【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
 ဒီရက်ပိုင်း ပညာရေး၊လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေကို တိုင်ပင်တာသင့်အတွက်အကောင်း ဆုံးပါဘဲ။ အဖက်ဖက်က ကံဇာတာပွင့်လန်းနေသလို ကံတရားက အကျိုးပေးတဲ့ ဘက် ရောက်နေတဲ့ အတွက် လုပ်ငန်းသစ်၊နေရာသစ် စတာတွေ အစပြုလုပ်တာကောင်းပါတယ်။ စပ်တူကိစ္စတွေ အစုရှယ်ယာအလုပ်တွေ ၊ စာချုုပ်စာတမ်းကိစ္စတွေ ဒီရက်ပိုင်းကောင်းပါတယ်။ ဘာလုပ်လုပ် ဘာသာရေး လေးအခြေပြီးလုပ်ရင်အကျိုးများပါတယ်။ အရင်းအခြာတွေက သင့်ကို တမျိုးမြင်တတ်ပါတယ်။ခရီးသွား ရတဲ့ ကံကကောင်းနေသလို ဒီရက်ပိုင်းအလှူမင်္ဂလာလုပ်ရကိန်းရှိ နေပါယ်။ ဒီကာလမှာ ငွေအပါအဝင် တခြားဘာမှ ဘယ်သူကိုမှ အာမ မခံပေးတာ သင့်အတွက် အကောင်းဆုံးပါ။ ကျန်းမာရေးကတော့ အစားအသောက်အနေ အထိုင်ကြောင့်
ဖြစ်တတ်တာပဲရှိပါတယ်။ ပညာရေးကတော့ တစ်ပြိုင်နက်ဘာမှ မစီစဉ်ပါနဲ့။တစ်ခု ပြီးမှ တစ်ခု သာ လုပ်သင့်ပါတယ်။ အိမ်ထောင်ရှင် များ အကျီစားသန်လို့  စကားများတတ်ပေမယ့် ချစ်သူတွေအတွက်အဆုံးအဖြတ်ကာလတွေ
ရောက်နေပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအား ကြာသပတေးနံ မာလကာ၊ပန်းသီး စသည်တို့ဖြင့် ကပ်လှူပူဇော်ကာ ကြံရည်ကပ်လှူပေးပါ။
ပြည်ပထွက်ခွာလိုသူများ။    ။ မိမိသွားလိုသည့် အရပ်မှ ခွေးများအား မနက်ဖက်တွင် အစာကျွေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ ဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာရွတ်ဖတ်ပူ ဇော်ပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။ နှစ်ဦးနေနံသင်ပန်းကို ပန်းအိုးတစ်အိုးဖြင့် သပ်သပ်ထိုး ကာ  ယခုတစ်ပတ်လုံးဘုရားရှင်အား ပူဇော်ထားပါ။
လူမှုရေးအတိုက်အခံများသူများ။  ။ဘုရားစေတီများတွင်ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ ။ပန်းအိုးမှ ပန်းခြောက်များသန့်ရှင်းပေးပါလေ။
ကျန်းမာရေးမကောင်းသူများ ။  ။ ဘုရားတွင် တံခွန်ကုက္ကားလှူပါ။ညောင်ထောက်ပေးပါ။
ထီကံကောင်းလိုသူများ။       ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၁အစ ၅အဆုံး ထီလက်မှတ်ကို ရှာထိုးပါ။ 
(  Zawgyi  )
 ရောက်နေပါတယ်။