【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းအလုပ်များနေသလိုစိတ်မောလူမောဖြစ်နေရတဲ့အတွက် ကျန်းမာရေးပါ ညံ့နေ တတ်ပါတယ်။ အလုပ်ကထွက်ချင်တဲ့ စိတ်တွေ ဖြစ်နေသလို စိတ်က အေးအေးချမ်းချမ်း နေရတဲ့ အရပ်ကိုပြေးထွက် သွားချင်တဲ့ စိတ်တွေ ပေါက်နေ တတ် ပါတယ်။ဘာကိစ္စမဆို မပြီးပြတ်ဘဲ တန်းလန်းဖြစ်နေလို့ သင့်မှာစိတ်ပျက်မှု တွေ ဖြစ်နေရတာပါ။ ခေါင်းကိုအေးအေးထားပြီး အလုပ်ကို ဂရုတစိုက် လုပ်ရမယ့် အချိန် ကာလပါ။ ငွေကြေး ကံနည်းနည်း ညံ့နေပေမယ့် ကူညီဆောင်မမယ့်သူကတော့ ရှိနေပါ တယ်။ ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများ အတွက် စနေသားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ အခုချိန်မှာ လူမျိုးခြားနဲ့ တွဲလုပ် တဲ့ အလုပ်တွေ အောင်မြင်မှု ရရှိတတ်တဲ့ အခါ ဖြစ်နေလို့ စပ်တူလုပ်ရတဲ့ အလုပ်လည်း အောင်မြင်တဲ့ကာလပါ။ ပညာရေးကိစ္စမှာ အတတ်ပညာ သင်သူတွေ အောင်မြင်မှု ရှိနေတဲ့ အချိန်အခါပါ။ ကျန်းမာရေးကတော့ အာရုံကြော၊လေထိုးလေအောင့်နဲ့  နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ အဆင်မပြေ သလိုလို နဲ့ ပြေလည်မှာဖြစ်သလို ချစ်သူရှာမယ့် ငယ်ရွယ်သူတွေကတော့  အဆင်ပြေပြီးမှ လွဲတတ် ပါတယ်။

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အားခုနှစ်ရက်လုံး အောင်သပြေ ပန်းမညှိုးအောင် ကပ်လှူပါ။

ပြည်ပ ထွက်ခွာလိုသူများ။    ။ ကိုယ်သွားမည့် နိုင်ငံအမည်ပါ နေနံပန်းကို ဘုရားတွင်ပ န်းထိုးကာ လိုရာ ဆုတောင်းပါလေ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။    ။ အိမ်ထောင်ရှင်နှစ်ဦး၏ ဓာတ်ပုံကို ဓာတ် ဘူး အသစ်ထဲထည့်ကာ ဘုရားစင်အောက်တွင် ထားပါ။
 
အိမ်ထောင်ရေး၊နှလုံးသားရေး အဆင်မပြေသူများ။  ။ ရွှေရောင်ပစ္စည်းများ၊ လက်ဝတ် ရတနာများ ဒီတစ်ပတ် မဝတ်ပါနှင့်။ တခြားသူအိမ်သို့ ယူလာပါက လက်မခံပါနှင့်။

လူမှုရေးအတိုက်အခံများသူများ။    ။ဘုရား၊ကျောင်း၊စေတီများတွင် မေတ္တာသုတ် ရွတ်ဆိုကာ သန့်ရှင်းရေး လုပ်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ။  ။ရပ်ထဲရွာထဲမှ သက်ကြီးရွယ်အိုများကို ဆေးဝါးအာဟာရ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။  ။ထီဆိုင်တွင် ၁/၇ ဂဏန်းများပါသော ထီလက်မှတ်ကို ထိုးပေးပါ။

(   Zawgyi  )

