【 သရော်စာ 】 “ ဗိုလ်ချုပ်စီးတော်မြင်း သရုပ်ဆောင်ရွေးပွဲ”

 【  သရော်စာ  】 “ ဗိုလ်ချုပ်စီးတော်မြင်း သရုပ်ဆောင်ရွေးပွဲ”

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ရိုက်တော့မည်ဆိုသည်နှင့် မြင်းလောကတစ်ခုလုံး တဟီဟီထကုန်သည်။
ဟဲ့ ဘယ့်နှယ့်..ဗိုလ်ချုပ်ရုပ်ရှင်နဲ့ မြင်းနဲ့ ဘာများဆိုင်သတုံးဆို။
ဆိုင်ပါသည်ကော လူသားမိတ်ဆွေတို့။
ယခု အခါ မြို့တကာ နယ်တကာ လှည့်လည်နေသော ဗိုလ်ချုပ်ကြေးရုပ်များကို ကြည့်လေ။
မြင်းကြီးစီးထားသည် မဟုတ်တုံလော။
ဗိုလ်ချုပ်အောင်ဆန်း ဖက်ဆစ်တော်လှန်ရေးစစ်ထွက်မိန့်ခွန်း ပြောကြားစဉ် မြင်းကြီး စီးထားသည်မဟုတ်ပါလော။
ထို့ကြောင့် ဗိုလ်ချုပ်ရုပ်ရှင်ရိုက်မည်ဆိုတော့ ဗိုလ်ချုပ်စီးသည့် မြင်းနေရာ သရုပ်ဆောင်မည့် မြင်းလိုလာပေပြီ။

လူတို့လောကတွင် ဗိုလ်ချုပ်ရုပ်ရှင်အတွက် သရုပ်ဆောင်မျက်နှာသစ်များ ရွေးချယ်လေပြီ။
ထိုတပြိုင်နက်  မြင်းလောက တွင်လည်း ဗိုလ်ချုပ်၏ စီးတော်မြင်းနေရာ သရုပ်ဆောင်မည့် မြင်းကို ရွေးချယ်မည်ဟု မြင်းဝန်ကြီး ဦးဖေမြင်း က ကြေငြာလိုက်လေသည်။
ယင်းက မြင်းလောက တဟီဟီထကုန်ကြခြင်း ၏ နိဒါန်းအစ ပဏာမပေတည်း။
ရှေးဦးစွာ မြင်းသရုပ်ဆောင်ရွေးချယ်ရေးကော်မတီဖွဲ့ပြီး ဗိုလ်ချုပ်စီးသည့် မြင်းနေရာအတွက်
သရုပ်ဆောင်များ လာရောက်လျှောက်ထားနိုင်ပြီဟု ကြေငြာလိုက်သည်။
မြင်းတို့ကား တဟီဟီထကြပေပြီ။
မဟီခံနိုင်ရိုးလား။ မြင်းတို့သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းစီးသော မြင်းသည် ဟီးရိုးဖြစ်လေသည်။
စဉ်းစားကြည့်လော မိတ်ဆွေ။

မြင်းဟူသော ကျုပ်တို့သည်ကြေးခေတ်၊ သံခေတ်ကတည်းက လူတို့၏ စီးတော်ယာဉ် ဖြစ်ခဲ့ပေ၏။
ယခု မြန်မာလူမျိုးဖြစ်လာမည့် လူသားအုပ်စုများပင်လျှင် ဟိုးရှေးအတီအတာကတိဗက်ကုန်းမြင့်မှ ကျောက်ဆည်လွင်ပြင်သို့ မြင်းစီးလာခဲ့ကြသည်ဟု လူသမိုင်းဆရာတို့က ကောက်ချက်ဆွဲခဲ့ သည်မဟုတ်လော။
ဟော့ ခေတ်တွေပြောင်းလာသမျှ ကျုပ်တို့သည် စစ်တိုက်ရာတွင်လည်းပါသည်။
ခရီးသွားရာတွင်လည်းပါသည်။
လောင်းကစားနှင့် အားကစားတွင်လည်း ဂျော်ကီကတက်ခွသမျှ ပြေးရသည်။
မြင်းရထား ဆိုပြီးလည်း ဆွဲရသည်။
ဟော့ နောက်‌တော့ မြင်းလှည်း ဆိုလည်း ကျုပ်တို့ပေပဲ။
သို့သော်ငြား ထိုမြင်းထဲတွင် သင်တို့လူသားတို့ အလေးလာပြုရသော မြင်း ဘယ်နှစ်ကောင်များ ပါသနည်း။

