【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ဒီတစ်ပတ်အတွင်း စွန့်ကြဲဒါနလှူဒါန်းခြင်းမကြာခဏ လုပ်ပေးတာက မလာသေးတဲ့ လာဘ်လာဘတွေကို ဖွင့်ပေးသလိုဖြစ်တတ်ပါတယ်။ အတတ်နိုင်ဆုံး ပြုလုပ်ပေးပါ။ ယခုရက်အတွင်း သင့်အတွက် ပညာရေး၊လူမှုရေး၊စီးပွား ရေးအတွက် အကောင်းဆုံး အကြံပေးနိုင်တာက အင်္ဂါသားသမီးတွေပါ။ လုပ်ငန်းခွင်မှာ ပတ်ဝန်းကျင်မှာ ကိုယ် အောင်မြင်မှုကို မနာလိုတဲ့ အပြိုင်အဆိုင်တွေ ပေါ်လာတတ်ပါတယ်။  ယခုရက်ပိုင်း အတွင်း ငွေကံကောင်းနေတတ်သလို ရပ်ဝေးက အကူအညီ နိုင်ငံရပ်ခြားက အထောက်အပံ့တွေ ရတတ်ပါတယ်။ စပ်တူကိစ္စတွေ ၊လူမျိုးခြားနဲ့ လုပ်ကိုင်တာတွေ အောင်မြင်တတ်ပြီး ဘာလုပ်လုပ် စိတ်အေးအေးထားပြီး လုပ်ကိုင်ရင် အားလုံးအဆင်ပြေ သွားမှာပါ။ အိမ်တွင်းရေးက သာယာပျော်ရွှင်ရမယ့် အချိန်ကာလပါ။ ကျန်းမာရေးက ကောင်းနေပေမယ့် ခါး၊အစာအိမ်၊ခြေထောက်တွေဂရုစိုက်ပါ။ပြည်ပထွက် ပညာသင်ရန် စီစဉ်နေသူများ ယခုရက်ပိုင်းသွား ရကိန်းရှိပါတယ်။ အိမ်ထောင်ရှင် အဆင်မပြေမှုတွေ ရှိပေမယ့် ချစ်သူတွေကတော့ သတင်းကောင်းစကားကြားရပါမယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား  ယခုတစ်ပတ်လုံး ဆီထမင်းကပ်လှူပါ။
ပြည်ပထွက်ခွာလိုသူများ။    ။ရဟန်းသံဃာများအား ထီးဖိနပ် လှူပေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားစေတီရှိ အင်္ဂါထောင့်အရပ်တွင် သန့်ရှင်း ရေးလုပ်ပြီး အောင်သပြေပန်းကပ်လှူကာ ပဋ္ဌာန်းနှင့် ဓမ္မစကြာကိုရွတ်ဖတ်ပူဇော်ပေးပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။    ။ မိမိရည်ရွယ်သောသူအတွက် ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူပေးပါ။
လူမှုရေးအတိုက်အခံများသူများ။  ။လမ်းသွားတိုင်း၊သတိရသည့် အခါတိုင်း  သံမ္ဗုဒ္ဓေ ဂါထာ ရွတ်ဆိုပါ။
ကျန်းမာရေးမကောင်းသူများ ။  ။ ခို၊ကျီးစသော သတ္တဝါများကို သီးသန့်အစာကျွေး ပေးပါ။
ထီကံကောင်းလိုသူများ။  ။ လမ်းသွားစဉ်တွေ့သည့် ထီဆိုင်တွင်  ၁/၃ ဂဏန်းများများ ပါသည့်  ထီနံပါတ်ကိုရှာထိုးပါ။
(  Zawgyi  )