【 ဗေဒင် 】ကြာသပတေးသားသမီးများအတွက်ယခုတစ်ပတ်ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသော ကိစ္စများအတွက် စနေသားသမီး များနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ ယခုရက်ပိုင်းအတွင်း ငွေကံကောင်းနေတတ်သလို သင့်နာမည်က လူတွေ ကြားထဲ အသိအမှတ်ပြုစရာဖြစ်နေပါတယ်။ မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေကြုံရတတ်ပါတယ်။စပ်တူရှယ်ယာအလုပ်များခေတ္တဆိုင်းငံထားပါဦး။အိမ်တွင်းရေးသာယာမှုကသင့်အပေါ်မူတည်နေလို့သင့်စိတ်ကိုလျော့ပေးမှသာယာပါလိမ့်မယ်။မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တို့၏သတင်းကောင်းကြားရတတ်ပါသည်။ လူမျိုးခြား၊ရပ်ဝေးကလူတွေနဲ့တွဲလုပ်တဲ့အလုပ်တွေ အကျိုးပေး ပါတယ်။ ဒီကာလမှာ စပ်တူကိစ္စတွေ အိမ်ခြံမြေ အလုပ်တွေ အစုရှယ်ယာအလုပ်တွေ ရှောင်ပါဦး ။ ဒီရက်ပိုင်းဝမ်း၊ဆီး၊အာရုံကြောရောဂါ တွေဖြစ် တတ်လို့ ဂရုစိုက်သင့်ပါတယ်။ ပညာသင်နေတဲ့ သူတွေတဲ့ ပညာရေးကတော့ အသင့်အတင့်ပါ။ လုပ်ငန်းခွင် စာမေးပွဲ ရာထူးစာမေးပွဲဖြေဆိုထားသူများ ရည်မှန်းချက် ပြည်စုံပါမယ်။ အိမ်ထောင် ရှင်များစိတ်ကသိကအောင်ဖြစ်စရာတွေ့တတ်ပါတယ်။ငယ်ရွယ်သူများ မတည့်အတူ နေဖြစ်နေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား သစ်သီးဆွမ်းကပ်ကာ ဒိဝါတပတိ ဂါထာ ကို နံနက်တိုင်း ကိုးခေါက်ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ နံနက်စောစောထ၍  ငှက်များကို အစာကျွေး ကာ လိုရာဆုတောင်းပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ ရွှေတိဂုံ ဘုရားအောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား အောင်သပြေ ၉ ညွှန် ကပ်လှူကာ ဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အချိန်ရတိုင်း မေတ္တာသုတ်ကို  ရွတ်ဆိုနေပါ။ ချစ်သူနှင့် တွေ့သည့်အခါတိုင်း ကျောက်စရစ်အသေးတစ်လုံးကို အိတ်ထဲဆောင်ထားပါ။

လူမှုရေးအတိုက်အခံများသူများ။  ။စေတီရင်ပြင်များတွင် မေတ္တာ သုတ်ရွတ်ဖတ်၍ သန့်ရှင်းရေးလုပ်ကာ ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ မနက်စောစော သံဃာတော် များအား တန်းဆွမ်းလောင်းလှူပေးပါ။

ထီကံကောင်းလိုသူများ။   ။ထီဆိုင်တွင် ၅ အစ ၇/၈ အဆုံး ဂဏန်းကို ရွေးထိုးပါ။ 

(  Zawgyi  )

 ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ စေနသားသမီး မ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ ယခုရက္ပိုင္းအတြင္း ေငြကံေကာင္းေနတတ္သလို သင့္နာမည္က လူေတြ ၾကားထဲ အသိအမွတ္ျပဳစရာျဖစ္ေနပါတယ္။ မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြႀကဳံရတတ္ပါတယ္။စပ္တူရွယ္ယာအလုပ္မ်ားေခတၱဆိုင္းငံထားပါဦး။အိမ္တြင္းေရးသာယာမႈကသင့္အေပၚမူတည္ေနလို႔သင့္စိတ္ကိုေလ်ာ့ေပးမွသာယာပါလိမ့္မယ္။မိတ္ေဆြလုပ္ေဖာ္ကိုင္ဖက္တို႔၏သတင္းေကာင္းၾကားရတတ္ပါသည္။ လူမ်ိဳးျခား၊ရပ္ေဝးကလူေတြနဲ႔တြဲလုပ္တဲ့အလုပ္ေတြ အက်ိဳးေပး ပါတယ္။ ဒီကာလမွာ စပ္တူကိစၥေတြ အိမ္ၿခံေျမ အလုပ္ေတြ အစုရွယ္ယာအလုပ္ေတြ ေရွာင္ပါဦး ။ ဒီရက္ပိုင္းဝမ္း၊ဆီး၊အာ႐ုံေၾကာေရာဂါ ေတြျဖစ္ တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ ပညာသင္ေနတဲ့ သူေတြတဲ့ ပညာေရးကေတာ့ အသင့္အတင့္ပါ။ လုပ္ငန္းခြင္ စာေမးပြဲ ရာထူးစာေမးပြဲေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ ျပည္စုံပါမယ္။ အိမ္ေထာင္ ရွင္မ်ားစိတ္ကသိကေအာင္ျဖစ္စရာေတြ႕တတ္ပါတယ္။ငယ္႐ြယ္သူမ်ား မတည့္အတူ ေနျဖစ္ေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား သစ္သီးဆြမ္းကပ္ကာ ဒိဝါတပတိ ဂါထာ ကို နံနက္တိုင္း ကိုးေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ နံနက္ေစာေစာထ၍  ငွက္မ်ားကို အစာေကြၽး ကာ လိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ ေ႐ႊတိဂုံ ဘုရားေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ဘုရားအား ေအာင္သေျပ ၉ ၫႊန္ ကပ္လႉကာ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အခ်ိန္ရတိုင္း ေမတၱာသုတ္ကို  ႐ြတ္ဆိုေနပါ။ ခ်စ္သူႏွင့္ ေတြ႕သည့္အခါတိုင္း ေက်ာက္စရစ္အေသးတစ္လုံးကို အိတ္ထဲေဆာင္ထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေစတီရင္ျပင္မ်ားတြင္ ေမတၱာ သုတ္႐ြတ္ဖတ္၍ သန႔္ရွင္းေရးလုပ္ကာ ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ မနက္ေစာေစာ သံဃာေတာ္ မ်ားအား တန္းဆြမ္းေလာင္းလႉေပးပါ။

ထီကံေကာင္းလိုသူမ်ား။   ။ထီဆိုင္တြင္ ၅ အစ ၇/၈ အဆုံး ဂဏန္းကို ေ႐ြးထိုးပါ။