【 ဗေဒင် 】စနေသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်။

ဒီရက်ပိုင်းပညာရေး၊လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံး အကြံပေးနိုင်တာက တနင်္လာသားသမီး တွေပါ။ ခရီးထွက်တာတွေ၊ဘုရားဖူးသွားရတာတွေ နိုင်ငံခြားခရီးသွားရတာတွေ ပေါ်တတ် ပါတယ်။ လူမျိုးကွဲ တွေနဲ့ စပ်တူလုပ်ရတဲ့အလုပ်တွေ အကျိုးပေး
ကောင်းနေ ပါတယ်။ ဒီရက်ပိုင်းမှာ ငွေဝင်သလောက် ကုန်တတ်တဲ့ အတွက် ဘာသာရေးလေးပါ တွဲလုပ်ပေးရင် အဆင်ပြေမယ့်ကိန်း ပါဘဲ။ အလုပ်အကိုင်မှာတော့ အနှောင့် အယှက်အချို့ပေါ်တတ် သလို ဝန်ထမ်းဖြစ်သူတွေ အပြောအဆိုမတတ်လို့ ပြဿနာ တတ် ကိန်း ရှိ နေပါတယ်။ ဒီရက်ပိုင်းရပ်ဝေးက စိတ်ပျက်စရာသတင်း စကားကြားရကိန်းရှိပါတယ်။ ဒီကာလအတွင်းစပ်တူကိစ္စတွေ အကျိုးမပေးတတ်ပါ ဘူး။ကျန်းမာရေးကကောင်းနေပေမယ့် နှလုံးအားနည်းတတ်တာတွေ ဖြစ်တတ်ပါတယ်။ ပညာရေးကတော့ အာရုံစိုက်မှလိုရာရောက်မယ့်ကာလပါ။အိမ်ထောင်ရှင်တွေအိမ်ထောင် ဘက် ခဏဝေးကိန်းရှိပါတယ်။ ချစ်သူအချင်းချင်းနီးဖို့အတွက်ခဏဝေးရတဲ့ ကာလပါ။

 
ငွေကြေးအကျပ်အတည်းမှလွတ်မြောက်ရန်။     ။ ဘုရားအားမွေးနေ့ တွင် ငွေပန်းနှင့် ကြာဇံကျော် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။   ။ အိမ်သို့ ကြွလာသည့် သီလရှင်များအား ဆွမ်းဆန်၊ ငွေကြေးထောက်ပံပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။    ။တနင်္လာနံဘုရားတွင် ငွေပန်းကပ်လှူကာပဋ္ဌာန်းနှင့် ဓမ္မစကြာရွတ် ဖတ်ပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ရွှေရောင် ပစ္စည်း အဟောင်းအပျက်များ၊ပြက္ခဒိန် အဟောင်း များ အိမ်တွင် ရှိနေပါက လွတ်ပစ်လိုက်ပါ။

လူမှုရေးအတိုက်အခံများသူများ။ ။ ဘုရားစေတီများတွင် သန့်ရှင်းရေး လုပ်ပြီးပန်း၊ဆီးမီး၊ရေချမ်းပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ရပ်ထဲရွာထဲမှ ကျန်းမာရေး မကောင်း သူ ကို ဆေးဝါးနှင့် ဓာတ်စာ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။ ။ ကားနှင့်လှည့်ရောင်းသည့် ထီဆိုင်မှ ၂/၈ ဂဏန်းကိုပါအောင် ထိုးပါ။

( Zawgyi )

 ဒီရက္ပိုင္းပညာေရး၊လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံး အႀကံေပးႏိုင္တာက တနလၤာသားသမီး ေတြပါ။ ခရီးထြက္တာေတြ၊ဘုရားဖူးသြားရတာေတြ ႏိုင္ငံျခားခရီးသြားရတာေတြ ေပၚတတ္ ပါတယ္။ လူမ်ိဳးကြဲ ေတြနဲ႔ စပ္တူလုပ္ရတဲ့အလုပ္ေတြ အက်ိဳးေပး
ေကာင္းေန ပါတယ္။ ဒီရက္ပိုင္းမွာ ေငြဝင္သေလာက္ ကုန္တတ္တဲ့ အတြက္ ဘာသာေရးေလးပါ တြဲလုပ္ေပးရင္ အဆင္ေျပမယ့္ကိန္း ပါဘဲ။ အလုပ္အကိုင္မွာေတာ့ အေႏွာင့္ အယွက္အခ်ိဳ႕ေပၚတတ္ သလို ဝန္ထမ္းျဖစ္သူေတြ အေျပာအဆိုမတတ္လို႔ ျပႆနာ တတ္ ကိန္း ရွိ ေနပါတယ္။ ဒီရက္ပိုင္းရပ္ေဝးက စိတ္ပ်က္စရာသတင္း စကားၾကားရကိန္းရွိပါတယ္။ ဒီကာလအတြင္းစပ္တူကိစၥေတြ အက်ိဳးမေပးတတ္ပါ ဘူး။က်န္းမာေရးကေကာင္းေနေပမယ့္ ႏွလုံးအားနည္းတတ္တာေတြ ျဖစ္တတ္ပါတယ္။ ပညာေရးကေတာ့ အာ႐ုံစိုက္မွလိုရာေရာက္မယ့္ကာလပါ။အိမ္ေထာင္ရွင္ေတြအိမ္ေထာင္ ဘက္ ခဏေဝးကိန္းရွိပါတယ္။ ခ်စ္သူအခ်င္းခ်င္းနီးဖို႔အတြက္ခဏေဝးရတဲ့ ကာလပါ။

 
ေငြေၾကးအက်ပ္အတည္းမွလြတ္ေျမာက္ရန္။     ။ ဘုရားအားေမြးေန႔ တြင္ ေငြပန္းႏွင့္ ၾကာဇံေက်ာ္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။   ။ အိမ္သို႔ ႂကြလာသည့္ သီလရွင္မ်ားအား ဆြမ္းဆန္၊ ေငြေၾကးေထာက္ပံေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။    ။တနလၤာနံဘုရားတြင္ ေငြပန္းကပ္လႉကာပ႒ာန္းႏွင့္ ဓမၼစၾကာ႐ြတ္ ဖတ္ပူေဇာ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ေ႐ႊေရာင္ ပစၥည္း အေဟာင္းအပ်က္မ်ား၊ျပကၡဒိန္ အေဟာင္း မ်ား အိမ္တြင္ ရွိေနပါက လြတ္ပစ္လိုက္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုရားေစတီမ်ားတြင္ သန႔္ရွင္းေရး လုပ္ၿပီးပန္း၊ဆီးမီး၊ေရခ်မ္းပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ရပ္ထဲ႐ြာထဲမွ က်န္းမာေရး မေကာင္း သူ ကို ေဆးဝါးႏွင့္ ဓာတ္စာ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။ ။ ကားႏွင့္လွည့္ေရာင္းသည့္ ထီဆိုင္မွ ၂/၈ ဂဏန္းကိုပါေအာင္ ထိုးပါ။