【 ဗေဒင် 】တနင်္ဂနွေသားသမီးများအတွက်ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

 ယခုတစ်ပတ်လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင် လိုသော ကိစ္စများအတွက် ကြာသပတေးသား သမီးများနှင့်  တိုင်ပင်ဆောင် ရွက်ပါ။ယခုရက်ပိုင်းအတွင်းသင့်ကံဇာတာကအဖက်ဖက်ကပွင့်လန်း
 နေပါလိမ့် မယ်။ လုပ်ငန်းခွင်မှာစိတ်ပင်ပန်းစရာတွေ ရှိတတ်ပေမယ့် လုပ်ငန်းတွေကိုအရှိန်မြင့် လုပ်ကိုင်သင့်တဲ့ အချိန်အခါ ပါ။ ခရီးစဉ်တွေ ပေါ်လာတတ်သလိုမိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီရတတ်ပါတယ်။ ဒါပေမယ့် မိမိ ထက်ကြီးကဲသူတွေက
အထင်လွဲတတ်တာတွေ ဖြစ်တတ်ပါတယ်။ သူတပါးကိစ္စမှာ ဝင်မပါတာအကောင်းဆုံးပါ။ခရီးသွားလုပ်ငန်းတွေ၊အိမ်ဆောက်ပစ္စည်းရောင်းဝယ်သူတွေ၊ သီးနှံကုန်သည်တွေ လျှပ်စစ်ပစ္စည်း ရောင်းဝယ် သူတွေ အလုပ်ကောင်းတဲ့ ကာလရောက်နေပြီး စာချုပ်စာတမ်းနဲ့ လုပ်ကိုင်ရတဲ့ အိမ်ခြံမြေလုပ်ငန်းတွေ၊စပ်တူ အစုရှယ်ယာလုပ်ငန်းတွေ ခဏရှောင်ထားသင့်ပါတယ်။ ပညာရေးကံကောင်းနေပေမယ့် စိတ်ကမတည်ငြိမ် တတ်လို့ အခြေအနေကောင်းကို လက်လွတ် တတ် ပါတယ်။ ကျန်းမာရေးကတော့ ဆီး၊မျက်စိ၊အစာအိမ်စတဲ့ အသုံးများတဲ့ ကိုယ်အင်္ဂါနေရာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ ချစ်သူရည်းစားတွေ စကားအပြောအဆို ကြောင့်အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအားယခုတစ်ပတ် ကြာသပတေးနံပန်းပေါင်းစုံဖြင့်  ပူဇော်ပြီး ဒိဝါတပတိဂါထာ ပုတီးစိပ်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ကိုယ်နှင့်နီးရာစေတီတစ်ဆူသို့ သွား၍ အဓိဋ္ဌာန်ပြုကာတဟိ့ ံတဟိ့ ဂါထာကိုသက်စေ့ ရွတ်ဆိုပူဇော်ပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားသွား၍ ကိုယ့်နေနံထောင်ရှိဘုရားအား ကြာသပတေးနံ ပန်းကပ်လှူကာရေသပ္ပယ်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။   ။ အိမ်ထဲကပုလင်းခွံ၊ဗူးခွံအကွဲတွေ မှန်အကွဲတွေ မထားပါနှင့်။

လူမှုရေးအတိုက်အခံများသူများ။   ။နံနက်စောစောထကာလမ်းကိုနိုင်သလောက် ရေဖြန်းကာတံမြက် စည်းလှည်း၍ မေတ္တာသုတ်ရွတ်ဆို ပါ။

ကျန်းမာရေးမကောင်းသူများ ။      ။ လမ်းထဲကျန်းမာရေး ချို့တဲ့သည့် သက်ကြီးရွယ်အိုများကို ဆေးဝါး ဓာတ်စာကုသိုလ်ပြုပေးပါ။

ထီကံကောင်းလိုသူများ။  ။အိမ်ရှေ့လာသည့် ထီဆိုင်မှ ၅ အစ ၈ အဆုံးထီလက်မှတ်ကို ထိုးပါ။ 

(  Zawgyi  )

