【 ဗေဒင် 】ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

 ဒီရက်ပိုင်းအလုပ်ထဲမှာ အထစ်အငေါ့တွေ ရှိပေမယ့်သူဘာသာ ပြေလည်သွားပါလိမ့်မယ်။ အလုပ်နဲ့ ပတ်သက်ပြီး ခရီးထွက်ရင် ထွက်ဖြစ်အောင် ထွက်ပါ။ ကောင်းတတ်ပါတယ်။အလုပ်ထဲမှာ အထင်လွဲခံရ တာ တွေ၊ စိတ်ညစ်စရာတွေ ရှိတတ်ပြီးခေါင်းအေးအေးနဲ့ဖြေရှင်းရမယ့် အချိန်အခါပါ။ ဒီအချိန်က မိဘဆရာသမား တို့ထံမှအကူအညီကောင်းအကြံဉာဏ်ကောင်းရတတ်တဲ့ အချိန် ကာလ ပါ။ ယခုတစ်ပတ် ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် သောကြာသားသမီးတွေကို တိုင်ပင်တာသင့်အတွက် အကောင်း ဆုံးပါဘဲ။ ငွေရေးကြေးရေး ကံကတော့ အလုပ်ထဲထည့်လေမြုပ်လေဖြစ် တတ်တဲ့ ကာလမို့ အရင်းအနှီးထည့်သူတွေ သတိထား သင့်ပါ တယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူတွေ မတင်မကျအခြေအနေတွေကြုံလာတတ်ပါတယ်။ အိမ်ခြံမြေလုပ်ငန်းတွေ၊စာချုပ်စာတမ်းတွေ၊ အစုရှယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေ ဒီကာလမှာကောင်းပါ တယ်။ ကောင်းတတ် သလို  ကျန်းမာရေးကတော့ဗိုက်နဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်တတ်ပါတယ်။အထူးသဖြင့်မတည့်တဲ့အစာတွေကြောင့်အစာမှားတတ်ပါတယ်။ ပညာရေးကတော့ သိပ်အကောင်း ချည်းမဟုတ်ဘဲ ပေမယ့် ဝန်ထမ်းတွေက တော့ ရာထူးတိုးကြုံရကိန်း ရှိပါတယ်။  အိမ်ထောင်ရှင်တွေ ခဏခဏစကားများတတ်နေသလို ချစ်သူတွေအ တွက် ဘေးစကားယုံတတ်တဲအကျင့်ကိုမဖျောက်ရင် လမ်းခွဲရကိန်းရှိပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားအား ယခု ရက် သတ္တပတ်အတွင်း သကြားယာဂုဆွမ်းဖြင့် အာရုံဆွမ်း ကပ်ပေး ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ကိုယ်သွားမည် နိုင်ငံ၏နေသင့်နံသင့် ပန်းကို  ဘုရားရှင်အား ကပ်လှူပူဇော်ပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ အလုပ်နာမည်ကို စာရွတ် သန့်သန့်ဖြင့်ရေးကာ အိပ်ကပ်ထဲ ထည့်ထားပြီး ညဘက်ခေါင်း အုံးအောက် ထားအိပ်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။အိမ်ထဲရှိ သစ်သား အဟောင်းများက သင့်ကို အိမ်ထောင် ရေး၊ အချစ်ရေးကိုအခက်အခဲဖြစ်စေတဲ့အတွက် အိမ်အပြင်ရောက်အောင် ရွေ့ထားပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ သမ္ဗုဒ္ဓေ ဂါထာကသင့်ကိုအကာ ကွယ်ပေး ပါလိမ့်မယ်။သင် သတိရတိုင်း ရွတ်ဆိုပေးပါ။  

ကျန်းမာရေးမကောင်းသူများ ။  ။ရေသတ္တဝါများကိုယခုရက်သတ္တပတ်ကာလအတွင်း ကြုံတိုင်း အစာကျွေးပါ။

ထီကံကောင်းလိုသူများ ။  ။ ထီဆိုင်မှာ ၅/၆ စသည့် ဂဏန်းများများပါ သည့် ထီကို ထိုးပါ။ 

(  Zawgyi  )