ဗိုလ်ချုပ်အောင်ဆန်းစီးသော မြင်းကြီးကား ယခုဆိုလျှင် ကြေးရုပ်ဘဝရောက်သော်လည်း နှစ်တိုင်းလူတွေ လာအလေးပြုရသည့် မြင်းဆရာကြီး ဖြစ်ခဲ့သည်မဟုတ်လား။
နို့ နေစမ်းပါကွာ။ ငါတို့က ဗိုလ်ချုပ်ကို အလေးပြုတာ သူခွထားတဲ့ မြင်းမပါဘူးလို့ ကပ်မငြင်းပါနှင့်။
ဗိုလ်ချုပ်ကြေးရုပ်နှင့် မြင်းတွဲထုထားသမျှ ကျုပ်တို့ အိုင်ဒေါကြေးမြင်းကြီးကိုလည်း ခင်ဗျားတို့ အလေးပြုနေတာပဲမဟုတ်လား။
လူတွေ တသက်လုံးခိုင်းတာခံလာသမျှ အလေးပြုခံရတဲ့ မြင်းရုပ်ဆိုလို့ ကျုပ်တို့ပဲရှိတာဗျာ။
တိရိစ္ဆာန်လောကမှာ ဘယ်အကောင်များ ဒီလို ကုသိုလ်ထူးသတုံး။
ကျုပ်တော့ဖြင့် ဗိုလ်ချုပ်ကို သိပ်ကျေးဇူးတင်တာပဲ။

သူစီးခဲ့လို့သာ တခြားတိရိစ္ဆာန်တွေကြား ကျုပ်တို့ ကြွားစရာရနေတာ။
ဆင်တို့၊ ကျွဲတို့ ၊ ဖွတ်တို့ သမိုင်းမှာ ဒီလိုအလေးပြုခံအရုပ်ဘယ်ရှိမတုန်းဗျ။
ဒီတော့ မြင်းလောကရဲ့ အိုင်ဒေါနေရာကို သရုပ်ဆောင်ချင်ကြတဲ့ မြင်း‌တွေ ပွစိတက် ဟီလာထတာ ဘယ်ဆန်းမတုန်း။
သို့သော်ငြား ပြသနာကားရှိပါသည်။
ဗိုလ်ချုပ်စီးသည့် မြင်းနေရာ သရုပ်ဆောင်မည်ဆိုတော့ ဗိုလ်ချုပ်စီးခဲ့သည့်မြင်းနှင့် တူမှဖြစ်မည်။
ခက်သည်က ဘယ်မြင်းမသားမှ ဗိုလ်ချုပ်စီးသည့် မြင်းကို မမြင်ဘူးကြ။
ရွေးချယ်မည့်ကော်မတီဝင်များပင် မမြင်ဘူး။
ဒါများ ကြေးရုပ်မြင်း‌ရှိတယ်လေဆိုလျှင်လည်း..

ယခုကာလ တောင်ပေါ်မြေပြန့် ကြေးရုပ်များ တန်းစီထုနေချိန်တွင် သခင် ဗိုလ်ချုပ်ပင် ကြေးသွန်းပန်းပုဆရာအလိုကျ ရုပ်အမျိုးမျိုး ထွက်နေပေရာ ခွစီးခံရသော မြင်းအဖြစ်ကား ဆိုဖွယ်မရှိ။
မြင်းပိန်၊ မြင်းလိမ်၊ မြင်းတောင့်၊ မြင်းကိတ်၊ မြင်းဖင်ကောက်၊ မြင်းရင်မောက် မူအမျိုးမျိုးရှိနေပေသည်။
ဒီတော့ သရုပ်ဆောင်ပိုးကူးစက်ခံရသော မြင်းအပေါင်း သည် ကိုယ်ဓာတ်ကျရာ မြင်းရုပ်များဆီပြေးကြတော့သည်။
ထိုထဲတွင် နာမည်ကြီး မြင်းများပါလာကြသည်။
ဆေးဖက်ဝင်မြင်းချီးထုတ်ဝေသူ မြင်းမှုန်လွင်သည် မြင်းခြံ သို့ပြေးပြီး ကြေးရုပ်မြင်း ဟန်ပန်ကို လေ့ကျင်သည်။