  ယခုတစ္ပတ္လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္ လိုေသာ ကိစၥမ်ားအတြက္ ၾကာသပေတးသား သမီးမ်ားႏွင့္  တိုင္ပင္ေဆာင္ ႐ြက္ပါ။ယခုရက္ပိုင္းအတြင္းသင့္ကံဇာတာကအဖက္ဖက္ကပြင့္လန္း
 ေနပါလိမ့္ မယ္။ လုပ္ငန္းခြင္မွာစိတ္ပင္ပန္းစရာေတြ ရွိတတ္ေပမယ့္ လုပ္ငန္းေတြကိုအရွိန္ျမင့္ လုပ္ကိုင္သင့္တဲ့ အခ်ိန္အခါ ပါ။ ခရီးစဥ္ေတြ ေပၚလာတတ္သလိုမိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီရတတ္ပါတယ္။ ဒါေပမယ့္ မိမိ ထက္ႀကီးကဲသူေတြက
အထင္လြဲတတ္တာေတြ ျဖစ္တတ္ပါတယ္။ သူတပါးကိစၥမွာ ဝင္မပါတာအေကာင္းဆုံးပါ။ခရီးသြားလုပ္ငန္းေတြ၊အိမ္ေဆာက္ပစၥည္းေရာင္းဝယ္သူေတြ၊ သီးႏွံကုန္သည္ေတြ လွ်ပ္စစ္ပစၥည္း ေရာင္းဝယ္ သူေတြ အလုပ္ေကာင္းတဲ့ ကာလေရာက္ေနၿပီး စာခ်ဳပ္စာတမ္းနဲ႔ လုပ္ကိုင္ရတဲ့ အိမ္ၿခံေျမလုပ္ငန္းေတြ၊စပ္တူ အစုရွယ္ယာလုပ္ငန္းေတြ ခဏေရွာင္ထားသင့္ပါတယ္။ ပညာေရးကံေကာင္းေနေပမယ့္ စိတ္ကမတည္ၿငိမ္ တတ္လို႔ အေျခအေနေကာင္းကို လက္လြတ္ တတ္ ပါတယ္။ က်န္းမာေရးကေတာ့ ဆီး၊မ်က္စိ၊အစာအိမ္စတဲ့ အသုံးမ်ားတဲ့ ကိုယ္အဂၤါေနရာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ ခ်စ္သူရည္းစားေတြ စကားအေျပာအဆို ေၾကာင့္အဆင္မေျပမႈေတြ ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအားယခုတစ္ပတ္ ၾကာသပေတးနံပန္းေပါင္းစုံျဖင့္  ပူေဇာ္ၿပီး ဒိဝါတပတိဂါထာ ပုတီးစိပ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ကိုယ္ႏွင့္နီးရာေစတီတစ္ဆူသို႔ သြား၍ အဓိ႒ာန္ျပဳကာတဟိ့ ံတဟိ့ ဂါထာကိုသက္ေစ့ ႐ြတ္ဆိုပူေဇာ္ပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားသြား၍ ကိုယ့္ေနနံေထာင္ရွိဘုရားအား ၾကာသပေတးနံ ပန္းကပ္လႉကာေရသပၸယ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။   ။ အိမ္ထဲကပုလင္းခြံ၊ဗူးခြံအကြဲေတြ မွန္အကြဲေတြ မထားပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။   ။နံနက္ေစာေစာထကာလမ္းကိုႏိုင္သေလာက္ ေရျဖန္းကာတံျမက္ စည္းလွည္း၍ ေမတၱာသုတ္႐ြတ္ဆို ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။      ။ လမ္းထဲက်န္းမာေရး ခ်ိဳ႕တဲ့သည့္ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါး ဓာတ္စာကုသိုလ္ျပဳေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။အိမ္ေရွ႕လာသည့္ ထီဆိုင္မွ ၅ အစ ၈ အဆုံးထီလက္မွတ္ကို ထိုးပါ။