【 ဗေဒင် 】ကြာသပတေးသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေး ပညာရေးအောင်မြင်လိုသော ကိစ္စများ အတွက် တနင်္ဂနွေသားသမီး များနှင့် တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း ငွေအထူးရွှင်နေတတ်ပါတယ်။ မိသားစုအတွင်း အလုပ် တွေနဲ့ အလှူအတန်းတွေများနေတတ်ပါတယ်။ လုပ်ငန်းခွင် အတွင်း နာမည်ဂုဏ်သတင်းတက်စရာ တွေရှိပါ တယ်။လူမျိုးခြားနဲ့ စာချုပ်စာတမ်းကိစ္စတွေ ခဏဆိုင်းထားပါဦး။ ဒီရက်ပိုင်း အာရုံကြော၊ ဝမ်းဗိုက်၊ ဆီး၊ ရောဂါတွေ ဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ ပညာရေး ကံကောင်းပါတယ်။ အနှောင့်အယှက်တွေကို ရှောင်လိုက် ပါ။ သေချာပေါက်လိုရာရောက်ပါလိမ့်မယ်။ လုပ်ငန်းခွင် စာမေးပွဲ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက် ပြည်စုံ ပါမယ်။ အိမ်ထောင်ရှင်များ နဲ့ ငယ်ရွယ်သူများ မထင်မှတ်ဘဲ သတင်းကောင်း စကားကြား ရမယ့် အချိန်အခါပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအား တစ်လ လုံး ပန်းပေါင်းစုံ ပူဇော်ကာ လိုရာဆု တောင်းပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ နံနက်စောစောထကာ သံဃာတော် များကို တန်းဆွမ်းလောင်းပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။အောင်ဘွဲ့အမည်ပါ စေတီ တွင် နှမ်းပျစ် ၉ ခုဖြင့် ဆွမ်း ကပ်လှူကာ မိမိလျှောက် ထားသည့် အလုပ်အား အာရုံပြု ဆုတောင်းပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ မနက်မိုးလင်း သည်နှင့် မိမိအိမ်ထောင်ဘက် ၊ချစ်သူကို ရည်ရွယ်ကာ မေတ္တာသုတ် ရွတ်ဆိုပေးပါ။
လူမှုရေးအတိုက်အခံများသူများ။ ။အပြင်ထွက်လျှင်၊အစားအသောက် တစ်ခုခုစားလျှင် အရဟံဂုဏ်တော်ကို ရွတ်ဆိုပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ဘုရားတွင် ရွှေသင်္ကန်း ကပ်ပါ။ ထုံးသင်္ကန်း ကပ်လှူပေးပါ။
ထီကံကောင်းလိုသူများ။ ။သွားရင်းလာရင်း တွေ့သည့် ထီဆိုင်တွင် ၂ အစ ၅ အဆုံး ဂဏန်းကို ရွေးထိုးပါ။
(    Zawgyi   )