ဗွက်နစ်သည့်ကားများကို တွန်းပေးဆွဲပေးလုပ်ရသည့် ကာတွန်းမြင်းများဖြစ်သော မြင်းသော်တာ နှင့် စိုးစံမြင်း သည် ပြည်မြို့ကြေးရုပ်ကြီးအောက် ရမ်သောက်ပြီး ကဆုန်ပေါက်၏။
ငယ်စဉ်က တော်လှန်ရေးကားများတွင် သရုပ်ဆောင်ရင်း လူကြမ်းဝတုတ်အစီးခံရသဖြင့် ခါးနာနေသော မြင်းအေးအိမ် ကြီးကလည်း မခေ။
သူ့ဇာတိ တနင်္သာရီဘက်တကြောမှ ကြေးရုပ်များဆီ  ဒုံးစိုင်းတော့သည်။
သူ့ကို စိတ်မချဟုဆိုကာ သောက်ဖော်သောက်ဖက်များဖြစ်သော စိုးမြင်းငြိမ်း၊ မူးမြင်းအောင်၊ မြင်းဇက်အို၊ မြင်းထက်မောင် တို့ကလည်း ဘီယာမူးမူးဖြင့် အပြင်းလိုက်ကြပြန်သည်။
ကဗျာကရာပြေးတတ်သည့် မြင်းဝေ က တောင်ငူ ကြေးရုပ်ဆီ ခွာ‌သံပေး၏။
ဗြိတိသျှသံရုံးမှ ဘိုမလေး၏ စီးတော်မြင်းဖြစ်ခဲ့ဖူးသော ဗြိတိသျှကိုကိုမြင်း ကတော့ ပဲခူးကြေးရုပ်ဆီ ပတ်ခွေသည်။

တခြား အောင်မြင်းဝေ၊ မြင်းခါး၊ မြင်းမွန်၊ မြင်းသဏ်ညီ၊ မြင်းလုလင် အမှူးရှိသော ကဗျာကယာမြင်း တသိုက်သည် လည်းကောင်း။
မြင်းမြင်းဖောင်တိန်၊ ဇာနည်ဇော်မြင်း၊ မြင်းသစ်တည် ၊ စောမြင်းဝေ၊ ဥက္ကာကြည်မြင်း စသော ကားတွန်းမြင်းအပေါင်းသည်လည်းကောင်း။
မြင်းမှူးသွင်၊ မြင်းမွန်ထော၊ မြင်းသာမန် ၊ မြင်းခတ်နီ စသော စားရေး‌သောက်ရေးတွင်ဆရာဖြစ်သည့်မြင်းတစုသည် လည်းကောင်း အသီးသီး သရုပ်ဆောင်
လေ့ကျင့်ကြလေ သည်။
ထိုသို့လေ့ကျင့်နေကြစဉ်အတွင်း နောက်ထပ် အယူအဆတစ်ခုပေါ်လာပြန်၏။
ယင်းအယူအဆကား ဗိုလ်ချုပ်စီးသော မြင်းသည် အထီးလော အမလော ဆိုသည့် ပြသနာပင်။
မြင်းထီး‌တွေ သရုပ်ဆောင်ခွင့် ရှိသလို မြင်းမတွေလည်း သရုပ်ဆောင်ခွင့်ရှိသည်ဟု မြင်းအမများက တောင်းဆိုကြသည်။

မြင်းထီးမြင်းမ ခွဲခြားဆက်ဆံမှုမပြုရေး ကမ်ပိန်းများပေါ်လာသည်။
ဤသို့နှင့် မြင်းမီအောင်၊ မြင်းသန္တာ၊ မြင်းအိမာန်၊ မြင်းပါးရ်၊ စံပယ်မြင်းနု၊ သော်တာမြင်းလဲ့ စသော မြင်းအမများကိုလည်း သရုပ်ဆောင်အရွေးခံရန် ခွင့်ပြုလိုက်ရလေသည်။
ထိုအချိန်တွင် ပဲခူးကြေးရုပ်ဆီမှ ပြန်လာသော ဗြိတိသျှကိုကိုမြင်းကား တစ်စုံတစ်ရာကို တွေးမိလေသည်။