  ဒီရက္ပိုင္းအလုပ္ထဲမွာ အထစ္အေငါ့ေတြ ရွိေပမယ့္သူဘာသာ ေျပလည္သြားပါလိမ့္မယ္။ အလုပ္နဲ႔ ပတ္သက္ၿပီး ခရီးထြက္ရင္ ထြက္ျဖစ္ေအာင္ ထြက္ပါ။ ေကာင္းတတ္ပါတယ္။အလုပ္ထဲမွာ အထင္လြဲခံရ တာ ေတြ၊ စိတ္ညစ္စရာေတြ ရွိတတ္ၿပီးေခါင္းေအးေအးနဲ႔ေျဖရွင္းရမယ့္ အခ်ိန္အခါပါ။ ဒီအခ်ိန္က မိဘဆရာသမား တို႔ထံမွအကူအညီေကာင္းအႀကံဉာဏ္ေကာင္းရတတ္တဲ့ အခ်ိန္ ကာလ ပါ။ ယခုတစ္ပတ္ ပညာေရး၊ လူမႈေရး၊ စီးပြားေရးအတြက္ ေသာၾကာသားသမီးေတြကို တိုင္ပင္တာသင့္အတြက္ အေကာင္း ဆုံးပါဘဲ။ ေငြေရးေၾကးေရး ကံကေတာ့ အလုပ္ထဲထည့္ေလျမဳပ္ေလျဖစ္ တတ္တဲ့ ကာလမို႔ အရင္းအႏွီးထည့္သူေတြ သတိထား သင့္ပါ တယ္။ ကိုယ္ပိုင္စီးပြားေရးလုပ္ကိုင္သူေတြမတင္မက်အေျခအေနေတြႀကဳံလာတတ္ပါတယ္။အိမ္ၿခံေျမလုပ္ငန္းေတြ၊ စာခ်ဳပ္စာတမ္းေတြ၊ အစုရွယ္ယာလုပ္ငန္းလုပ္ကိုင္သူေတြ ဒီကာလမွာေကာင္း ပါ တယ္။ ေကာင္းတတ္ သလို  က်န္းမာေရး ကေတာ့ဗိုက္နဲ႔ပတ္သက္တဲ့ေရာဂါေတြ ျဖစ္တတ္ပါတယ္။အထူးသျဖင့္မတည့္တဲ့အစာေတြေၾကာင့္အစာမွားတတ္ပါတယ္။ ပညာေရးကေတာ့ သိပ္အေကာင္း ခ်ည္းမဟုတ္ဘဲ ေပမယ့္ ဝန္ထမ္းေတြက ေတာ့ ရာထူးတိုးႀကဳံရကိန္း ရွိပါတယ္။  အိမ္ေထာင္ရွင္ေတြ ခဏခဏစကားမ်ားတတ္ေနသလို ခ်စ္သူေတြအ တြက္ ေဘးစကားယုံတတ္တဲအက်င့္ကိုမေဖ်ာက္ရင္ လမ္းခြဲရကိန္းရွိပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားအား ယခု ရက္ သတၱပတ္အတြင္း သၾကားယာဂုဆြမ္းျဖင့္ အာ႐ုံဆြမ္း ကပ္ေပး ပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ကိုယ္သြားမည္ ႏိုင္ငံ၏ေနသင့္နံသင့္ ပန္းကို  ဘုရားရွင္အား ကပ္လႉပူေဇာ္ေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ အလုပ္နာမည္ကို စာ႐ြတ္ သန႔္သန႔္ျဖင့္ေရးကာ အိပ္ကပ္ထဲ ထည့္ထားၿပီး ညဘက္ေခါင္း အုံးေအာက္ ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။အိမ္ထဲရွိ သစ္သား အေဟာင္းမ်ားက သင့္ကို အိမ္ေထာင္ ေရး၊ အခ်စ္ေရးကိုအခက္အခဲျဖစ္ေစတဲ့အတြက္ အိမ္အျပင္ေရာက္ေအာင္ ေ႐ြ႕ထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။    ။ သမၺဳေဒၶ ဂါထာကသင့္ကိုအကာ ကြယ္ေပး ပါလိမ့္မယ္။သင္ သတိရတိုင္း ႐ြတ္ဆိုေပးပါ။  

က်န္းမာေရးမေကာင္းသူမ်ား ။  ။ေရသတၱဝါမ်ားကိုယခုရက္သတၱပတ္ကာလအတြင္း ႀကဳံတိုင္း အစာေကြၽးပါ။

ထီကံေကာင္းလိုသူမ်ား ။  ။ ထီဆိုင္မွာ ၅/၆ စသည့္ ဂဏန္းမ်ားမ်ားပါ သည့္ ထီကို ထိုးပါ။