【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် စနေသားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ ဒီရက်ပိုင်းအတွင်းအလုပ်များနေသလိုစိတ်မောလူမောဖြစ်နေရတဲ့အတွက် ကျန်းမာရေးပါ ညံနေတတ် ပါတယ်။ အလုပ်ကထွက်ချင်တဲ့
စိတ်တွေ ဖြစ်နေသလိုစိတ်ကအေးအေးချမ်းချမ်းနေရတဲ့အရပ်ကိုပြေးထွက်သွားချင်တဲ့စိတ်တွေပေါက်နေတတ်ပါတယ်။ဘာကိစမဆိုမပြီးပြတ်ဘဲတန်းလန်းဖြစ်နေလို့ သင့်မှာစိတ်ပျက် မှုတွေ ဖြစ်နေရ တာ ပါ။ခေါင်းကိုအေးအေးထားပြီးအလုပ်ကိုဂရုတစိုက်လုပ်ရမယ့် အချိန်ကာလပါ။ ငွေကြေး ကံနည်းနည်းညံနေပေမယ့် ကူညီဆောင်မမယ့်သူကတော့ ရှိနေပါတယ်။ အခုချိန်မှာလူမျိုးခြားနဲ့ တွဲလုပ်တဲ့ အလုပ်တွေ အောင်မြင်မှု ရရှိတတ်တဲ့အခါဖြစ်နေလို့ စပ်တူလုပ်ရတဲ့ အလုပ်လည်းအောင်မြင်တဲ့ကာလပါ။ ပညာရေးကိစ္စမှာအတတ်ပညာသင်သူတွေ အောင်မြင်မှုရှိနေတဲ့ အချိန်အခါပါ။ကျန်းမာရေးကတော့ အာရုံကြော၊လေထိုးလေအောင့်နဲ့  နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ အိမ်ထောင်သည်တွေ အဆင်မပြေ
သလိုလိုနဲ့ ပြေလည်မှာဖြစ်သလိုငယ်ရွယ်သူတွေကတော့အဆင်ပြေနေချိန်မှာ လွမ်းရမယ့် ကိစ္စတွေပေါ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အားခုနှစ် ရက်လုံးဘုရားပန်းမညှိုးအောင် ကပ်လှူပါ။

 
ပြည်ပထွက်ခွာလိုသူများ။   ။ကိုယ်သွားမည့်နိုင်ငံအမည်ပါ နေနံပန်း ကိုဘုရားတွင်ပန်းထိုးကာ လိုရာဆု တောင်းပါလေ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။    ။ မိမိနေ့နံထောင့်အရပ်ရှိ ဘုရားစေတီသို့သွားကာ သန့်ရှင်းရေးလုပ် ပေးပြီး ဆီမီးပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ရွှေရောင်ပစ္စည်း များ၊လက်ဝတ်ရတနာများ ဒီတစ်ပတ် မဝတ်ပါနှင့်။တခြားသူများ နှင်းဆီပန်းအနွမ်း အိမ်သို့ ယူလာပါကလက်မခံပါနှင့်။

လူမှုရေးအတိုက်အခံများသူများ။    ။မိုးလင်းမိုးချုပ် သတိရတိုင်း နူတ်က မေတ္တာသုတ်ရွတ်ဆိုကာ အိမ်ရှိ ဘုရားစင်ကို သန့်ရှင်းရေးလုပ်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ။  ။ရပ်ထဲရွာထဲမှ သက်ကြီးရွယ်အိုများ ကိုဆေးဝါးအာဟာရ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။  ။ထီဆိုင်တွင် ၁/၇/၉ ဂဏန်းများပါသောထီလက်မှတ်ကိုထိုးပေးပါ။ 

(  Zawgyi  )

