【 ဗေဒင် 】စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း ပြဿနာတွေများနေတတ်လို့ အရာရာသတိထားသင့်တဲ့ အချိန်အခါပါ။ဒီရက်ပိုင်းဆုံးရှုံးခဲ့တဲ့ အခွင့်အရေးတွေ၊ ငွေတွေ ပြန်ရမယ့်အချိန် ဖြစ်သလို ပြဿနာဟောင်းတွေ၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်ပါတယ်။မကြာမကြာ စိတ်တိုဒေါသထွက်စရာ ရှိလာတတ်ပါတယ်။လုပ်ငန်းခွင်ထဲမှာ ဆိုပါက သင်ရှောင်ထွက်လိုက်ပါ။သင့်တိုးတက်ကိန်းကို ထိခိုက်နိုင်ပါတယ်။ရွှေအထည် ငွေထည် အဟောင်းတွေ ဝင်လာတတ်လို့ ဝင်လာရင် သင့်အတွက် ကံမကောင်းစေလို့ လက်မခံသင့်ပါဘူး။ဒီရက်ပိုင်းမှာ ခရီးမကြာခဏ သွားရတတ်သလို စီစဉ်ထားရင်လည်း  မအောင်မြင်တတ်ပါတယ်။ဘုရားဖူးခရီးအတွက် လာခေါ်သူရှိရင် မငြင်းပါနဲ့။သွားဖြစ်ရင် အခြေအနေကောင်းလာမှာ ဖြစ်ပါတယ်။စီးပွားရေးသမား ခရီးသွားနဲ့ ဆောက်လုပ်ရေးပစ္စည်း ရောင်းသူများ၊ ရေထွက်ကုန်လုပ်ငန်း လုပ်သူများ အချိန်ကောင်းဖြစ်ပြီး အိမ်ခြံမြေ၊ စပ်တူကိစ္စတွေ၊ စာချုပ်နဲ့ လုပ်ရတဲ့ လုပ်ငန်းတွေ ဒီကာလမှာ ရှောင်ပါဦး။ကျန်းမာရေးကတော့ အာရုံကြောနဲ့ အစာအိမ် ဒုက္ခပေးတတ်ပါတယ်။ပညာရေးကံကတော့ အသင့်အတင့်ပဲဖြစ်ပြီး ဆုံးဖြတ်စရာတွေရှိရင် နားလည်တတ်ကျွမ်းသူထံက အကြံဉာဏ်ယူသင့်ပါတယ်။အိမ်ထောင်ရှင်များ ပဋိပက္ခကင်းကာ စီးပွားရေး၊ လူမှုရေး ထင်သလောက် ခရီးလမ်းပေါက်နေပေမယ့် ချစ်သူတွေကတော့ ဘာလုပ်လုပ် အဆင်မပြေဖြစ်တတ်တဲ့ အချိန်ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်လလုံး ကံ့ကော်ပန်းဖြင့် ပူဇော်ကာ လိုရာဆုတောင်းပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစောထ၍ သံဃာတော်များကို တန်းဆွမ်းလောင်းလှူပါ။  

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားတွင် အောင်သပြေ ၉ ညွှန့် ကပ်လှူကာ မိမိလျှောက်ထားသည့် အလုပ်အား အာရုံပြုဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မိုးလင်းနှင့် မိုးချုပ် (သို့မဟုတ်) အပြင်ထွက်တိုင်း စိတ်ကောင်းမွေးကာ မေတ္တာသုတ်ရွတ်ဆိုပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေ့စဉ် အရဟံဂုဏ်တော်ကို သတိရတိုင်း ရွတ်ဆိုပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် ရွှေသင်္ကန်းကပ်ပါ။ထုံးသင်္ကန်း ကပ်လှူပေးပါ။

