【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း သင့်အတွက် မမျှော်လင့်ဘဲအခွင့်အရေးကောင်းတွေ ၊ငွေအစုလိုက် အပြုံလိုက် ဝင်တာတွေ တစ်ပုံကြီးပေါ်လာမယ့် အချိန်အခါပါ။ ကြာသပတေး သားသမီး တွေနဲ့ တိုင်ပင်တာကသင့်အတွက် လူမှုရေး ၊စီးပွားရေး ပညာရေး ကိစ္စတွေမှာ အောင်မြင် နိုင်ပါတယ်။ ခရီးထွက်တာတွေ၊ဘုရားဖူးသွားရတာတွေ နိုင်ငံခြားခရီးတွေ ပျက်တတ်ပါ တယ်။ လူမျိုးကွဲတွေနဲ့ စပ်တူလုပ်ရတဲ့အလုပ်တွေ  အကျိုးပေးကောင်းနေပါတယ်။ ကိုယ်နာမည် ဂုဏ်သိက္ခာတက်မယ့်ကိန်းလည်း ရှိနေပါတယ်။ ဆုံးရှုံးခဲ့တဲ့ ငွေတွေလည်း ပြန်ရကိန်းရှိပါတယ်။မိသားစုအတွင်း၊လုပ်ငန်းခွင်အတွင်းသာယာနေပါလိမ့်မယ်။အနုပညာ၊ ကား၊အလှကုန်၊ ကွန်ပျူတာ အစားအသောက်လုပ်ငန်းသမားတွေ ကောင်းပါတယ်။ ဒီရက်ပိုင်းထီကံကောင်းလို့ ထီထိုးသင့်ပါတယ်။ ပညာရေးကတော့ ကံကောင်းနေပါ တယ်။ ကျန်းမာရေးကတော့ ချုပ်စာတွေကြောင့် ဒုက္ခများကိန်းမြင်ပါတယ်။ အိမ်ထောင်၊ ချစ်သူများ အကြားအပြန်အလှန်ယုံကြည်မှုတွေ တိုးလာမယ့် အခါသမယပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား ယခုတစ်ပတ်လုံး အောင်သပြေပန်းကပ်လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ဘုရားရှေ့တွင် ကိုးရက်တိတိတဟိ့ ံတဟိ့ ံဂါထာ သက်စေ့ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားရှိတနင်္ဂနွေထောင့်တွင်  ဂုဏ်တော် ပုတီးစိပ်ပြီး အလုပ်အကိုင်နှင့်ပတ်သက်ပြီးလိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်ထဲရှိဘူးလွတ်၊ ကတ်ထူစက္ကူဗူး အလွတ်တွေရှိပါက ဖယ်ရှားပါ။သွားတိုက်ဆေးဗူးအလွတ်တောင် နှမြောပြီး ချန်မထား ပါနဲ့။ သင်လွတ်သွားမည့် ကိန်းရှိနေပါသည်။

လူမှုရေးအတိုက်အခံများသူများ။  ။အရဟံအစချီဂါထာအား သတိရတိုင်းရွတ်ဆိုပါ။ ဘုရားတွင် ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များတွင် အမှိုက်များကောက်ခြင်းက လာမည့် ဘေးကနေသင့်ကိုကံဖယ်သွားပါလိမ့်မည်။

 
ကျန်းမာရေးမကောင်းသူများ ။  ။ ဈေးထဲသွားရင်း၊လမ်းသွားရင်း ရေသတ္တဝါအရှင်များ တွေ့ပါက ဝယ်ယူကာ ဘေးမဲ့လွှတ်ပါ။

ထီကံကောင်းလိုသူများ။  ။ လမ်းတွင်တွေ့သည့် လက်တွန်းလှည်းထီဆိုင်မှ ၁ /၅ ဂဏန်းများပါသော ထီကိုရွေးထိုးပါ။

(  Zawgyi  )