 ယခုတစ္ပတ္ လူမႈေရး၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ စေနသားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ ဒီရက္ပိုင္းအတြင္းအလုပ္မ်ားေနသလိုစိတ္ေမာလူေမာျဖစ္ေနရတဲ့အတြက္ က်န္းမာေရးပါ ညံေနတတ္ ပါတယ္။ အလုပ္ကထြက္ခ်င္တဲ့
စိတ္ေတြ ျဖစ္ေနသလိုစိတ္ကေအးေအးခ်မ္းခ်မ္းေနရတဲ့အရပ္ကိုေျပးထြက္သြားခ်င္တဲ့စိတ္ေတြေပါက္ေနတတ္ပါတယ္။ဘာကိစမဆိုမၿပီးျပတ္ဘဲတန္းလန္းျဖစ္ေနလို႔ သင့္မွာစိတ္ပ်က္ မႈေတြ ျဖစ္ေနရ တာ ပါ။ေခါင္းကိုေအးေအးထားၿပီးအလုပ္ကိုဂ႐ုတစိုက္လုပ္ရမယ့္ အခ်ိန္ကာလပါ။ ေငြေၾကး ကံနည္းနည္းညံေနေပမယ့္ ကူညီေဆာင္မမယ့္သူကေတာ့ ရွိေနပါတယ္။ အခုခ်ိန္မွာလူမ်ိဳးျခားနဲ႔ တြဲလုပ္တဲ့ အလုပ္ေတြ ေအာင္ျမင္မႈ ရရွိတတ္တဲ့အခါျဖစ္ေနလို႔ စပ္တူလုပ္ရတဲ့ အလုပ္လည္းေအာင္ျမင္တဲ့ကာလပါ။ ပညာေရးကိစၥမွာအတတ္ပညာသင္သူေတြ ေအာင္ျမင္မႈရွိေနတဲ့ အခ်ိန္အခါပါ။က်န္းမာေရးကေတာ့ အာ႐ုံေၾကာ၊ေလထိုးေလေအာင့္နဲ႔  ႏွလုံးနဲ႔ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ အိမ္ေထာင္သည္ေတြ အဆင္မေျပ
သလိုလိုနဲ႔ ေျပလည္မွာျဖစ္သလိုငယ္႐ြယ္သူေတြကေတာ့အဆင္ေျပေနခ်ိန္မွာ လြမ္းရမယ့္ ကိစၥေတြေပၚတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အားခုႏွစ္ ရက္လုံးဘုရားပန္းမညႇိဳးေအာင္ ကပ္လႉပါ။

 
ျပည္ပထြက္ခြာလိုသူမ်ား။   ။ကိုယ္သြားမည့္ႏိုင္ငံအမည္ပါ ေနနံပန္း ကိုဘုရားတြင္ပန္းထိုးကာ လိုရာဆု ေတာင္းပါေလ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။    ။ မိမိေန႔နံေထာင့္အရပ္ရွိ ဘုရားေစတီသို႔သြားကာ သန႔္ရွင္းေရးလုပ္ ေပးၿပီး ဆီမီးပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ေ႐ႊေရာင္ပစၥည္း မ်ား၊လက္ဝတ္ရတနာမ်ား ဒီတစ္ပတ္ မဝတ္ပါႏွင့္။တျခားသူမ်ား ႏွင္းဆီပန္းအႏြမ္း အိမ္သို႔ ယူလာပါကလက္မခံပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။မိုးလင္းမိုးခ်ဳပ္ သတိရတိုင္း ႏူတ္က ေမတၱာသုတ္႐ြတ္ဆိုကာ အိမ္ရွိ ဘုရားစင္ကို သန႔္ရွင္းေရးလုပ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား။  ။ရပ္ထဲ႐ြာထဲမွ သက္ႀကီး႐ြယ္အိုမ်ား ကိုေဆးဝါးအာဟာရ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ထီဆိုင္တြင္ ၁/၇/၉ ဂဏန္းမ်ားပါေသာထီလက္မွတ္ကိုထိုးေပးပါ။