【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီကာလက သင့်အတွက် အတိုက်အခိုက် အပြိုင်အဆိုင်၊ အနှောင့်အယှက် များတဲ့ ကာလ ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းဆိုးရောနေတဲ့ ကာလဖြစ်တဲ့ အတွက် သင့်လုပ် ချင်တဲ့ ကိစ္စအဝဝက တိုက်ရင်း ခိုက်ရင်း အနှောင့်အယှက်တွေ ကြားကနေ အောင် မြင် တတ်ပါတယ်။ ဒီတစ်ပတ်မှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စတွေ အတွက် အကောင်းဆုံးအကြံပေးနိုင်တာက စနေသားသမီးတွေပါ။ ဒီကာလမှာ ခရီးသွား လုပ် ငန်း လုပ်ကိုင်သူ တွေ အထူးကောင်းတဲ့ ကာလဖြစ်ပြီး ကျောက်မျက် လုပ်ငန်းရှင်တွေ၊ ကွန်ပျူတာအရောင်းအဝယ်လုပ်ကိုင်သူတွေ ၊ကွန်ပျူတာနဲ့ အသက်မွေးသူတွေ အထူး ကောင်းမွန် ပါတယ်။ စပ်တူကိစ္စတွေ အစုရှယ်ယာလုပ်တာတွေ အကျိုး မပေး တတ် ပေမယ့် နိုင်ငံခြားရပ်ခြား၊လူမျိုးခြား အကျိုးပေးကိန်းရှိပါတယ်။ မထင်မှတ်ဘဲ ခရီး ကောင်း တွေ၊ ဘုရား ဖုူးခရီးတွေသွားရကိန်း ရှိပါတယ်။ ငွေဝင်ကောင်းပေမယ့် ငွေထွ က် များ တာ၊ လုပ်ငန်းတွေထဲ ငွေမြုပ်နေ တာတွေကြောင့် ငွေကျပ်တဲ့ အချိန်အခါပါ။ ကျန်းမာရေးက ကောင်းပါတယ်။ဒါပေမယ့် အအေးပတ်တာ ၊ အဆစ် အမြစ် ရောင် တာလေးတွေ ဖြစ်တတ် ပါတယ်။ ပညာရေးကတော့ ဝီရိယ စိုက်ထုတ်ရမယ့် လိုရာ ရောက် မယ့် အချိန်ပါ။ အိမ်ထောင်ရှင်တွေ အိမ်ထောင်ဘက်နဲ့ တကျက်ကျက် စကား များနေတတ်သလို ချစ်သူများ ကြားမှာ တော့ အထီးကျန်နေရတတ်တဲ့ အချိန် ကာလ ပါ။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားရှင်အား ယခုတစ်ပတ်လုံး နှင်းဆီပန်း ၉ ပွင့် ကပ်လှူကာ နံနက်နေမထွက်မီ ရှင်သီဝလိဂါထာ ၉ ခေါက် ရွတ်ဆိုပေးပါ။
 
ပြည်ပထွက်ခွာလိုသူများ။ ။ လမ်းထဲ တန်းဆွမ်းကြွသည့် သံဃာတော်ကို ထီး။ဖိနပ် ကပ်လှူပေးပါ။
 
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ ဘုရားစေတီ၏ စနေနံထောင့်တွင် ပဋ္ဌာန်း နှင့် ဓမ္မစကြာကို မေတ္တာသုတ်ရွတ်ပြီးမှ ရွတ်ဖတ်ပူဇော်ပေးပါ။
 
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အိမ်ထောင်ဘက်နှစ်ဦး၏ နေ့သင့် နံသင့်ပန်းကို ပန်းအိုး တစ်အိုးဖြင့် သပ်သပ်ထိုးကာ ဘုရားပူဇော်ပါ။
 
လူမှုရေးအတိုက်အခံများသူများ။ ။ နံနက်တိုင်း နေအိမ်အတွင်း မေတ္တာသုတ်ကို ရွတ်ဖတ်ပူဇော်၍ အိမ်ရှေ့ လမ်းမအား လှည်းကျင်းပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ စေတီများနှင့် ဘုန်ကြီးကျောင်းများရှိ ဗောဓိညောင် ပင် များတွင် ညောင် ထောက်ပေးပါ။ရေသက်စေ့လောင်းပါ။
 
ထီကံကောင်းလိုသူများ။ ။ စနေနေ့တွင် ထီဆိုင်တစ်ခုမှ ၆/၉ ဂဏန်းများများပါသော ထီကို ထိုးပေးပါ။

(   Zawgyi  )