ဗိုလ်ချုပ်စီးသောမြင်းကား စစ်မြင်းဖြစ်သည့်အတွက် အင်္ဂလိပ်တွေ ကျန်ခဲ့သည့် မြင်းဖြစ်ရမည်။ အင်္ဂလိပ်မြင်းဖြစ်သည့်အတွက် ဘိုရုပ်ထွက်ရမည်။ ခြေဆံလက်ဆံ နှင့် ဒူး‌ဆစ်များ ကြီးရမည်။
ထို့ကြောင့် ဒူးဆစ်များကြီးစေရန် ဗြိတိသျှကိုကိုမြင်းသည် ဒူးဆစ်ဆီလီကွန် ထည့်လိုက်လေတော့ သည်။
သရုပ်ဆောင်ရွေးပွဲ ကား စပြီ။
ဗြိတိသျှကိုကိုမြင်းသည် ဘိုရုပ်ပေါက်အောင် မိတ်ကပ်များချယ်သပြီး ဆီလီကွန်ဒူးကြီး ဂလောက် ဂလက်ဖြင့် သွားပြိုင်ရာ ပြိုင်ဘက်မရှိ အရွေးခံလိုက်ရလေတော့သတည်း။
ကျန်သောမြင်းအပေါင်းမှာ စိတ်ဓာတ်ကျကုန်၏။
မြင်းမှုန်လွင် ဆိုလျှင် ဗိုလ်ချုပ်စီးသည့် မြင်းမလုပ်ရလျှင် ဂဠုန်ဦးစောစီးသည့် မြင်းအဖြစ်ပါမည်ဟု အဆိုတင်သွင်း၏။

ရွေးချယ်ရေးကော်မတီလူကြီးများက သမိုင်းအထောက်အထားအရ ဂဠုန်ဦးစောစီးသော မြင်းအခန်း မပါကြောင်း၊ ဂဠုန်ဦးစောသည် နန်းရင်းဝန်ဘဝက ဘိလပ်သွားသည့်အခါ လေယာဉ်သာစီးကြောင်း ဖျောင့်ဖြကြလေသည်။
ထိုအခါ သရုပ်ဆောင်မှုတွင် ဝါသနာကြီးလွန်းသော မြင်းမှုန်လွင်မှာ မြင်းမဖြစ်ရလည်း လေယာဉ်ဖြစ်ရမည်ဟုဆိုကာ မိုးပေါ်ပျံရန် လေ့ကျင့်လေတော့သည်ဟူ၏။
သို့သော် သူ့ထက် ဦးအောင် မိုးပေါ်အပျံ ကျင့်နေသည့် မြင်းသိုက်ညွန့် ရှိနေသဖြင့် လက်လျှော့ လိုက်ပြီး ဂဠုန်ဦးစောစီးသည့် လေယာဉ်မဖြစ်ရလည်း ဦးနုစီးသည့် ကားဖြစ်ရမည်ဆိုကာ တဗူးဗူးဖြင့် ဂီယာထိုးကျင့်နေသည်ဟူသတတ်။
မြင်းမလေးများကလည်း သူတို့ရွေးချယ်မခံရသည့်အတွက် ဝမ်းနည်းကြောင်းကို အမျိုးမျိုးပြသကြ၏။
မြင်းမီအောင် က ကဆုန်ပြောင်းပြန်ပေါက်ရင်း ဂစ်တာတီးသည့် ပါဖော့မင့်ပြုလုပ်သည်။
မြင်းသန္တာ နှင့် မြင်းအိမာန်ကား လက်ဝှေ့ယိမ်းပြကာဆန္ဒဖော်ထုတ်သည်။

