ယခုရက်ပိုင်းအတွင်း သောကြာသားသမီးတွေနဲ့ သင့်လူမှုရေး ၊စီးပွားရေး၊ပညာရေးကိစ္စတွေ တိုင်ပင် ရင် အစစအရာရာအောင်မြင်နိုင် ပါတယ်။ ဒီကာလမှာ စာချုပ်စာတမ်းကိစ္စတွေ၊ အိမ်ခြံမြေ ကိစ္စတွေ၊ အစုရှယ်ယာ အလုပ်တွေ ကောင်းတတ်ပြီး လုပ်ငန်းသစ် လုပ်သူတွေ၊ အလုပ်အကိုင်ပြောင်းရွှေ့လုပ်ကိုင်သူတွေ အဆင်ပြေ တတ်တဲ့ကာလပါ။ ဒါပေမယ့် တချို့ကိစ္စတွေမှာ စိတ်မတင်မကျဖြစ် ရတာတွေ၊ ဆုံးဖြတ်ရခက်တဲ့ ပြဿနာတွေ နဲ့ လုံးထွေးလွဲချော်နေ တတ်ပါတယ်။ ဘာမဆိုစိတ်ရှည်သင့်တဲ့ ကာလ ဖြစ်နေပြီးခရီးစဉ်တွေ နိုင်ငံခြားခရီးတွေ ပေါ်တတ်ပါတယ်။ စက်ပစ္စည်း လုပ်ငန်းရောင်းဝယ် လုပ်ကိုင်သူတွေ လူရင်းတွေ ၊ရင်းနှီးရသူတွေကြောင့် အခက်အခဲဖြစ် တတ်ပါတယ်။ ပညာရေးကတော့ သင်တက်ချင်တဲ့ သင်တန်းတွေ ကျောင်းတွေ တက်ဖို့ အခွင့်အရေး ပေါ်တတ်ပါတယ်။ အိမ်ထောင်ရှင် များအတွက်ကတော့ အဆင်မပြေဖြစ်တတ်တဲ့ အချိန်ကာလပါ။ ငယ်ရွယ်သူ သမီးရည်းစားတွေ ဆုံးဖြတ်ရခက်တဲ့ အချိန်ကာလတစ်ခုကိုရောက်နေပါတယ်။ ကျန်းမာရေးက အစာအိမ်၊ဆီးပိုင်း ဆိုင်ရာတွေမှာ ဒုက္ခပေးတတ်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား သကြားယာဂုဆွမ်းအား ကပ်လှူပူဇော်ကာ နံနက်တိုင်းရှင်သီဝလီဂါထာကို ၉ ခေါက်တိတိနေမထွက်မီ ရွတ်ဆိုပါ။
ပြည်ပထွက်ခွာလိုသူများ။ ။အိမ်ရှေ့ရောက်လာသည့် အလှူခံ ပုဂ္ဂိုလ် မည်သူကိုမဆို ဖိနပ် (သို့မဟုတ်) ထီးတစ်ခုခုကို လှူဒါန်း ဒါနပြုပေး ပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ဘုရားစေတီများ၏ သောကြာထောင့်သို့ သွားကာ နမောတေဂါ ထာအား ၁၀၈ ခေါက် ရွတ်ပူဇော်ဆိုကာ လိုရာဆုတောင်းပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ယခုရက်ပိုင်း အတွင်း အနက်ရောင်ဝတ်ဆင်ခြင်း ကိုရှောင်ပါ။အိမ်တွင်း မှန်အကွဲ များရှိနေက နေအိမ်ပြင်ပသို့ လွှင့်ပစ်ပါ။
လူမှုရေးအတိုက်အခံများသူများ။ ။ ဘုရားစေတီရင်ပြင်များတွင် အမှိုက်များရှင်းလင်းပေးခြင်း၊ ကုဋီများဆေး ကြောသုတ်သင်ပေးခြင်း ပြုလုပ်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားတွင် ရွှေသင်္ကန်း ကပ်လှူခြင်း၊လမ်းထဲအလှူဒါနပြုခြင်းများတွင် နိုင်သလောက် လှူဒါန်းပေးခြင်းပြုလုပ်ပါ။
ထီကံကောင်းလိုသူများ။ ။ကြုံရာထီဆိုင်တွင် ၁/၆ /၉ စသည့် ဂဏန်းများများပါအောင် ထီထိုးပါ။
( Zawgyi )
