【 သေရာ္စာ 】 “ကိုက္ရင္မဆိုင္ ဒို႔ေခြးပိုင္”

【  သေရာ္စာ  】 “ကိုက္ရင္မဆိုင္ ဒို႔ေခြးပိုင္”

ဒီလူလောကလောက် ရှုပ်ထွေးတာဘာ ရှိဦးမလဲ..။
ဟုတ်ကဲ ..ပြောလဲပြောချင်စရာ ။အခုဘဲကြည့် လူတွေ အလုပ်မရှိ အလုပ်ရှာ ။ လုပ်စရာမရှိတာနဲ့ ခွေးရှင်းလင်းတဲ့ ကိစ္စနဲ့ ပြဿနာက တက်နေကြပြီ..။
ခွေးသတ်တာနဲ့ မသတ်တာနဲ့ နှစ်ဖွဲ့ကွဲတာနဲ့ ကမ္ဘာကြီး နှစ်ခြမ်းကွဲမယ့် အတိုင်း..။
တစ်ကယ်က ကြည့်ရင် ‘မ’ဘက်နဲ့ ‘ဖို’ဘက် ဖြစ်နေကြတာ..။ တစ်ကယ်ပြောတာ အဟုတ်..။ ခွေးတွေကို သဲသဲလှုပ် ချစ်နေတဲ့ သူတွေကြည့် ..။ အထီးတွေနည်းသည်။အမတွေချည်း။ဒီကြားထဲ သားသားနဲ့ ခေါ်လိုက် သမီးသမီးနဲ့ခေါ်လိုက်နဲ့…။နားကြားပြင်းကတ်စရာ..။
ယခင်ကတော့ နတ်ဆိုးတို့လဲ ခွေးတစ်ခေတ်ထတဲ့ အချိန် တစ်ကယ်ကို ခွေးချစ်တဲ့သူ..။
နတ်ဆိုးခွေးဘယ်လောက်ချစ်သလဲ ဆို သူငယ်ချင်းတွေကြား ခွေးသူခိုးလို့ အမည်တွင်တဲ့ အထိ..။ သူငယ်ချင်းတွေ အသိတွေဆို ကိုယ်လာပြီဆိုတာနဲ့ ခွေးကို သိမ်းထားရတဲ့ အထိ ခွေးကို ကိုယ်တွေက ချစ်ပြတာ။

ကိုယ်တွေ ခွေးချစ်တယ်ဆိုတာ အခုခွေးချစ်တဲ့ သူတွေ ဘယ်မီပါ့မလဲ..။ အရင်က ဆောင်းတွင်းဆို ကိုယ်တွေက ခွေးချစ်နူန်းက ညဘက်သောက်တဲ့ သူများရင် များသလို တစ်ည ခွေးတစ်ကောင်နူန်း..။
ဘာတဲ့ စာဆိုတောင် ရှိသေး..။
“ကလေး အသားခါးသည် ခွေးအသားချိုသည်ဆိုလား”
ဒီကတည်းက သူငယ်ချင်းတွေ ရထားလမ်းဘေး ရှက်ကီထုမယ်နေ့ဆို နတ်ဆိုးတို့ လမ်းထဲကခွေးတွေ အဲ့ဒီည ဘုရားတပေတော့..။ သတ္တဝါဘဲ လူချွတ်မှ ကျွတ်တာမဟုတ်လား..။
ကိုယ်တွေများ အောင်မြင်ချက်က အရက်သောက်ပြီးနောက်မနက် လမ်းထဲ လျှောက်တာနဲ့ ခွေးတစီစီနဲ့ ဒီလောက်ထိ အောင်မြင်တာ…။
 အဲလေ..ဒိလောက်ထိ ခွေးချစ်တတ်တာ…။
ခွေးဆိုတာလည်း သိတဲ့ အတိုင်း ဒီနေ့ လူတွေ မျိုးချစ်တာ သူတို့ကို ဘယ်မီပါမလဲ…။ တစ်ကယ် သူအမျိုးမှ သူ့အမျိုး ။တစ်ကယ် မျိုးချစ်တွေ ..။ ခွေးသားစားတာနဲ့ ဟောင်ပြီးသား ..။  
ဘဝမှာ ခွေးကို အလွတ်ပေးတာဆိုလို ပိုက်ဆံချေးနေကြ အသိတစ် ယောက် အိမ်က တယ်ရီယာ ဂျပုလေးတစ်ကောင် သာရှိသည်။
အဲခွေးကလည်း သူ့အိမ်လာတဲ့ လုူတိုင်းနဲ့ တည်ပေမယ့် ကိုယ်တွေဆို တရူးရှုးတရှဲရှဲ..။  
အသိအိမ် သွားတိုင်း ဒီခွေးဂျပုက ဟိုဟောင် ဒီဟောင်နဲ့ ..။ ကိုယ်တွေကလည်း ပိတ်ကန်ချင်နေတာ လူကိုယားနေတာပဲ..။
လာတဲ့ကိစ္စက ရှိနေတော့  ခွေးကို ကန်ချင် သော်လည်း  ခွေးရှင်မျက်နှာကြည့်ပြီး ခွေးကို ချစ်ဟန် ဆောင်ပြီး  ကြိတ်မှိတ်ပြီး နေပြရ..။

