【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသောကိစ္စများအတွက် သောကြာနေ့ သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ ဒီရက်ပိုင်းအတွင်း ကံအညံ့လေးတွေ ရှိနေသလို အနှောင့်အယှက် များလည်းရှိနေတတ်ပါတယ်။ ယခုရက်ပိုင်း အတွင်း ပညာရေး၊ဘာသာရေး ကံတွေ ကောင်းနေတတ်ပါတယ်။ လူမှုရေး အတိုက် အခိုက်တွေ ရှိလို့ နုတ်ချိုဖို့ လိုပါတယ်။ အိမ်ဝယ်မြေဝယ် လုပ်ငန်းတွေ ၊သစ်လုပ်ငန်း စပ်တူ လုပ်ငန်းများ အောင်မြင်မှုမရနိုင် သေးပါဘူး။ ငွေဝင်ကောင်းသလို ငွေထွက် လည်း များနေတတ် ပါတယ်။ ကွဲကွာနေတဲ့သူတွေ ရပ်ဝေးက မိတ်ဆွေဟောင်း တွေ နဲ့ ပြန်အဆက်အသွယ်ရတတ်ပါတယ်။ ကျန်းမာရေး ကောင်းပေမယ့် အပူအစပ် အစာတွေကြောင့် ဒုက္ခများတတ်ပါတယ်။ ပညာသင်နေတဲ့သူတွေ ပညာကံကောင်းဖို့ သံဃာတော်တွေ ကို စာအုပ်စာတမ်းတွေ လှူဒါန်းပေးပါ။ ရည်မှန်းချက် ပြည်စုံပါမယ်။ အိမ်ထောင်ရှင်များ ချစ်သူတွေကတော့ တခဏတာဝေးရမယ့် ကိန်းရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား သင်္ဘောသီးဖြင့် သစ်သီး ဆွမ်းကပ်လှူကာ လိုရာဆုတောင်းပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ယခုရက်ပိုင်းအတွင်း နံနက်စောစော ပဋ္ဌာန်း၊ဂုဏ်တော်ကွန်ချာကို နံနက်တိုင်း ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။နေအိမ်အနီးဘုရားစေတီများသို့သွားကာ သောကြာထောင့်အရပ်တွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။နေအိမ်ထဲတွင် ရွှေရောင် ပစ္စည်း အဟောင်း အပျက်များ၊ ကုတင်၊ဖျာအောက်ရွှေရောင်ပါသည့် ပိတ်စစက္ကူစများရှိနေပါက ရှင်းလင်းလွှင့်ပစ်ပါ။   

လူမှုရေးအတိုက်အခံများသူများ။  ။အိမ်နှင့်အနီးဆုံးစေတီတွင် နံနက်စောစော အမှိုက် များ ရှင်းလင်းပေးခြင်းက အကောင်းဆုံးဖြစ်သည်။

ကျန်းမာရေးမကောင်းသူများ ။  ။ ဈေးတွင် ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲဝယ်ကာ လွှတ်ပါလေ။

ထီကံကောင်းလိုသူများ။     ။ယခုတစ်ပတ် ဘာဂဏန်းထိုးထိုး ၁/၆ ဂဏန်းပါအောင် ထိုးတာက  ထီကံကောင်းဖို့ အခွင့်အလမ်းများစေပါတယ်။

(  Zawgyi  )

 ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး ပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ေသာၾကာေန႔ သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ ဒီရက္ပိုင္းအတြင္း ကံအညံ့ေလးေတြ ရွိေနသလို အေႏွာင့္အယွက္ မ်ားလည္းရွိေနတတ္ပါတယ္။ ယခုရက္ပိုင္း အတြင္း ပညာေရး၊ဘာသာေရး ကံေတြ ေကာင္းေနတတ္ပါတယ္။ လူမႈေရး အတိုက္ အခိုက္ေတြ ရွိလို႔ ႏုတ္ခ်ိဳဖို႔ လိုပါတယ္။ အိမ္ဝယ္ေျမဝယ္ လုပ္ငန္းေတြ ၊သစ္လုပ္ငန္း စပ္တူ လုပ္ငန္းမ်ား ေအာင္ျမင္မႈမရႏိုင္ ေသးပါဘူး။ ေငြဝင္ေကာင္းသလို ေငြထြက္ လည္း မ်ားေနတတ္ ပါတယ္။ ကြဲကြာေနတဲ့သူေတြ ရပ္ေဝးက မိတ္ေဆြေဟာင္း ေတြ နဲ႔ ျပန္အဆက္အသြယ္ရတတ္ပါတယ္။ က်န္းမာေရး ေကာင္းေပမယ့္ အပူအစပ္ အစာေတြေၾကာင့္ ဒုကၡမ်ားတတ္ပါတယ္။ ပညာသင္ေနတဲ့သူေတြ ပညာကံေကာင္းဖို႔ သံဃာေတာ္ေတြ ကို စာအုပ္စာတမ္းေတြ လႉဒါန္းေပးပါ။ ရည္မွန္းခ်က္ ျပည္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ား ခ်စ္သူေတြကေတာ့ တခဏတာေဝးရမယ့္ ကိန္းရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား သေဘၤာသီးျဖင့္ သစ္သီး ဆြမ္းကပ္လႉကာ လိုရာဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ယခုရက္ပိုင္းအတြင္း နံနက္ေစာေစာ ပ႒ာန္း၊ဂုဏ္ေတာ္ကြန္ခ်ာကို နံနက္တိုင္း ႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ေနအိမ္အနီးဘုရားေစတီမ်ားသို႔သြားကာ ေသာၾကာေထာင့္အရပ္တြင္ ပ႒ာန္း႐ြတ္ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ေနအိမ္ထဲတြင္ ေ႐ႊေရာင္ ပစၥည္း အေဟာင္း အပ်က္မ်ား၊ ကုတင္၊ဖ်ာေအာက္ေ႐ႊေရာင္ပါသည့္ ပိတ္စစကၠဴစမ်ားရွိေနပါက ရွင္းလင္းလႊင့္ပစ္ပါ။   

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။အိမ္ႏွင့္အနီးဆုံးေစတီတြင္ နံနက္ေစာေစာ အမႈိက္ မ်ား ရွင္းလင္းေပးျခင္းက အေကာင္းဆုံးျဖစ္သည္။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေဈးတြင္ ငါးအရွင္ေတြ႕ပါက ေဈးမဆစ္ဘဲဝယ္ကာ လႊတ္ပါေလ။

ထီကံေကာင္းလိုသူမ်ား။     ။ယခုတစ္ပတ္ ဘာဂဏန္းထိုးထိုး ၁/၆ ဂဏန္းပါေအာင္ ထိုးတာက  ထီကံေကာင္းဖို႔ အခြင့္အလမ္းမ်ားေစပါတယ္။