【 ဗေဒင် 】စနေသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း တနင်္လာသားသမီးတွေနဲ့ တိုင်ပင်တာကသင့်အတွက် လူမှုရေး ၊စီးပွားရေး၊ ပညာရေး ကိစ္စ တွေမှာ အောင်မြင်နိုင်ပါတယ်။ ဒီရက်တွေမှာ လုပ်ငန်းခွင်ထဲ နာမည်ဂုဏ် သတင်းတက်စရာရှိသလိုဘာသာ ရေး၊ပညာရေး၊အခွင့်အလမ်းကောင်းတွေ နေရာအပြောင်းအလဲတွေ အလုပ်အကိုင်အပြောင်းအလဲတွေ ပေါ် ထွက်လာတတ်ပါတယ်။ကောင်းတဲ့ပြောင်းလဲခြင်းတွေပါ။ ကွဲကွာနေသူများပြန်ဆုံခြင်း၊ရပ်ဝေးက မိတ်ဆွေ ကောင်းများရဲ့ အကူအညီများရတတ်ပါတယ်။ ခရီးသွားလုပ်

ငန်း၊ ကား၊ကျောက်မျက်ရတနာ စတဲ့ လုပ်ငန်းတွေ ကတော့ ဒီကာလမှာ သင့်ကိုအကျိုးပေးတဲ့ အလုပ်တွေပါ။ မိသားစုအတွင်း အလှူမင်္ဂလာတွေ လုပ်ရတတ် ပါ တယ်။ပညာရေးကကောင်းနေတတ်ပါတယ်။ အိမ်ထောင်ရှင် များကြား ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေပေါ် လာ တတ်သလိုသမီးရည်းစားများကြား ကြည်နူးစရာ တဘဝလုံးစာ ဆုံးဖြတ်စရာတွေ ရှိလာတတ်ပါတယ်။ကျန်းမာ ရေးကတော့ ဝမ်း၊ဦးခေါင်းပိုင်းတွေ မှာ ဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအားယခုတစ်ပတ်လုံး တနင်္လာနံ အသီးအညွှန်ပန်းများ ဖြင့် ကပ်လှူပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ အလှူခံလာသည့် သီလရှင်ဆရာလေးများကို ဖိနပ်လှူပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။တနင်္လာနံဘုရားစေတီတွင်  အောင်သပြေ ပန်းလှူပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။အိမ် ထဲတွင် ဓာတ်ပုံအစုတ်များ၊ အပြဲ များတွေ့ပါ ကလွှင့်ပစ်ပါ။ အချစ်ရေးအဆင်မပြေပါကတနင်္လာနံ သတ္တဝါများကို ကိုယ်လက်နှင့် ကိုင်ကာအစာကျွေးပေးပါ။
 
လူမှုရေးအတိုက်အခံများသူများ။  ။အိမ်တွင် မိဘ ဝေယျာဝစ္စကို စေတနာပါပါလုပ်ပေးပါ။ မိဘအဝတ်အစားကို လျှောဖွပ်ပေးပါ။ ရန်များနေပါကမိဘ၏ ပုဆိုးစထမိန်စကို အိတ်သန့် သန့်ဖြင့် ထည့်ကာခေါင်းအုံးအိပ်ပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ဈေးတွင် ရေသတ္တဝါအရှင်ကို တွေ့ပါက ဝယ်ပြီးနီးစပ်ရာ ကန်ချောင်းတွင် လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ။  ။ တွေ့သည့် ထီဆိုင်တွင် ၂ /၇/၈ ဂဏန်းများများပါသောထီကိုထိုးပါ။ 

(  Zawgyi )

 ဒီရက္ပိုင္း တနလၤာသားသမီးေတြနဲ႔ တိုင္ပင္တာကသင့္အတြက္ လူမႈေရး ၊စီးပြားေရး၊ ပညာေရး ကိစၥ ေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ ဒီရက္ေတြမွာ လုပ္ငန္းခြင္ထဲ နာမည္ဂုဏ္ သတင္းတက္စရာရွိသလိုဘာသာ ေရး၊ပညာေရး၊အခြင့္အလမ္းေကာင္းေတြ ေနရာအေျပာင္းအလဲေတြ အလုပ္အကိုင္အေျပာင္းအလဲေတြ ေပၚ ထြက္လာတတ္ပါတယ္။ေကာင္းတဲ့ေျပာင္းလဲျခင္းေတြပါ။ ကြဲကြာေနသူမ်ားျပန္ဆုံျခင္း၊ရပ္ေဝးက မိတ္ေဆြ ေကာင္းမ်ားရဲ႕ အကူအညီမ်ားရတတ္ပါတယ္။ ခရီးသြားလုပ္ငန္း၊ ကား၊ေက်ာက္မ်က္ရတနာ စတဲ့ လုပ္ငန္းေတြ ကေတာ့ ဒီကာလမွာ သင့္ကိုအက်ိဳးေပးတဲ့ အလုပ္ေတြပါ။ မိသားစုအတြင္း အလႉမဂၤလာေတြ လုပ္ရတတ္ ပါ တယ္။ပညာေရးကေကာင္းေနတတ္ပါတယ္။ အိမ္ေထာင္ရွင္ မ်ားၾကား ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြေပၚ လာ တတ္သလိုသမီးရည္းစားမ်ားၾကား ၾကည္ႏူးစရာ တဘဝလုံးစာ ဆုံးျဖတ္စရာေတြ ရွိလာတတ္ပါတယ္။က်န္းမာ ေရးကေတာ့ ဝမ္း၊ဦးေခါင္းပိုင္းေတြ မွာ ျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအားယခုတစ္ပတ္လုံး တနလၤာနံ အသီးအၫႊန္ပန္းမ်ား ျဖင့္ ကပ္လႉပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ အလႉခံလာသည့္ သီလရွင္ဆရာေလးမ်ားကို ဖိနပ္လႉေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။တနလၤာနံဘုရားေစတီတြင္  ေအာင္သေျပ ပန္းလႉေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။အိမ္ ထဲတြင္ ဓာတ္ပုံအစုတ္မ်ား၊ အၿပဲ မ်ားေတြ႕ပါ ကလႊင့္ပစ္ပါ။ အခ်စ္ေရးအဆင္မေျပပါကတနလၤာနံ သတၱဝါမ်ားကို ကိုယ္လက္ႏွင့္ ကိုင္ကာအစာေကြၽးေပးပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။အိမ္တြင္ မိဘ ေဝယ်ာဝစၥကို ေစတနာပါပါလုပ္ေပးပါ။ မိဘအဝတ္အစားကို ေလွ်ာဖြပ္ေပးပါ။ ရန္မ်ားေနပါကမိဘ၏ ပုဆိုးစထမိန္စကို အိတ္သန႔္ သန႔္ျဖင့္ ထည့္ကာေခါင္းအုံးအိပ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေဈးတြင္ ေရသတၱဝါအရွင္ကို ေတြ႕ပါက ဝယ္ၿပီးနီးစပ္ရာ ကန္ေခ်ာင္းတြင္ လႊတ္ေပးပါ။

ထီကံေကာင္းလိုသူမ်ား။  ။ ေတြ႕သည့္ ထီဆိုင္တြင္ ၂ /၇/၈ ဂဏန္းမ်ားမ်ားပါေသာထီကိုထိုးပါ။