 ဒီကာလက သင့္အတြက္ အတိုက္အခိုက္ အၿပိဳင္အဆိုင္၊ အေႏွာင့္အယွက္ မ်ားတဲ့ ကာလ ျဖစ္ပါတယ္။ ဒါေပမယ့္ ေကာင္းဆိုးေရာေနတဲ့ ကာလျဖစ္တဲ့ အတြက္ သင့္လုပ္ ခ်င္တဲ့ ကိစၥအဝဝက တိုက္ရင္း ခိုက္ရင္း အေႏွာင့္အယွက္ေတြ ၾကားကေန ေအာင္ ျမင္ တတ္ပါတယ္။ ဒီတစ္ပတ္မွာ ပညာေရး၊ လူမႈေရး၊ စီးပြားေရး ကိစၥေတြ အတြက္ အေကာင္းဆုံးအႀကံေပးႏိုင္တာက စေနသားသမီးေတြပါ။ ဒီကာလမွာ ခရီးသြား လုပ္ ငန္း လုပ္ကိုင္သူ ေတြ အထူးေကာင္းတဲ့ ကာလျဖစ္ၿပီး ေက်ာက္မ်က္ လုပ္ငန္းရွင္ေတြ၊ ကြန္ပ်ဴတာအေရာင္းအဝယ္လုပ္ကိုင္သူေတြ ၊ကြန္ပ်ဴတာနဲ႔ အသက္ေမြးသူေတြ အထူး ေကာင္းမြန္ ပါတယ္။ စပ္တူကိစၥေတြ အစုရွယ္ယာလုပ္တာေတြ အက်ိဳး မေပး တတ္ ေပမယ့္ ႏိုင္ငံျခားရပ္ျခား၊လူမ်ိဳးျခား အက်ိဳးေပးကိန္းရွိပါတယ္။ မထင္မွတ္ဘဲ ခရီး ေကာင္း ေတြ၊ ဘုရား ဖုူးခရီးေတြသြားရကိန္း ရွိပါတယ္။ ေငြဝင္ေကာင္းေပမယ့္ ေငြထြ က္ မ်ား တာ၊ လုပ္ငန္းေတြထဲ ေငြျမဳပ္ေန တာေတြေၾကာင့္ ေငြက်ပ္တဲ့ အခ်ိန္အခါပါ။ က်န္းမာေရးက ေကာင္းပါတယ္။ဒါေပမယ့္ အေအးပတ္တာ ၊ အဆစ္ အျမစ္ ေရာင္ တာေလးေတြ ျဖစ္တတ္ ပါတယ္။ ပညာေရးကေတာ့ ဝီရိယ စိုက္ထုတ္ရမယ့္ လိုရာ ေရာက္ မယ့္ အခ်ိန္ပါ။ အိမ္ေထာင္ရွင္ေတြ အိမ္ေထာင္ဘက္နဲ႔ တက်က္က်က္ စကား မ်ားေနတတ္သလို ခ်စ္သူမ်ား ၾကားမွာ ေတာ့ အထီးက်န္ေနရတတ္တဲ့ အခ်ိန္ ကာလ ပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားရွင္အား ယခုတစ္ပတ္လုံး ႏွင္းဆီပန္း ၉ ပြင့္ ကပ္လႉကာ နံနက္ေနမထြက္မီ ရွင္သီဝလိဂါထာ ၉ ေခါက္ ႐ြတ္ဆိုေပးပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။ လမ္းထဲ တန္းဆြမ္းႂကြသည့္ သံဃာေတာ္ကို ထီး။ဖိနပ္ ကပ္လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ဘုရားေစတီ၏ စေနနံေထာင့္တြင္ ပ႒ာန္း ႏွင့္ ဓမၼစၾကာကို ေမတၱာသုတ္႐ြတ္ၿပီးမွ ႐ြတ္ဖတ္ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အိမ္ေထာင္ဘက္ႏွစ္ဦး၏ ေန႔သင့္ နံသင့္ပန္းကို ပန္းအိုး တစ္အိုးျဖင့္ သပ္သပ္ထိုးကာ ဘုရားပူေဇာ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ နံနက္တိုင္း ေနအိမ္အတြင္း ေမတၱာသုတ္ကို ႐ြတ္ဖတ္ပူေဇာ္၍ အိမ္ေရွ႕ လမ္းမအား လွည္းက်င္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ေစတီမ်ားႏွင့္ ဘုန္ႀကီးေက်ာင္းမ်ားရွိ ေဗာဓိေညာင္ ပင္ မ်ားတြင္ ေညာင္ ေထာက္ေပးပါ။ေရသက္ေစ့ေလာင္းပါ။

ထီကံေကာင္းလိုသူမ်ား။ ။ စေနေန႔တြင္ ထီဆိုင္တစ္ခုမွ ၆/၉ ဂဏန္းမ်ားမ်ားပါေသာ ထီကို ထိုးေပးပါ။