【 ဗေဒင် 】စနေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသောကိစ္စများအတွက် သောကြာ သား သမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်းအလုပ်ထဲမှာနေရာပေးခံရခြင်း၊ နာမည်ကောင်း ရခြင်းမျိုးလဲကြုံရမှာပါ။ ကြီးကဲသူများကနေရာပေးခြင်း ကြုံရဖွယ်ရှိ ပါတယ်။လုပ်ငန်းခွင်မှာစိတ်ပင်ပန်းစရာတွေ ရှိတတ်ပါတယ်။ အလုပ်အပြောင်းအလဲရှိပါတယ်။ မိတ်ကောင်းဆွေ ကောင်းတွေရဲ့ အကူအညီရတတ်ပါတယ်။အမှုဖြစ်သူ၊အိမ်ထောင်ပျက်လာသူတွေလာရင် အကူအညီပေးလိုက်ပါ။ညအိပ်တော့ လက်မခံပါနဲ့။ အိမ်တွင်း ရေးနဲ့ အိမ်ထောင်ရေးတော့ အနည်းငယ်ညံ့ပါတယ်။ အိမ်ထောင်ဘက်နဲ့ စကားများရန် ဖြစ်ရတာမျိုးကြုံရနိုင်သလို လူ လွတ်များ ကတော့မွေးချင်းမောင်နှမတွေနဲ့ စကားအခြေအတင် ဖြစ်ရတတ် ပါ တယ်။ပညာရေးကံက ကောင်းနေလို့ တွေဝေတတ်ပါ တယ်။ကျန်းမာရေးကတော့ ဆီး၊မျက်စိ၊အစာအိမ် ကိုယ်အင်္ဂါနေရာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ နီးတကျက်ကျက်ကာလဖြစ်ပြီး ချစ်သူမရှိသေးသူငယ်ရွယ်သူများ အချစ်ရေး အလွန် စန်းပွင့် တဲ့ ကာလပါပဲ။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ယခုတစ်ပတ် လုံး ဘုရားရှင်အား ပန်းပေါင်းစုံဖြင့် ပူဇော်ပြီး ဒိဝါတပတိဂါထာကို နေ့စဉ် ၉ ခေါက် ပုတီးစိပ်ပါ။

ပြည်ပထွက်ခွာလိုသူများ။ ။  နေအိမ်ရှိရာအရပ်၏ သောကြာထောင့်တွင် ခွေးများကိုအစာကျွေးပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ နံနက်စောစောဘုရားသွား၍ သစ်ခွပန်းအပါအဝင် ပန်း(၃)မျိုးဖြင့် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အိမ်ထဲနှင့် ကုတင်အောက်တွင် ပုလင်းခွံ၊ဗူးခွံတွေရှာဖွေ ရှင်းလင်းပါ။ ယခု ရက်ပိုင်း အမည်းရောင်ပစ္စည်းကိုမသုံးပါနဲ့။

လူမှုရေးအတိုက်အခံများသူများ။ ။ နေအိမ်အနီးရှိဘုန်းကြီးကျောင်းသို့သွားကာ ကုဋီဆေးကြောကာ ကုသိုလ်ယူပါ။

ကျန်းမာရေးမကောင်းသူများ ။ ။ ရပ်ထဲရွာထဲရှိသက်ကြီးရွယ်အိုများ၊ကျန်းမာရေးမကောင်းသူများကို ဆေးဝါး ဓာတ်စာလှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ။ ။ နေအိမ်ရှေ့ရောက်လာသည့် ထီသည်ထံမှ ၁ / ၆ ဂဏန်းများများပါသည့် ထီ လက်မှတ်ကို ရှာထိုးပါ။ 

(  Zawgyi  )

 ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ ေသာၾကာ သား သမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္းအလုပ္ထဲမွာေနရာေပးခံရျခင္း၊ နာမည္ေကာင္း ရျခင္းမ်ိဳးလဲႀကဳံရမွာပါ။ ႀကီးကဲသူမ်ားကေနရာေပးျခင္း ႀကဳံရဖြယ္ရွိ ပါတယ္။လုပ္ငန္းခြင္မွာစိတ္ပင္ပန္းစရာေတြ ရွိတတ္ပါတယ္။ အလုပ္အေျပာင္းအလဲရွိပါတယ္။ မိတ္ေကာင္းေဆြ ေကာင္းေတြရဲ႕ အကူအညီရတတ္ပါတယ္။အမႈျဖစ္သူ၊အိမ္ေထာင္ပ်က္လာသူေတြလာရင္ အကူအညီေပးလိုက္ပါ။ညအိပ္ေတာ့ လက္မခံပါနဲ႔။ အိမ္တြင္း ေရးနဲ႔ အိမ္ေထာင္ေရးေတာ့ အနည္းငယ္ညံ့ပါတယ္။ အိမ္ေထာင္ဘက္နဲ႔ စကားမ်ားရန္ ျဖစ္ရတာမ်ိဳးႀကဳံရႏိုင္သလို လူ လြတ္မ်ား ကေတာ့ေမြးခ်င္းေမာင္ႏွမေတြနဲ႔ စကားအေျခအတင္ ျဖစ္ရတတ္ ပါ တယ္။ပညာေရးကံက ေကာင္းေနလို႔ ေတြေဝတတ္ပါ တယ္။က်န္းမာေရးကေတာ့ ဆီး၊မ်က္စိ၊အစာအိမ္ ကိုယ္အဂၤါေနရာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ နီးတက်က္က်က္ကာလျဖစ္ၿပီး ခ်စ္သူမရွိေသးသူငယ္႐ြယ္သူမ်ား အခ်စ္ေရး အလြန္ စန္းပြင့္ တဲ့ ကာလပါပဲ။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ယခုတစ္ပတ္ လုံး ဘုရားရွင္အား ပန္းေပါင္းစုံျဖင့္ ပူေဇာ္ၿပီး ဒိဝါတပတိဂါထာကို ေန႔စဥ္ ၉ ေခါက္ ပုတီးစိပ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။ ။  ေနအိမ္ရွိရာအရပ္၏ ေသာၾကာေထာင့္တြင္ ေခြးမ်ားကိုအစာေကြၽးေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ နံနက္ေစာေစာဘုရားသြား၍ သစ္ခြပန္းအပါအဝင္ ပန္း(၃)မ်ိဳးျဖင့္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အိမ္ထဲႏွင့္ ကုတင္ေအာက္တြင္ ပုလင္းခြံ၊ဗူးခြံေတြရွာေဖြ ရွင္းလင္းပါ။ ယခု ရက္ပိုင္း အမည္းေရာင္ပစၥည္းကိုမသုံးပါနဲ႔။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ေနအိမ္အနီးရွိဘုန္းႀကီးေက်ာင္းသို႔သြားကာ ကုဋီေဆးေၾကာကာ ကုသိုလ္ယူပါ။

က်န္းမာေရးမေကာင္းသူမ်ား ။ ။ ရပ္ထဲ႐ြာထဲရွိသက္ႀကီး႐ြယ္အိုမ်ား၊က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါး ဓာတ္စာလႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား။ ။ ေနအိမ္ေရွ႕ေရာက္လာသည့္ ထီသည္ထံမွ ၁ / ၆ ဂဏန္းမ်ားမ်ားပါသည့္ ထီ လက္မွတ္ကို ရွာထိုးပါ။