ယခုရက္ပိုင္းအတြင္း ေသာၾကာသားသမီးေတြနဲ႔ သင့္လူမႈေရး ၊စီးပြားေရး၊ပညာေရးကိစၥေတြ တိုင္ပင္ ရင္ အစစအရာရာေအာင္ျမင္ႏိုင္ ပါတယ္။ ဒီကာလမွာ စာခ်ဳပ္စာတမ္းကိစၥေတြ၊ အိမ္ၿခံေျမ ကိစၥေတြ၊ အစုရွယ္ယာ အလုပ္ေတြ ေကာင္းတတ္ၿပီး လုပ္ငန္းသစ္ လုပ္သူေတြ၊ အလုပ္အကိုင္ေျပာင္းေ႐ႊ႕လုပ္ကိုင္သူေတြ အဆင္ေျပ တတ္တဲ့ကာလပါ။ ဒါေပမယ့္ တခ်ိဳ႕ကိစၥေတြမွာ စိတ္မတင္မက်ျဖစ္ ရတာေတြ၊ ဆုံးျဖတ္ရခက္တဲ့ ျပႆနာေတြ နဲ႔ လုံးေထြးလြဲေခ်ာ္ေန တတ္ပါတယ္။ ဘာမဆိုစိတ္ရွည္သင့္တဲ့ ကာလ ျဖစ္ေနၿပီးခရီးစဥ္ေတြ ႏိုင္ငံျခားခရီးေတြ ေပၚတတ္ပါတယ္။ စက္ပစၥည္း လုပ္ငန္းေရာင္းဝယ္ လုပ္ကိုင္သူေတြ လူရင္းေတြ ၊ရင္းႏွီးရသူေတြေၾကာင့္ အခက္အခဲျဖစ္ တတ္ပါတယ္။ ပညာေရးကေတာ့ သင္တက္ခ်င္တဲ့ သင္တန္းေတြ ေက်ာင္းေတြ တက္ဖို႔ အခြင့္အေရး ေပၚတတ္ပါတယ္။ အိမ္ေထာင္ရွင္ မ်ားအတြက္ကေတာ့ အဆင္မေျပျဖစ္တတ္တဲ့ အခ်ိန္ကာလပါ။ ငယ္႐ြယ္သူ သမီးရည္းစားေတြ ဆုံးျဖတ္ရခက္တဲ့ အခ်ိန္ကာလတစ္ခုကိုေရာက္ေနပါတယ္။ က်န္းမာေရးက အစာအိမ္၊ဆီးပိုင္း ဆိုင္ရာေတြမွာ ဒုကၡေပးတတ္ပါတယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား သၾကားယာဂုဆြမ္းအား ကပ္လႉပူေဇာ္ကာ နံနက္တိုင္းရွင္သီဝလီဂါထာကို ၉ ေခါက္တိတိေနမထြက္မီ ႐ြတ္ဆိုပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။အိမ္ေရွ႕ေရာက္လာသည့္ အလႉခံ ပုဂၢိဳလ္ မည္သူကိုမဆို ဖိနပ္ (သို႔မဟုတ္) ထီးတစ္ခုခုကို လႉဒါန္း ဒါနျပဳေပး ပါ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ဘုရားေစတီမ်ား၏ ေသာၾကာေထာင့္သို႔ သြားကာ နေမာေတဂါ ထာအား ၁၀၈ ေခါက္ ႐ြတ္ပူေဇာ္ဆိုကာ လိုရာဆုေတာင္းပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ယခုရက္ပိုင္း အတြင္း အနက္ေရာင္ဝတ္ဆင္ျခင္း ကိုေရွာင္ပါ။အိမ္တြင္း မွန္အကြဲ မ်ားရွိေနက ေနအိမ္ျပင္ပသို႔ လႊင့္ပစ္ပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုရားေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားရွင္းလင္းေပးျခင္း၊ ကုဋီမ်ားေဆး ေၾကာသုတ္သင္ေပးျခင္း ျပဳလုပ္ေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားတြင္ ေ႐ႊသကၤန္း ကပ္လႉျခင္း၊လမ္းထဲအလႉဒါနျပဳျခင္းမ်ားတြင္ ႏိုင္သေလာက္ လႉဒါန္းေပးျခင္းျပဳလုပ္ပါ။
ထီကံေကာင္းလိုသူမ်ား။ ။ႀကဳံရာထီဆိုင္တြင္ ၁/၆ /၉ စသည့္ ဂဏန္းမ်ားမ်ားပါေအာင္ ထီထိုးပါ။