【 ဗေဒင် 】စနေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

အပြိုင်အဆိုင်တွေများလို့ သင်စိတ်ရှုပ်ခဲ့ရတဲ့ ကာလတွေပြီးဆုံး ပါပြီ။ ဆုံးပြီလို့ ထင်တဲ့ ငွေနဲ့ ပစ္စည်း ဟောင်းတွေ ပြန်ရတတ် သလို အခွင့်အရေးကောင်းတွေ ပြန်ဝင်လာမယ့်အချိန်အခါပါ။ ပြဿနာ
ဟောင်းတွေ၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်သလို လုပ်ငန်းတွေကောင်းလွန်းလို့ သူတပါးမနာလိုလောက်အောင် ဖြစ်တတ် တဲ့ ကာလပါ။ ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး၊ပညာရေးအောင်မြင် လိုသောကိစ္စများ အတွက်တိုင်ပင်မယ် ဆိုရင်  တနင်္လာသားသမီး
များနဲ့ တိုင်ပင် ဆောင်ရွက်ပါ။ငွေဝင်ကောင်းနေတတ်သလို ရစရာရှိတာတွေရမယ့် အချိန်အခါပါ။ယခုရက်ပိုင်း အဝေးပြည်ပနှင့် ပတ်သက်တဲ့  ဝမ်းသာစရာများ ကြုံရတတ်ပါသည်။ လုပ်ငန်း လမ်းစသစ်၊ အခွင့်အရေးသစ်များ ပေါ်ပေါက်လာ တတ်ပါသည်။ ငွေရွှင်နေလို့ အပျော်အပါးကို ဂရုစိုက်ပါ။ လုပ်ငန်းထဲမှာ လူရင်းတပည့်ရင်းတွေက သင့်ကိုအခက် တွေ့အောင်လုပ်ကိန်း ရှိပါတယ်။  ပညာရေးကိစ္စမှာလည်း  ဒီရက်ပိုင်းမှာ ခက်ခဲပေမယ့် နောက်ပိုင်း အဆင် ပြေပါလိမ့်မယ်။ ကျန်းမာရေးကတော့ အကောင်းဘက်မှာ ရှိပေမယ့်  ဝမ်း၊ဦးခေါင်းစတဲ့ရောဂါတွေဖြစ်တတ်ပါတယ်။အိမ်ထောင်သည်တွေ စိတ်ချမ်းသာရမယ့် အချိန်ကာလဖြစ်သလို  ချစ်သူတွေအတွက်လည်း အဆင်ပြေနေတဲ့ ကာလပါ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား၊ဖယောင်းတိုင် ၇ တိုင် ကံကော် ၇ ညွှန်ဖြင့်  ခုနှစ်ရက်လုံး ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ပြည်ပသွားမည့်ကိစ္စအတွက် သွားခါနီးတိုင်း မသွားခင် ခိုစာ၊ကျီးစာကျွေးပြီးမှ သွားပါ။  

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။    ။တနင်္လာနံပါသော ဘုရားစေတီတွင်  ယခုတစ်ပတ် အတွင်း နေ့စဉ် အောင်သပြေပန်းထိုးပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။        ။အိမ်ရှိ ဘုရားစင်အတွင်း ပင့်ကူအိမ်များ၊ရုပ်ပုံတော်များ ရှိဖုန်များအား သန့်ရှင်းပေးပြီး ရေချမ်းကပ်လှူပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ရပ်ကွက်ထဲရှိ ဘုရား၊ကျောင်း၊စေတီများတွင် သန့်ရှင်းရေးလုပ်ပေးပါ။ ဘုရားရုပ်ပွားတော်များကို ရေသပ္ပါယ်ပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။     ။ ရပ်ကွက်ထဲရှိ ချို့တဲ့သော သက်ကြီး ရွယ်အိုများကို ငွေ၊ဆေးဝါး ဓာတ်စာများ လှူပေးပါ။

ထီကံကောင်းလိုသူများ။     ။ ကားနှင့်ရောင်းသောထီဆိုင်တွင် ၂ အစ ၇/၈/၉ အဆုံး ထီလက်မှတ်ကို ရှာထိုးပေးပါ။ 

(  Zawgyi  )