 ဒီရက္ပိုင္းအတြင္းအလုပ္မ်ားေနသလိုစိတ္ေမာလူေမာျဖစ္ေနရတဲ့အတြက္ က်န္းမာေရးပါ ညံ့ေန တတ္ပါတယ္။ အလုပ္ကထြက္ခ်င္တဲ့ စိတ္ေတြ ျဖစ္ေနသလို စိတ္က ေအးေအးခ်မ္းခ်မ္း ေနရတဲ့ အရပ္ကိုေျပးထြက္ သြားခ်င္တဲ့ စိတ္ေတြ ေပါက္ေန တတ္ ပါတယ္။ဘာကိစၥမဆို မၿပီးျပတ္ဘဲ တန္းလန္းျဖစ္ေနလို႔ သင့္မွာစိတ္ပ်က္မႈ ေတြ ျဖစ္ေနရတာပါ။ ေခါင္းကိုေအးေအးထားၿပီး အလုပ္ကို ဂ႐ုတစိုက္ လုပ္ရမယ့္ အခ်ိန္ ကာလပါ။ ေငြေၾကး ကံနည္းနည္း ညံ့ေနေပမယ့္ ကူညီေဆာင္မမယ့္သူကေတာ့ ရွိေနပါ တယ္။ ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ား အတြက္ စေနသားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ အခုခ်ိန္မွာ လူမ်ိဳးျခားနဲ႔ တြဲလုပ္ တဲ့ အလုပ္ေတြ ေအာင္ျမင္မႈ ရရွိတတ္တဲ့ အခါ ျဖစ္ေနလို႔ စပ္တူလုပ္ရတဲ့ အလုပ္လည္း ေအာင္ျမင္တဲ့ကာလပါ။ ပညာေရးကိစၥမွာ အတတ္ပညာ သင္သူေတြ ေအာင္ျမင္မႈ ရွိေနတဲ့ အခ်ိန္အခါပါ။ က်န္းမာေရးကေတာ့ အာ႐ုံေၾကာ၊ေလထိုးေလေအာင့္နဲ႔  ႏွလုံးနဲ႔ ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ေတြ အဆင္မေျပ သလိုလို နဲ႔ ေျပလည္မွာျဖစ္သလို ခ်စ္သူရွာမယ့္ ငယ္႐ြယ္သူေတြကေတာ့  အဆင္ေျပၿပီးမွ လြဲတတ္ ပါတယ္။

 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အားခုႏွစ္ရက္လုံး ေအာင္သေျပ ပန္းမညႇိဳးေအာင္ ကပ္လႉပါ။

ျပည္ပ ထြက္ခြာလိုသူမ်ား။    ။ ကိုယ္သြားမည့္ ႏိုင္ငံအမည္ပါ ေနနံပန္းကို ဘုရားတြင္ပ န္းထိုးကာ လိုရာ ဆုေတာင္းပါေလ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။    ။ အိမ္ေထာင္ရွင္ႏွစ္ဦး၏ ဓာတ္ပုံကို ဓာတ္ ဘူး အသစ္ထဲထည့္ကာ ဘုရားစင္ေအာက္တြင္ ထားပါ။
 
အိမ္ေထာင္ေရး၊ႏွလုံးသားေရး အဆင္မေျပသူမ်ား။  ။ ေ႐ႊေရာင္ပစၥည္းမ်ား၊ လက္ဝတ္ ရတနာမ်ား ဒီတစ္ပတ္ မဝတ္ပါႏွင့္။ တျခားသူအိမ္သို႔ ယူလာပါက လက္မခံပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ဘုရား၊ေက်ာင္း၊ေစတီမ်ားတြင္ ေမတၱာသုတ္ ႐ြတ္ဆိုကာ သန႔္ရွင္းေရး လုပ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား။  ။ရပ္ထဲ႐ြာထဲမွ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးအာဟာရ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ထီဆိုင္တြင္ ၁/၇ ဂဏန္းမ်ားပါေသာ ထီလက္မွတ္ကို ထိုးေပးပါ။