်ာကို နံနက္တိုင္း ႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ေနအိမ္အနီးဘုရားေစတီမ်ားသို႔ သြားကာ ေသာၾကာေထာင့္အရပ္တြင္ ပ႒ာန္း႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ေနအိမ္ထဲတြင္ ေ႐ႊေရာင္ပစၥည္းအေဟာင္း အပ်က္မ်ား၊ ကုတင္၊ဖ်ာေအာက္ ေ႐ႊေရာင္ ပါသည့္ ပိတ္စစကၠဴစမ်ားရွိေနပါက ရွင္းလင္းလႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။အိမ္ႏွင့္အနီးဆုံးေစတီတြင္ နံနက္ ေစာေစာ အမႈိက္မ်ားရွင္းလင္းေပးျခင္းက အေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေဈးတြင္ ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ ဘဲ ဝယ္ကာ လႊတ္ပါေလ။

ထီကံေကာင္းလိုသူမ်ား။ ။ယခုတစ္ပတ္ ဘာဂဏန္းထိုးထိုး ၁/၆ ဂဏန္း ပါေအာင္ ထိုးတာက ထီကံေကာင္းဖို႔ အခြင့္အလမ္းမ်ား ေစပါတယ္။