ကိုယ်တွေက ဒီအဖြစ်လောက်နဲ့ နေရထိုင်ရခက်နေတာ ။ ကိုယ်သူငယ်ချင်းအဖြစ်က ပိုဆိုး…။ ဖြစ်ပုံက  သူငယ်ချင်းက စက်ရုံတစ်ခုက  စက်ရုံမှူးလူယုံ..။ဒီတော့ စက်ရုံမှူးအိမ်ကို မကြာခဏ ဝင်ထွက်ရသည်။ စက်ရုံမှူးက သူအိမ်မှာ ခွေးပေါကြီးတွေမွေးထားသည်။
ခွေးပေါကြီးတွေက ကြည့်ရင် ကျားကိုးစီး စားမကုန်တဲ့ ခန္ဓာတွေနဲ့ …။ လူမြင်ရင် ဟိန်းလား ဟောက် လားနဲ့ လူနားပြေးကပ်လာပြီး ကိုက်တာလည်းမဟုတ်..။ ဟိုနမ်းဒီရှုတ်နှင့်။  အကောင်ကြီးသလောက် သူခိုးနင်းသေမယ့် ခွေးတွေ..။

တစ်ခါသော် သူငယ်ချင်းက စက်ရုံမှူးအိမ် ကိစ္စရှိသွားရာ ဧည်ခန်းမှာ စောင်နေတုန်း ခွေးပေါကြီးတွေက သူကို နောက်ကျောကနေ ခြေထောက်တင်ပြီး ဟိုဒင်းလုပ်ပါလေရော။
သူမှာ ဖယ်မရ ချမရ။ဒေါသကလည်းထွက် ရှက်လည်းရှက်နဲ့..။ ဒီမှာ စက်ရုံမှူးကတော်က အိမ်ထဲက ထွက်လာပြီး သူတို့အဖြစ်ကိုကြည့်ကာ ဟက်ဟက်ပက်ပက်ရယ်ပြီး ..ဟယ် ..သားက မိန်းမလိုချင်နေတာ .. .မာမီရှာပေးမယ် …ရှာပေးမယ်နဲ့။ဒေါသထွက်ရအောင်လည်း ခွေးတွေ၊ ကိုယ်မှာ ခွေးလုပ်တာခံရတာဆိုတော့..။

ဒါကြောင့်ပြောတာ နတ်ဆိုးတို့က ဒီတယ်ရီယာကို ခွေးဆိုတာနဲ့လုပ်ချင်နေတာ..။
ခွေးသမချင် ခွေးရှင်ကြည့်ဆိုတာရှိတယ်မဟုတ်လား။
ဒီလောက်တော့ နတ်ဆိုးတို့က နပ်သည်။ဘယ်လောက်ပဲခွေးသတ်ချင် သတ်ချင် ခွေးရှင်ကို အယုံသွင်းပြီး ခွေး ချစ်သူလိုထင်အောင် နေတတ်ထိုင်တတ်ပြီးသား။
တစ်ကယ်က ခွေးသားဆိုတာ ခင်ဗျားတို့ စားဖူးပြီးသား။တစ်ကယ်။
လူတွေက ခွေးသားဘာဖြစ်တယ် ညာဖြစ်တယ်သာပြောနေတာ ဆတ်သားခြောက်ဆိုပြီး တစ်ပြည်လုံးကို ညာရောင်းနေတာ ဘယ်သူက ဆတ်သားဟုတ်မဟုတ် ဘယ်သူစစ်လို့လဲ..။
ကောင်းမှန်းသိလို့ အာပတ်လွတ် အသာလေးမှိန်းစားနေကြတာ။
အဲဒီလိုလူတွေထဲ အခုခွေးချစ်သူတွေလည်းပါပ။ဆတ်သားခြောက်ဆီဆမ်းဆို မိန်းကလေးတွေက အားကြီးကြိုက်..။