 အၿပိဳင္အဆိုင္ေတြမ်ားလို႔ သင္စိတ္ရႈပ္ခဲ့ရတဲ့ ကာလေတြၿပီးဆုံး ပါၿပီ။ ဆုံးၿပီလို႔ ထင္တဲ့ ေငြနဲ႔ ပစၥည္း ေဟာင္းေတြ ျပန္ရတတ္ သလို အခြင့္အေရးေကာင္းေတြ ျပန္ဝင္လာမယ့္အခ်ိန္အခါပါ။ ျပႆနာ
ေဟာင္းေတြ၊ ေရာဂါေဟာင္းေတြ ျပန္ေပၚတတ္သလို လုပ္ငန္းေတြေကာင္းလြန္းလို႔ သူတပါးမနာလိုေလာက္ေအာင္ ျဖစ္တတ္ တဲ့ ကာလပါ။ ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရး၊ပညာေရးေအာင္ျမင္ လိုေသာကိစၥမ်ား အတြက္တိုင္ပင္မယ္ ဆိုရင္  တနလၤာသားသမီး
မ်ားနဲ႔ တိုင္ပင္ ေဆာင္႐ြက္ပါ။ေငြဝင္ေကာင္းေနတတ္သလို ရစရာရွိတာေတြရမယ့္ အခ်ိန္အခါပါ။ယခုရက္ပိုင္း အေဝးျပည္ပႏွင့္ ပတ္သက္တဲ့  ဝမ္းသာစရာမ်ား ႀကဳံရတတ္ပါသည္။ လုပ္ငန္း လမ္းစသစ္၊ အခြင့္အေရးသစ္မ်ား ေပၚေပါက္လာ တတ္ပါသည္။ ေငြ႐ႊင္ေနလို႔ အေပ်ာ္အပါးကို ဂ႐ုစိုက္ပါ။ လုပ္ငန္းထဲမွာ လူရင္းတပည့္ရင္းေတြက သင့္ကိုအခက္ ေတြ႕ေအာင္လုပ္ကိန္း ရွိပါတယ္။  ပညာေရးကိစၥမွာလည္း  ဒီရက္ပိုင္းမွာ ခက္ခဲေပမယ့္ ေနာက္ပိုင္း အဆင္ ေျပပါလိမ့္မယ္။ က်န္းမာေရးကေတာ့ အေကာင္းဘက္မွာ ရွိေပမယ့္  ဝမ္း၊ဦးေခါင္းစတဲ့ေရာဂါေတြျဖစ္တတ္ပါတယ္။အိမ္ေထာင္သည္ေတြ စိတ္ခ်မ္းသာရမယ့္ အခ်ိန္ကာလျဖစ္သလို  ခ်စ္သူေတြအတြက္လည္း အဆင္ေျပေနတဲ့ ကာလပါ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားရွင္အား၊ဖေယာင္းတိုင္ ၇ တိုင္ ကံေကာ္ ၇ ၫႊန္ျဖင့္  ခုႏွစ္ရက္လုံး ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ျပည္ပသြားမည့္ကိစၥအတြက္ သြားခါနီးတိုင္း မသြားခင္ ခိုစာ၊က်ီးစာေကြၽးၿပီးမွ သြားပါ။  

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။    ။တနလၤာနံပါေသာ ဘုရားေစတီတြင္  ယခုတစ္ပတ္ အတြင္း ေန႔စဥ္ ေအာင္သေျပပန္းထိုးေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။        ။အိမ္ရွိ ဘုရားစင္အတြင္း ပင့္ကူအိမ္မ်ား၊႐ုပ္ပုံေတာ္မ်ား ရွိဖုန္မ်ားအား သန႔္ရွင္းေပးၿပီး ေရခ်မ္းကပ္လႉပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ရပ္ကြက္ထဲရွိ ဘုရား၊ေက်ာင္း၊ေစတီမ်ားတြင္ သန႔္ရွင္းေရးလုပ္ေပးပါ။ ဘုရား႐ုပ္ပြားေတာ္မ်ားကို ေရသပၸါယ္ေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ရပ္ကြက္ထဲရွိ ခ်ိဳ႕တဲ့ေသာ သက္ႀကီး ႐ြယ္အိုမ်ားကို ေငြ၊ေဆးဝါး ဓာတ္စာမ်ား လႉေပးပါ။

ထီကံေကာင္းလိုသူမ်ား။     ။ ကားႏွင့္ေရာင္းေသာထီဆိုင္တြင္ ၂ အစ ၇/၈/၉ အဆုံး ထီလက္မွတ္ကို ရွာထိုးေပးပါ။