【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်။ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင် လိုသော ကိစ္စများအတွက် စနေသားသမီး များနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း ငွေကံကောင်း နေတတ် သလို သင့်နာမည်က လူတွေ ကြားထဲ အသိအမှတ်ပြုစရာဖြစ်နေပါတယ်။ မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေကြုံရတတ်ပါတယ်။ စပ်တူ ရှယ်ယာ အလုပ်များ ခေတ္တဆိုင်းငံထားပါဦး။ အိမ်တွင်းရေးသာယာမှုက သင့်အပေါ်မူတည်နေလို့  သင့် စိတ်ကို လျော့ပေးမှ သာယာပါလိမ့်မယ်။ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့၏ သတင်းကောင်း ကြားရတတ်ပါသည်။ လူမျိုးခြား၊ရပ်ဝေးကလူတွေနဲ့ တွဲလုပ်တဲ့ အလုပ် တွေ အကျိုးပေးပါတယ်။ ဒီကာလမှာ စပ်တူကိစ္စတွေ အိမ်ခြံမြေ အလုပ်တွေ အစု ရှယ်ယာ အလုပ်တွေ ရှောင်ပါဦး ။ ဒီရက်ပိုင်း ဝမ်း၊ဆီး၊အာရုံကြော ရောဂါတွေဖြစ်တတ် လို့ ဂရုစိုက်သင့်ပါတယ်။ ပညာသင်နေတဲ့သူတွေ ပညာရေးကတော့ အသင့်အတင့်ပါ။ လုပ်ငန်းခွင် စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက် ပြည့်စုံပါမယ်။ အိမ်ထောင်ရှင်များ စိတ်ကသိကအောင့် ဖြစ်စရာတွေ့တတ်ပါတယ်။ငယ်ရွယ်သူများ မတည့်အတူနေဖြစ်နေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား သစ်သီးဆွမ်းကပ်ကာ ဒိဝါတပတိ ဂါထာ ကို နံနက်တိုင်း ကိုးခေါက်ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ နံနက်စောစောထ၍  ငှက်များကို အစာကျွေးကာ လိုရာဆုတောင်းပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ ရွှေတိဂုံဘုရားအောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ ဘုရားအား အောင်သပြေ ၉ ညွှန် ကပ်လှူကာ ဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေး အဆင်မပြေသူများ။  ။ အချိန်ရတိုင်း မေတ္တာသုတ်ကို  ရွတ်ဆို နေပါ။ ချစ်သူနှင့် တွေ့သည့်အခါတိုင်း ကျောက်စရစ်အသေးတစ်လုံးကို အိတ်ထဲ ဆောင်ထားပါ။

လူမှုရေးအတိုက်အခံများသူများ။  ။စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွတ်ဖတ်၍ သန့်ရှင်းရေး လုပ်ကာ ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ မနက်စောစော သံဃာတော်များအား တန်းဆွမ်း လောင်းလှူ ပေးပါ။

ထီကံကောင်းလိုသူများ။   ။အောင်အမည်ပါ ထီဆိုင်တွင် ၅ အစ ၇ အဆုံး ဂဏန်းကို ရွေးထိုးပါ။

(  Zawgyi )

 ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္ လိုေသာ ကိစၥမ်ားအတြက္ စေနသားသမီး မ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္း ေငြကံေကာင္း ေနတတ္ သလို သင့္နာမည္က လူေတြ ၾကားထဲ အသိအမွတ္ျပဳစရာျဖစ္ေနပါတယ္။ မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြႀကဳံရတတ္ပါတယ္။ စပ္တူ ရွယ္ယာ အလုပ္မ်ား ေခတၱဆိုင္းငံထားပါဦး။ အိမ္တြင္းေရးသာယာမႈက သင့္အေပၚမူတည္ေနလို႔  သင့္ စိတ္ကို ေလ်ာ့ေပးမွ သာယာပါလိမ့္မယ္။ မိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္တို႔၏ သတင္းေကာင္း ၾကားရတတ္ပါသည္။ လူမ်ိဳးျခား၊ရပ္ေဝးကလူေတြနဲ႔ တြဲလုပ္တဲ့ အလုပ္ ေတြ အက်ိဳးေပးပါတယ္။ ဒီကာလမွာ စပ္တူကိစၥေတြ အိမ္ၿခံေျမ အလုပ္ေတြ အစု ရွယ္ယာ အလုပ္ေတြ ေရွာင္ပါဦး ။ ဒီရက္ပိုင္း ဝမ္း၊ဆီး၊အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္ လို႔ ဂ႐ုစိုက္သင့္ပါတယ္။ ပညာသင္ေနတဲ့သူေတြ ပညာေရးကေတာ့ အသင့္အတင့္ပါ။ လုပ္ငန္းခြင္ စာေမးပြဲ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ ျပည့္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင့္ ျဖစ္စရာေတြ႕တတ္ပါတယ္။ငယ္႐ြယ္သူမ်ား မတည့္အတူေနျဖစ္ေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား သစ္သီးဆြမ္းကပ္ကာ ဒိဝါတပတိ ဂါထာ ကို နံနက္တိုင္း ကိုးေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ နံနက္ေစာေစာထ၍  ငွက္မ်ားကို အစာေကြၽးကာ လိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ ေ႐ႊတိဂုံဘုရားေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ ဘုရားအား ေအာင္သေျပ ၉ ၫႊန္ ကပ္လႉကာ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရး အဆင္မေျပသူမ်ား။  ။ အခ်ိန္ရတိုင္း ေမတၱာသုတ္ကို  ႐ြတ္ဆို ေနပါ။ ခ်စ္သူႏွင့္ ေတြ႕သည့္အခါတိုင္း ေက်ာက္စရစ္အေသးတစ္လုံးကို အိတ္ထဲ ေဆာင္ထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြတ္ဖတ္၍ သန္႔ရွင္းေရး လုပ္ကာ ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ မနက္ေစာေစာ သံဃာေတာ္မ်ားအား တန္းဆြမ္း ေလာင္းလႉ ေပးပါ။

ထီကံေကာင္းလိုသူမ်ား။   ။ေအာင္အမည္ပါ ထီဆိုင္တြင္ ၅ အစ ၇ အဆုံး ဂဏန္းကို ေ႐ြးထိုးပါ။