ခင်ဗျားတို့ခွေးသားဆီပြန်စားဖူးလား။ဒီလိုပြောတော့ ခင်ဗျားတို့ရွံသလိုလို လုပ်ကြဦးမယ်။
ခင်ဗျားတို့ သဘောကျတဲ့ တရုတ် ကိုရီးယာမင်းသားမင်းသမီးတွေ ညဘက် အပြင်ဆိုင်ထိုင်ရင် ခွေးသားရတဲ့ဆိုင်မှ ထိုင်ကြတာ။
ဒါကြောင့်ပြောတာ ခွေးသားဆိုတာ စားကောင်းတဲ့အမျိုးဗျ။
ဒီလိုစားကောင်းမှန်း သိကတည်းက နတ်ဆိုးတို့က ခွေးချစ်သူအဖြစ်ခံယူလိုက်တာ။ဒါမှ ခွေးကုန်ကြမ်း မပြတ်မှာလေ။
အခုဘာလဲ ခွေးတွေ လမ်းဘေးမှာများလို့ အဆိပ်ချရှင်းလင်းလို့ ပွက်လောရိုက်ပြီး ခွေးချစ်သူတွေ မခံမရပ်နိုင်ဖြစ်တယ်ဆိုလား။
ဒါနဲ့ ပြီးခဲ့တဲ့ရက်က အမကြီးတစ်ယောက်က ခွေးကိုက်တိုင်းခွေးရှုးမဖြစ်ဖူးလို့ ဆိုလေရဲ့..။
ဒီလိုဆို ခွေးသားစားသူတိုင်းလည်း ခွေးမချစ်တဲ့သူလို သတ်မှတ်လို့ရမှာတော့ မဟုတ်။
ခွေးဆိုတာ ချစ်စရာခွေးဆို ချစ်ရမှာ ဖြစ်ပြီး သတ်စရာခွေးဆို သတ်ရမှာ ဖြစ်တယ်မဟုတ်လား..။ ခြေမမကောင်း ခြမ လက်မ မကောင်း လက်မ မဟုတ်လား။
 ဒီလိုခွဲခွဲခြားခြားမြင်မှ ရမည်။ဒါမှ နတ်ဆိုးတို့လို့ အမှန်အကန် ခွေးချစ်သူတွေ စားစရာခွေးဆိုတာ စားရမည် မဟုတ်လား..။ ခွေးသားစားပေါက်ချောင်မည်မဟုတ်လား..။
တစ်ကယ်တော့ ရန်ကုန်မှာ ခွေးကိုက်ရင်သာ ပိုင်ရှင်မပေါ်မည်။ ခွေးရိုက်ရင်တော့ ပိုင်ရှင်က ဟိုကပေါ် ဒီကပေါ်နဲ့။

စည်ပင်မနိုင် ၊ ရပ်ကွက်မနိုင်နဲ့..။
ဒါကြောင့် ခွေးကိစ္စကို နတ်ဆိုးကိုသာလွဲလိုက်..။
ရန်ကုန်မှာ နတ်ဆိုးကို စည်ပင်ဝန်ကြီးသာ တစ်လခန့်ကြည့် ခွေးဆိုတာ အရုပ်ရေးပြရတဲ့ အထိ ဖြစ်စေရမည်။
နတ်ဆိုးဘာလုပ်မလဲ သိလား ..။
ဟုတ်ကဲ့ နတ်ဆိုးလုပ်မှာ ရှင်းရှင်ေးလး..။
ရန်ကုန်မှာ ခွေးသားစားပွဲ ဝှဲချီးကျင်းပမည်။ ဗစ်ဇစ် ခွေးသားရီးယား ကောက်လုပ်ပစ်မည်။ လာသမျှ နိုင်ငံခြားဧည်သည် လမ်းပေါ်မှာ တွေ့သည့်ခွေး လက်ညှိုးထိုး။ကောက်ကက်သတ်ပြီး စိတ်ကြိုက်လုပ်ပေးမည်။ကင်မလား၊ချက်မလား..။အဲ …တစ်ကောင်ကို ဒေါ်လာ လေးငါးဆယ်တော့ အနည်းဆုံးကောက်မည်။  

