【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက်ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

အဖက်ဖက်ကကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ကံတရားက အကျိုးပေးတဲ့ဘက်ရောက်နေတဲ့ အ တွက် လုပ်ငန်းသစ်၊နေရာသစ် စတာတွေ အစပြုလုပ်တာကောင်းပါတယ်။ အလုပ်အကိုင်တွေ ဒီရက်ပိုင်း တိုးချဲ့သင့်ပါတယ်။ ပညာရေး၊လူမှုရေး၊ စီးပွားရေးအတွက် သောကြာသားသမီးတွေကိုတိုင်ပင်တာ အကောင်း ဆုံးပါဘဲ။ ငွေကံကောင်းနေတတ်ပါတယ်။ ဒီကာလ အပြိုင်အဆိုင်များ တတ်ပါ တယ်။ အရာရာကိုယ် အောင်မြင် မှုကိုမလိုလားသူတွေရဲ့ အတိုက် အခိုက်ရှိပါတယ်။ မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေကြုံ ရတတ်ပါတယ်။ စပ်တူရှယ်ယာအလုပ်များအကျိုးမပေးသေးပါဘူး။ ခေတ္တဆိုင်းငံထားပါဦး။ ပြည်တွင်းပြည်ပခရီးတွေ အဆင်မပြေ ဖြစ်တတ်ပါတယ်။ နိုင်ငံခြားလူမျိုးခြားက သင်ကိုအကျိုးပေးပါမယ်။ မထင်မှတ်ဘဲခရီးကောင်းတွေ၊ ဘုရားဖုူးခရီးတွေ သွားရကိန်းရှိပါ တယ်။ ဒီရက်ပိုင်း ဝမ်း၊ဆီး၊အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါ တယ်။ ပညာသင်ရေးကတော့ လုပ်ငန်းခွင် စာမေးပွဲ ရာထူးစာမေးပွဲဖြေဆိုထားသူများရည်မှန်းချက် ပြည့်စုံပါမယ်။ အိမ်ထောင်ရှင်များစိတ်ကသိကအောင့်ဖြစ်စရာတွေ့ ဖြစ်တတ်ပါ တယ်။ငယ်ရွယ်သူများ မထင်မှတ်ဘဲ ပျော်ရွှင်စရာကြုံရပါလိမ့်မယ်။

 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။မနက်နေမတက်မီ ဒိဝါတပတိ ဂါထာကိုကိုးခေါက်တိတိ ယုံယုံကြည်ကြည် တစ်ပတ် လုံး ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ နံနက်စောစောတန်းဆွမ်းကြွလာသည့် သံဃာတော်များကိုဆွမ်းထလောင်းပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။     ။ ရွှေတိဂုံဘုရားအောင်မြေ တွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား အောင်သ ပြေ ၉ ညွှန် ကပ်လှူကာဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်တွင် ကြည့်မှန် အဟောင်းများရှိပါကလွှတ်ပစ်ပါ။ ချစ်သူနှင့်တွေ့ရန် သွား သည့်အခါတိုင်းရေမွှေးဆွတ်သွားပါ။

လူမှုရေးအတိုက်အခံများသူများ။  ။စေတီရင်ပြင်များတွင်မေတ္တာသုတ် ရွတ်၍ သန့်ရှင်းရေးလုပ်ကာ ဆီမီးပူဇော် ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ နံနက်ဘက်ထကာအိမ်ရှေ့လမ်း ကိုသန့်ရှင်းပြီးခို၊စာကလေးများအတွက် အစာကျွေးပါ။

ထီကံကောင်းလိုသူများ။             ။ ထီဆိုင်တွင်  ၃ အစ ၅ အဆုံး ဂဏန်းများများပါသည့်ကိုရွေးထိုးပါ။

 

( Zawgyi )

 အဖက္ဖက္ကကံဇာတာပြင့္လန္းေနပါလိမ့္မယ္။ကံတရားက အက်ိဳးေပးတဲ့ဘက္ေရာက္ေနတဲ့ အ တြက္ လုပ္ငန္းသစ္၊ေနရာသစ္ စတာေတြ အစျပဳလုပ္တာေကာင္းပါတယ္။ အလုပ္အကိုင္ေတြ ဒီရက္ပိုင္း တိုးခ်ဲ႕သင့္ပါတယ္။ ပညာေရး၊လူမႈေရး၊ စီးပြားေရးအတြက္ ေသာၾကာသားသမီးေတြကိုတိုင္ပင္တာ အေကာင္း ဆုံးပါဘဲ။ ေငြကံေကာင္းေနတတ္ပါတယ္။ ဒီကာလ အၿပိဳင္အဆိုင္မ်ား တတ္ပါ တယ္။ အရာရာကိုယ္ ေအာင္ျမင္ မႈကိုမလိုလားသူေတြရဲ႕ အတိုက္ အခိုက္ရွိပါတယ္။ မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြႀကဳံ ရတတ္ပါတယ္။ စပ္တူရွယ္ယာအလုပ္မ်ားအက်ိဳးမေပးေသးပါဘူး။ ေခတၱဆိုင္းငံထားပါဦး။ ျပည္တြင္းျပည္ပခရီးေတြ အဆင္မေျပ ျဖစ္တတ္ပါတယ္။ ႏိုင္ငံျခားလူမ်ိဳးျခားက သင္ကိုအက်ိဳးေပးပါမယ္။ မထင္မွတ္ဘဲခရီးေကာင္းေတြ၊ ဘုရားဖုူးခရီးေတြ သြားရကိန္းရွိပါ တယ္။ ဒီရက္ပိုင္း ဝမ္း၊ဆီး၊အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါ တယ္။ ပညာသင္ေရးကေတာ့ လုပ္ငန္းခြင္ စာေမးပြဲ ရာထူးစာေမးပြဲေျဖဆိုထားသူမ်ားရည္မွန္းခ်က္ ျပည့္စုံပါမယ္။ အိမ္ေထာင္ရွင္မ်ားစိတ္ကသိကေအာင့္ျဖစ္စရာေတြ႕ ျဖစ္တတ္ပါ တယ္။ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲ ေပ်ာ္႐ႊင္စရာႀကဳံရပါလိမ့္မယ္။

 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။မနက္ေနမတက္မီ ဒိဝါတပတိ ဂါထာကိုကိုးေခါက္တိတိ ယုံယုံၾကည္ၾကည္ တစ္ပတ္ လုံး ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ နံနက္ေစာေစာတန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကိုဆြမ္းထေလာင္းပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။     ။ ေ႐ႊတိဂုံဘုရားေအာင္ေျမ တြင္ အဓိ႒ာန္ျပဳပါ။ဘုရားအား ေအာင္သ ေျပ ၉ ၫႊန္ ကပ္လႉကာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္တြင္ ၾကည့္မွန္ အေဟာင္းမ်ားရွိပါကလႊတ္ပစ္ပါ။ ခ်စ္သူႏွင့္ေတြ႕ရန္ သြား သည့္အခါတိုင္းေရေမႊးဆြတ္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေစတီရင္ျပင္မ်ားတြင္ေမတၱာသုတ္ ႐ြတ္၍ သန႔္ရွင္းေရးလုပ္ကာ ဆီမီးပူေဇာ္ ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ နံနက္ဘက္ထကာအိမ္ေရွ႕လမ္း ကိုသန႔္ရွင္းၿပီးခို၊စာကေလးမ်ားအတြက္ အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား။             ။ ထီဆိုင္တြင္  ၃ အစ ၅ အဆုံး ဂဏန္းမ်ားမ်ားပါသည့္ကိုေ႐ြးထိုးပါ။