ထီကံကောင်းလိုသူများ ။     ။ သွားရင်းလာရင်း တွေ့သည့် ထီဆိုင်တွင် ၂/၇/၉ ဂဏန်းများကို ရွေးထိုးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း ျပႆနာေတြမ်ားေနတတ္လို႔ အရာရာသတိထားသင့္တဲ့ အခ်ိန္အခါပါ။ဒီရက္ပိုင္းဆုံးရႈံးခဲ့တဲ့ အခြင့္အေရးေတြ၊ ေငြေတြ ျပန္ရမယ့္အခ်ိန္ ျဖစ္သလို ျပႆနာေဟာင္းေတြ၊ ေရာဂါေဟာင္းေတြ ျပန္ေပၚတတ္ပါတယ္။မၾကာမၾကာ စိတ္တိုေဒါသထြက္စရာ ရွိလာတတ္ပါတယ္။လုပ္ငန္းခြင္ထဲမွာ ဆိုပါက သင္ေရွာင္ထြက္လိုက္ပါ။သင့္တိုးတက္ကိန္းကို ထိခိုက္ႏိုင္ပါတယ္။ေ႐ႊအထည္ ေငြထည္ အေဟာင္းေတြ ဝင္လာတတ္လို႔ ဝင္လာရင္ သင့္အတြက္ ကံမေကာင္းေစလို႔ လက္မခံသင့္ပါဘူး။ဒီရက္ပိုင္းမွာ ခရီးမၾကာခဏ သြားရတတ္သလို စီစဥ္ထားရင္လည္း  မေအာင္ျမင္တတ္ပါတယ္။ဘုရားဖူးခရီးအတြက္ လာေခၚသူရွိရင္ မျငင္းပါနဲ႔။သြားျဖစ္ရင္ အေျခအေနေကာင္းလာမွာ ျဖစ္ပါတယ္။စီးပြားေရးသမား ခရီးသြားနဲ႔ ေဆာက္လုပ္ေရးပစၥည္း ေရာင္းသူမ်ား၊ ေရထြက္ကုန္လုပ္ငန္း လုပ္သူမ်ား အခ်ိန္ေကာင္းျဖစ္ၿပီး အိမ္ၿခံေျမ၊ စပ္တူကိစၥေတြ၊ စာခ်ဳပ္နဲ႔ လုပ္ရတဲ့ လုပ္ငန္းေတြ ဒီကာလမွာ ေရွာင္ပါဦး။က်န္းမာေရးကေတာ့ အာ႐ုံေၾကာနဲ႔ အစာအိမ္ ဒုကၡေပးတတ္ပါတယ္။ပညာေရးကံကေတာ့ အသင့္အတင့္ပဲျဖစ္ၿပီး ဆုံးျဖတ္စရာေတြရွိရင္ နားလည္တတ္ကြၽမ္းသူထံက အႀကံဉာဏ္ယူသင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား ပဋိပကၡကင္းကာ စီးပြားေရး၊ လူမႈေရး ထင္သေလာက္ ခရီးလမ္းေပါက္ေနေပမယ့္ ခ်စ္သူေတြကေတာ့ ဘာလုပ္လုပ္ အဆင္မေျပျဖစ္တတ္တဲ့ အခ်ိန္ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္လလုံး ကံ့ေကာ္ပန္းျဖင့္ ပူေဇာ္ကာ လိုရာဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာထ၍ သံဃာေတာ္မ်ားကို တန္းဆြမ္းေလာင္းလႉပါ။  

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားတြင္ ေအာင္သေျပ ၉ ၫႊန႔္ ကပ္လႉကာ မိမိေလွ်ာက္ထားသည့္ အလုပ္အား အာ႐ုံျပဳဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ မိုးလင္းႏွင့္ မိုးခ်ဳပ္ (သို႔မဟုတ္) အျပင္ထြက္တိုင္း စိတ္ေကာင္းေမြးကာ ေမတၱာသုတ္႐ြတ္ဆိုေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေန႔စဥ္ အရဟံဂုဏ္ေတာ္ကို သတိရတိုင္း ႐ြတ္ဆိုပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ ေ႐ႊသကၤန္းကပ္ပါ။ထုံးသကၤန္း ကပ္လႉေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ သြားရင္းလာရင္း ေတြ႕သည့္ ထီဆိုင္တြင္ ၂/၇/၉ ဂဏန္းမ်ားကို ေ႐ြးထိုးပါ။