ပြီးတော့ ဟိုတလောက ခွေးအချောင်လာနိူက်သည့် တရုတ်လေးကို ပြန်ရှာပြီး ခွေးဝဲစားတွေ ခွေးပိန်တွေကို လက်သိပ်ထိုး အောက်ဈေးနဲ့ ရောင်းမည်။
ပြီးတော့ ခွေးဂေဟာတွေ ဖွင့်ပြီး ဝဖီးအောင်ကျွေးကာ တရုတ်၊ကိုရီးယားနဲ့ ဗီယက်နမ်ကို ခွေးအိတ်စပို့လုပ်ရမည်။ ပြီးတော့ ပြည်တွင်းခွေးသားဈေးကွက်ဖွံ့ဖြိုးအောင် အကင်တွန်းလှည်း တွေ လမ်းဘေးအကင်သည်တွေ၊ ဆိုင်ကြီးတွေမှာ ဆတ်သားဆိုပြီး ခွေးသားတွေ ရောင်းခိုင်းမည်။
ဒါဆို အားလုံးခွေးသားစားဖူးပြီး ခွေးသားကောင်းမှန်းသိကြမည်။ ခွေးသား အားလုံးစားကြရင် ပန်းနာရင်ကျပ်ရောဂါတွေလည်း ပျောက်ပြီ။ဒါဆို ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက် သက္ကရာဇ် ဘယ်လောက်မှာ အားလုံးကျန်းမာပျော်ရွှင် ဆိုတာလည်း အထောက်အကူပြုပြီးဖြစ်မည်။  
အဲဒီကျမှ ခွေးဆိုတာ လူအတွက် ဘယ်လောက်အသုံးဝင်လဲဆိုတာ သိပြီး ကိုယ်ခွေးကိုယ် အိမ်ထဲကနေ ထုတ်ကြမည် မဟုတ်တော့။ ခွေးတစ်ကောင်ဘယ်လောက်တန်းရှိလာမည်ဆိုတာ သိလာကြမည်။

ဒီလိုဆို ကိုယ်ဘာသာ အိမ်မှာ ခွေးမွေးပြီး သတ်စားကြတာတွေ ခေတ်စားလာမည်။ ခွေးဆိုတာ ဘာကိရိကထမများသဖြင့်  အိမ်တိုင်းတစ်ပိုင်တစ်နိုင် ခွေးမွေးကြသဖြင့် သားဈေးငါးဈေးတွေ ကျလာမည်။
ဒါကြောင့်ပြောတာဖြစ်သည်။
 နတ်ဆိုး ပြောသလိုသာ လုပ်ကြရင် ခွေးကနေ နိုင်ငံခြားဝင်ငွေရပြီး တစ်ပြည်လုံး အသားစားနိုင်မည်။ တစ်ခုဘဲ ရှိသည်။
တစ်နိုင်ငံလုံး ခွေးသားစားလို့ ခွေးဇာတ်တွေခင်းမှာကိုပင်..။
သို့သော် …သိပ်တော့လဲ ..မထူး။အခုလဲ …လူအတော်များများ ခွေးဇာတ်ခင်းနေကြတာမဟုတ်လား..။

နတ်ဆိုး 

(   Zawgyi  )