 ယခုရက္ပိုင္းအတြင္း သင့္အတြက္ မေမွ်ာ္လင့္ဘဲအခြင့္အေရးေကာင္းေတြ ၊ေငြအစုလိုက္ အၿပဳံလိုက္ ဝင္တာေတြ တစ္ပုံႀကီးေပၚလာမယ့္ အခ်ိန္အခါပါ။ ၾကာသပေတး သားသမီး ေတြနဲ႔ တိုင္ပင္တာကသင့္အတြက္ လူမႈေရး ၊စီးပြားေရး ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ ႏိုင္ပါတယ္။ ခရီးထြက္တာေတြ၊ဘုရားဖူးသြားရတာေတြ ႏိုင္ငံျခားခရီးေတြ ပ်က္တတ္ပါ တယ္။ လူမ်ိဳးကြဲေတြနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတြ  အက်ိဳးေပးေကာင္းေနပါတယ္။ ကိုယ္နာမည္ ဂုဏ္သိကၡာတက္မယ့္ကိန္းလည္း ရွိေနပါတယ္။ ဆုံးရႈံးခဲ့တဲ့ ေငြေတြလည္း ျပန္ရကိန္းရွိပါတယ္။မိသားစုအတြင္း၊လုပ္ငန္းခြင္အတြင္းသာယာေနပါလိမ့္မယ္။အႏုပညာ၊ ကား၊အလွကုန္၊ ကြန္ပ်ဴတာ အစားအေသာက္လုပ္ငန္းသမားေတြ ေကာင္းပါတယ္။ ဒီရက္ပိုင္းထီကံေကာင္းလို႔ ထီထိုးသင့္ပါတယ္။ ပညာေရးကေတာ့ ကံေကာင္းေနပါ တယ္။ က်န္းမာေရးကေတာ့ ခ်ဳပ္စာေတြေၾကာင့္ ဒုကၡမ်ားကိန္းျမင္ပါတယ္။ အိမ္ေထာင္၊ ခ်စ္သူမ်ား အၾကားအျပန္အလွန္ယုံၾကည္မႈေတြ တိုးလာမယ့္ အခါသမယပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား ယခုတစ္ပတ္လုံး ေအာင္သေျပပန္းကပ္လႉကာ ရွင္သီဝလီဂါထာကို သက္ေစ့႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ဘုရားေရွ႕တြင္ ကိုးရက္တိတိတဟိ့ ံတဟိ့ ံဂါထာ သက္ေစ့႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားရွိတနဂၤေႏြေထာင့္တြင္  ဂုဏ္ေတာ္ ပုတီးစိပ္ၿပီး အလုပ္အကိုင္ႏွင့္ပတ္သက္ၿပီးလိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္ထဲရွိဘူးလြတ္၊ ကတ္ထူစကၠဴဗူး အလြတ္ေတြရွိပါက ဖယ္ရွားပါ။သြားတိုက္ေဆးဗူးအလြတ္ေတာင္ ႏွေျမာၿပီး ခ်န္မထား ပါနဲ႔။ သင္လြတ္သြားမည့္ ကိန္းရွိေနပါသည္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။အရဟံအစခ်ီဂါထာအား သတိရတိုင္း႐ြတ္ဆိုပါ။ ဘုရားတြင္ ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားေကာက္ျခင္းက လာမည့္ ေဘးကေနသင့္ကိုကံဖယ္သြားပါလိမ့္မည္။

 
က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေဈးထဲသြားရင္း၊လမ္းသြားရင္း ေရသတၱဝါအရွင္မ်ား ေတြ႕ပါက ဝယ္ယူကာ ေဘးမဲ့လႊတ္ပါ။

ထီကံေကာင္းလိုသူမ်ား။  ။ လမ္းတြင္ေတြ႕သည့္ လက္တြန္းလွည္းထီဆိုင္မွ ၁ /၅ ဂဏန္းမ်ားပါေသာ ထီကိုေ႐ြးထိုးပါ။