 ဒီလူေလာကေလာက္ ရႈပ္ေထြးတာဘာ ရွိဦးမလဲ..။
ဟုတ္ကဲ ..ေျပာလဲေျပာခ်င္စရာ ။အခုဘဲၾကည့္ လူေတြ အလုပ္မရွိ အလုပ္ရွာ ။ လုပ္စရာမရွိတာနဲ႔ ေခြးရွင္းလင္းတဲ့ ကိစၥနဲ႔ ျပႆနာက တက္ေနၾကၿပီ..။
ေခြးသတ္တာနဲ႔ မသတ္တာနဲ႔ ႏွစ္ဖြဲ႕ကြဲတာနဲ႔ ကမာၻႀကီး ႏွစ္ျခမ္းကြဲမယ့္ အတိုင္း..။
တစ္ကယ္က ၾကည့္ရင္ ‘မ’ဘက္နဲ႔ ‘ဖို’ဘက္ ျဖစ္ေနၾကတာ..။ တစ္ကယ္ေျပာတာ အဟုတ္..။ ေခြးေတြကို သဲသဲလႈပ္ ခ်စ္ေနတဲ့ သူေတြၾကည့္ ..။ အထီးေတြနည္းသည္။အမေတြခ်ည္း။ဒီၾကားထဲ သားသားနဲ႔ ေခၚလိုက္ သမီးသမီးနဲ႔ေခၚလိုက္နဲ႔…။နားၾကားျပင္းကတ္စရာ..။
ယခင္ကေတာ့ နတ္ဆိုးတို႔လဲ ေခြးတစ္ေခတ္ထတဲ့ အခ်ိန္ တစ္ကယ္ကို ေခြးခ်စ္တဲ့သူ..။
နတ္ဆိုးေခြးဘယ္ေလာက္ခ်စ္သလဲ ဆို သူငယ္ခ်င္းေတြၾကား ေခြးသူခိုးလို႔ အမည္တြင္တဲ့ အထိ..။ သူငယ္ခ်င္းေတြ အသိေတြဆို ကိုယ္လာၿပီဆိုတာနဲ႔ ေခြးကို သိမ္းထားရတဲ့ အထိ ေခြးကို ကိုယ္ေတြက ခ်စ္ျပတာ။

ကိုယ္ေတြ ေခြးခ်စ္တယ္ဆိုတာ အခုေခြးခ်စ္တဲ့ သူေတြ ဘယ္မီပါ့မလဲ..။ အရင္က ေဆာင္းတြင္းဆို ကိုယ္ေတြက ေခြးခ်စ္ႏူန္းက ညဘက္ေသာက္တဲ့ သူမ်ားရင္ မ်ားသလို တစ္ည ေခြးတစ္ေကာင္ႏူန္း..။
ဘာတဲ့ စာဆိုေတာင္ ရွိေသး..။
“ကေလး အသားခါးသည္ ေခြးအသားခ်ိဳသည္ဆိုလား”
ဒီကတည္းက သူငယ္ခ်င္းေတြ ရထားလမ္းေဘး ရွက္ကီထုမယ္ေန႔ဆို နတ္ဆိုးတို႔ လမ္းထဲကေခြးေတြ အဲ့ဒီည ဘုရားတေပေတာ့..။ သတၱဝါဘဲ လူခြၽတ္မွ ကြၽတ္တာမဟုတ္လား..။
ကိုယ္ေတြမ်ား ေအာင္ျမင္ခ်က္က အရက္ေသာက္ၿပီးေနာက္မနက္ လမ္းထဲ ေလွ်ာက္တာနဲ႔ ေခြးတစီစီနဲ႔ ဒီေလာက္ထိ ေအာင္ျမင္တာ…။
 အဲေလ..ဒိေလာက္ထိ ေခြးခ်စ္တတ္တာ…။
ေခြးဆိုတာလည္း သိတဲ့ အတိုင္း ဒီေန႔ လူေတြ မ်ိဳးခ်စ္တာ သူတို႔ကို ဘယ္မီပါမလဲ…။ တစ္ကယ္ သူအမ်ိဳးမွ သူ႔အမ်ိဳး ။တစ္ကယ္ မ်ိဳးခ်စ္ေတြ ..။ ေခြးသားစားတာနဲ႔ ေဟာင္ၿပီးသား ..။  
ဘဝမွာ ေခြးကို အလြတ္ေပးတာဆိုလို ပိုက္ဆံေခ်းေနၾက အသိတစ္ ေယာက္ အိမ္က တယ္ရီယာ ဂ်ပုေလးတစ္ေကာင္ သာရွိသည္။
အဲေခြးကလည္း သူ႔အိမ္လာတဲ့ လုူတိုင္းနဲ႔ တည္ေပမယ့္ ကိုယ္ေတြဆို တ႐ူးရႈးတရွဲရွဲ..။  
အသိအိမ္ သြားတိုင္း ဒီေခြးဂ်ပုက ဟိုေဟာင္ ဒီေဟာင္နဲ႔ ..။ ကိုယ္ေတြကလည္း ပိတ္ကန္ခ်င္ေနတာ လူကိုယားေနတာပဲ..။
လာတဲ့ကိစၥက ရွိေနေတာ့  ေခြးကို ကန္ခ်င္ ေသာ္လည္း  ေခြးရွင္မ်က္ႏွာၾကည့္ၿပီး ေခြးကို ခ်စ္ဟန္ ေဆာင္ၿပီး  ႀကိတ္မွိတ္ၿပီး ေနျပရ..။

ကိုယ္ေတြက ဒီအျဖစ္ေလာက္နဲ႔ ေနရထိုင္ရခက္ေနတာ ။ ကိုယ္သူငယ္ခ်င္းအျဖစ္က ပိုဆိုး…။ ျဖစ္ပုံက  သူငယ္ခ်င္းက စက္႐ုံတစ္ခုက  စက္႐ုံမႉးလူယုံ..။ဒီေတာ့ စက္႐ုံမႉးအိမ္ကို မၾကာခဏ ဝင္ထြက္ရသည္။ စက္႐ုံမႉးက သူအိမ္မွာ ေခြးေပါႀကီးေတြေမြးထားသည္။
ေခြးေပါႀကီးေတြက ၾကည့္ရင္ က်ားကိုးစီး စားမကုန္တဲ့ ခႏၶာေတြနဲ႔ …။ လူျမင္ရင္ ဟိန္းလား ေဟာက္ လားနဲ႔ လူနားေျပးကပ္လာၿပီး ကိုက္တာလည္းမဟုတ္..။ ဟိုနမ္းဒီရႈတ္ႏွင့္။  အေကာင္ႀကီးသေလာက္ သူခိုးနင္းေသမယ့္ ေခြးေတြ..။

တစ္ခါေသာ္ သူငယ္ခ်င္းက စက္႐ုံမႉးအိမ္ ကိစၥရွိသြားရာ ဧည္ခန္းမွာ ေစာင္ေနတုန္း ေခြးေပါႀကီးေတြက သူကို ေနာက္ေက်ာကေန ေျခေထာက္တင္ၿပီး ဟိုဒင္းလုပ္ပါေလေရာ။
သူမွာ ဖယ္မရ ခ်မရ။ေဒါသကလည္းထြက္ ရွက္လည္းရွက္နဲ႔..။ ဒီမွာ စက္႐ုံမႉးကေတာ္က အိမ္ထဲက ထြက္လာၿပီး သူတို႔အျဖစ္ကိုၾကည့္ကာ ဟက္ဟက္ပက္ပက္ရယ္ၿပီး ..ဟယ္ ..သားက မိန္းမလိုခ်င္ေနတာ .. .မာမီရွာေပးမယ္ …ရွာေပးမယ္နဲ႔။ေဒါသထြက္ရေအာင္လည္း ေခြးေတြ၊ ကိုယ္မွာ ေခြးလုပ္တာခံရတာဆိုေတာ့..။

ဒါေၾကာင့္ေျပာတာ နတ္ဆိုးတို႔က ဒီတယ္ရီယာကို ေခြးဆိုတာနဲ႔လုပ္ခ်င္ေနတာ..။
ေခြးသမခ်င္ ေခြးရွင္ၾကည့္ဆိုတာရွိတယ္မဟုတ္လား။
ဒီေလာက္ေတာ့ နတ္ဆိုးတို႔က နပ္သည္။ဘယ္ေလာက္ပဲေခြးသတ္ခ်င္ သတ္ခ်င္ ေခြးရွင္ကို အယုံသြင္းၿပီး ေခြး ခ်စ္သူလိုထင္ေအာင္ ေနတတ္ထိုင္တတ္ၿပီးသား။
တစ္ကယ္က ေခြးသားဆိုတာ ခင္ဗ်ားတို႔ စားဖူးၿပီးသား။တစ္ကယ္။
လူေတြက ေခြးသားဘာျဖစ္တယ္ ညာျဖစ္တယ္သာေျပာေနတာ ဆတ္သားေျခာက္ဆိုၿပီး တစ္ျပည္လုံးကို ညာေရာင္းေနတာ ဘယ္သူက ဆတ္သားဟုတ္မဟုတ္ ဘယ္သူစစ္လို႔လဲ..။
ေကာင္းမွန္းသိလို႔ အာပတ္လြတ္ အသာေလးမွိန္းစားေနၾကတာ။
အဲဒီလိုလူေတြထဲ အခုေခြးခ်စ္သူေတြလည္းပါပ။ဆတ္သားေျခာက္ဆီဆမ္းဆို မိန္းကေလးေတြက အားႀကီးႀကိဳက္..။

ခင္ဗ်ားတို႔ေခြးသားဆီျပန္စားဖူးလား။ဒီလိုေျပာေတာ့ ခင္ဗ်ားတို႔႐ြံသလိုလို လုပ္ၾကဦးမယ္။
ခင္ဗ်ားတို႔ သေဘာက်တဲ့ တ႐ုတ္ ကိုရီးယာမင္းသားမင္းသမီးေတြ ညဘက္ အျပင္ဆိုင္ထိုင္ရင္ ေခြးသားရတဲ့ဆိုင္မွ ထိုင္ၾကတာ။
ဒါေၾကာင့္ေျပာတာ ေခြးသားဆိုတာ စားေကာင္းတဲ့အမ်ိဳးဗ်။
ဒီလိုစားေကာင္းမွန္း သိကတည္းက နတ္ဆိုးတို႔က ေခြးခ်စ္သူအျဖစ္ခံယူလိုက္တာ။ဒါမွ ေခြးကုန္ၾကမ္း မျပတ္မွာေလ။
အခုဘာလဲ ေခြးေတြ လမ္းေဘးမွာမ်ားလို႔ အဆိပ္ခ်ရွင္းလင္းလို႔ ပြက္ေလာ႐ိုက္ၿပီး ေခြးခ်စ္သူေတြ မခံမရပ္ႏိုင္ျဖစ္တယ္ဆိုလား။
ဒါနဲ႔ ၿပီးခဲ့တဲ့ရက္က အမႀကီးတစ္ေယာက္က ေခြးကိုက္တိုင္းေခြးရႈးမျဖစ္ဖူးလို႔ ဆိုေလရဲ႕..။
ဒီလိုဆို ေခြးသားစားသူတိုင္းလည္း ေခြးမခ်စ္တဲ့သူလို သတ္မွတ္လို႔ရမွာေတာ့ မဟုတ္။
ေခြးဆိုတာ ခ်စ္စရာေခြးဆို ခ်စ္ရမွာ ျဖစ္ၿပီး သတ္စရာေခြးဆို သတ္ရမွာ ျဖစ္တယ္မဟုတ္လား..။ ေျခမမေကာင္း ျခမ လက္မ မေကာင္း လက္မ မဟုတ္လား။
 ဒီလိုခြဲခြဲျခားျခားျမင္မွ ရမည္။ဒါမွ နတ္ဆိုးတို႔လို႔ အမွန္အကန္ ေခြးခ်စ္သူေတြ စားစရာေခြးဆိုတာ စားရမည္ မဟုတ္လား..။ ေခြးသားစားေပါက္ေခ်ာင္မည္မဟုတ္လား..။
တစ္ကယ္ေတာ့ ရန္ကုန္မွာ ေခြးကိုက္ရင္သာ ပိုင္ရွင္မေပၚမည္။ ေခြး႐ိုက္ရင္ေတာ့ ပိုင္ရွင္က ဟိုကေပၚ ဒီကေပၚနဲ႔။

စည္ပင္မႏိုင္ ၊ ရပ္ကြက္မႏိုင္နဲ႔..။
ဒါေၾကာင့္ ေခြးကိစၥကို နတ္ဆိုးကိုသာလြဲလိုက္..။
ရန္ကုန္မွာ နတ္ဆိုးကို စည္ပင္ဝန္ႀကီးသာ တစ္လခန႔္ၾကည့္ ေခြးဆိုတာ အ႐ုပ္ေရးျပရတဲ့ အထိ ျဖစ္ေစရမည္။
နတ္ဆိုးဘာလုပ္မလဲ သိလား ..။
ဟုတ္ကဲ့ နတ္ဆိုးလုပ္မွာ ရွင္းရွင္ေးလး..။
ရန္ကုန္မွာ ေခြးသားစားပြဲ ဝွဲခ်ီးက်င္းပမည္။ ဗစ္ဇစ္ ေခြးသားရီးယား ေကာက္လုပ္ပစ္မည္။ လာသမွ် ႏိုင္ငံျခားဧည္သည္ လမ္းေပၚမွာ ေတြ႕သည့္ေခြး လက္ညႇိဳးထိုး။ေကာက္ကက္သတ္ၿပီး စိတ္ႀကိဳက္လုပ္ေပးမည္။ကင္မလား၊ခ်က္မလား..။အဲ …တစ္ေကာင္ကို ေဒၚလာ ေလးငါးဆယ္ေတာ့ အနည္းဆုံးေကာက္မည္။  

ၿပီးေတာ့ ဟိုတေလာက ေခြးအေခ်ာင္လာႏိူက္သည့္ တ႐ုတ္ေလးကို ျပန္ရွာၿပီး ေခြးဝဲစားေတြ ေခြးပိန္ေတြကို လက္သိပ္ထိုး ေအာက္ေဈးနဲ႔ ေရာင္းမည္။
ၿပီးေတာ့ ေခြးေဂဟာေတြ ဖြင့္ၿပီး ဝဖီးေအာင္ေကြၽးကာ တ႐ုတ္၊ကိုရီးယားနဲ႔ ဗီယက္နမ္ကို ေခြးအိတ္စပို႔လုပ္ရမည္။ ၿပီးေတာ့ ျပည္တြင္းေခြးသားေဈးကြက္ဖြံ႕ၿဖိဳးေအာင္ အကင္တြန္းလွည္း ေတြ လမ္းေဘးအကင္သည္ေတြ၊ ဆိုင္ႀကီးေတြမွာ ဆတ္သားဆိုၿပီး ေခြးသားေတြ ေရာင္းခိုင္းမည္။
ဒါဆို အားလုံးေခြးသားစားဖူးၿပီး ေခြးသားေကာင္းမွန္းသိၾကမည္။ ေခြးသား အားလုံးစားၾကရင္ ပန္းနာရင္က်ပ္ေရာဂါေတြလည္း ေပ်ာက္ၿပီ။ဒါဆို က်န္းမာေရးဝန္ႀကီးဌာန၏ ရည္မွန္းခ်က္ သကၠရာဇ္ ဘယ္ေလာက္မွာ အားလုံးက်န္းမာေပ်ာ္႐ႊင္ ဆိုတာလည္း အေထာက္အကူျပဳၿပီးျဖစ္မည္။  
အဲဒီက်မွ ေခြးဆိုတာ လူအတြက္ ဘယ္ေလာက္အသုံးဝင္လဲဆိုတာ သိၿပီး ကိုယ္ေခြးကိုယ္ အိမ္ထဲကေန ထုတ္ၾကမည္ မဟုတ္ေတာ့။ ေခြးတစ္ေကာင္ဘယ္ေလာက္တန္းရွိလာမည္ဆိုတာ သိလာၾကမည္။

ဒီလိုဆို ကိုယ္ဘာသာ အိမ္မွာ ေခြးေမြးၿပီး သတ္စားၾကတာေတြ ေခတ္စားလာမည္။ ေခြးဆိုတာ ဘာကိရိကထမမ်ားသျဖင့္  အိမ္တိုင္းတစ္ပိုင္တစ္ႏိုင္ ေခြးေမြးၾကသျဖင့္ သားေဈးငါးေဈးေတြ က်လာမည္။
ဒါေၾကာင့္ေျပာတာျဖစ္သည္။
 နတ္ဆိုး ေျပာသလိုသာ လုပ္ၾကရင္ ေခြးကေန ႏိုင္ငံျခားဝင္ေငြရၿပီး တစ္ျပည္လုံး အသားစားႏိုင္မည္။ တစ္ခုဘဲ ရွိသည္။
တစ္ႏိုင္ငံလုံး ေခြးသားစားလို႔ ေခြးဇာတ္ေတြခင္းမွာကိုပင္..။
သို႔ေသာ္ …သိပ္ေတာ့လဲ ..မထူး။အခုလဲ …လူအေတာ္မ်ားမ်ား ေခြးဇာတ္ခင္းေနၾကတာမဟုတ္လား..။

နတ္ဆိုး