စံပယ်ဖြူမြင်းက မြောက်ဖျားက မြင်းရာသီ ဆိုသော စာအုပ်ကိုရေးသည်။
သော်တာမြင်းလဲ့ကလည်း အားကျမခံ ကျန်ရစ်မြင်း ဆိုသည့် စာအုပ်ကိုရေးသည်။
မြင်းပါးရ်ကတော့ ဗိုလ်ချုပ်ရုပ်ရှင်မှာ ဗိုလ်ချုပ်စီးတဲ့ မြင်း မဖြစ်ရလဲ ရာဇဓိရာဇ်အရေးတော်ပုံကျမ်းကို ရုပ်ရှင်ရိုက်တဲ့အခါ သူရဲကောင်း လဂွန်းအိမ်စီးတဲ့မြင်း ဖြစ်ကို ဖြစ်ရမည်ဟု အံကြိတ်ကြုံးဟီလေသည်။
အောင်ပွဲခံသူ ဗြိတိသျှ ကိုကိုမြင်းကား ဗိုလ်ချုပ်ရုပ်ရှင်တွင် မြင်းအဖြစ်သရုပ်ဆောင်ရန် စိတ်အားတက်ကြွလျက်။
တစ်နှစ်။
နှစ်နှစ်။
သုံးနှစ်။
လေးနှစ်။
ငါးနှစ် ခန့်ကြာသော်လည်း။
ဗိုလ်ချုပ်ရုပ်ရှင်ကား မရိုက်ဖြစ်သေး။

မြင်းအဖြစ်ခွစီးခံရဖို့အရေး ကိုကိုမြင်းခမြာ ဘိုရုပ်ပေါက်ပြီး ဒူးကြီးလာသည်သာ အဖတ်တင်နေ၏။
ဒီကြားထဲ နှစ်ကြာတော့ ဗိုလ်ချုပ်မြင်းက ဖင်ကြီး ပိုကြီးလာလို့ ဗိုလ်ချုပ်ရုပ်ရှင်မရိုက်ဖြစ်ဆိုသည့် သတင်းကထွက်လာသည်။
ကိုကိုမြင်း ခမြာ သမိုင်းတရားခံဖြစ်မည့်အရေးမို့ ဖင်ကို ဗွီရှိတ်ဖြစ်အောင် ခွဲစိတ်ပြုပြင်ရသေးသည်။
ဟော့ လာပါပြီ။
ဗိုလ်ချုပ်ရုပ်ရှင်ကို မြင်းထင်ကိုကိုကြီး မှ လူမြင်းသို့ လက်လွှဲပြီး တကယ်အတည်ရိုက်တော့မည်တဲ့။
ဗြိတိသျှကိုကိုမြင်းမှာ ဆီလီကွန်ဒူးလေး တကြွကြွ၊ ဗီရှိတ်ဖင်လေးတရွရွပေါ့။
ကဲ အရင်ရွေးထားသူတွေ မပါတော့ပါဘူး။
မြင်းနေရာမှာလည်း ရုပ်ရှင်ရိုက်ကွင်းတွေမှာ သုံးနေကျ ပုပ္ပါးက မြင်းတစ်ကောင်ကိုပဲ သုံးပါတော့ မယ် တဲ့။
ဇာတ်ဝင်ခန်းထဲ
ဂျပန်တွေ၊ အင်္ဂလိပ်‌တွေ ပါတဲ့အတွက် မျက်နှာသစ်မြင်းများ လန့်မည်ဆိုးသဖြင့် တော်လှန်ရေး ကားရိုက်နေကျ မြင်းကိုပဲ ရွေးပါမယ်တဲ့။
ဗြိတိသျှကိုကိုမြင်း တစ်ယောက် ထိုသတင်းကြားသည့်အခါ သွက်သွက်ခါအောင် စိတ်ဖောက်သွား ပါတော့သည်။
စိတ်ဖောက်ရုံတင်မက လူတွေကို စိတ်နာကာ ယခုလို ကြုံးဝါးလိုက်ပေသည်။
"ငါ့ ကို မြင်းဆိုပြီး မျှော်လင့်ချက်တွေပေး၊ ငါ့မှာတော့ ဘိုရုပ် ဖြစ်အောင်လုပ်ရ ဒူးကြီးအောင်လုပ်ရနဲ့ ပင်ပန်းလိုက်တာ၊ အခုတော့ ငါ့ကို ပလစ်ပြီး ကိုယ့်မြင်းကိုယ်ထိုးထည့် ဒီမိုကရေစီ အနိုင်ကျင့်တဲ့ လူတွေ..ငါသမ္မတဖြစ်မှ တွေ့မယ်"
ထိုဟီသံကို မြင်းနိုင်ငံရေး‌လေ့လာစောင့်ကြည့်သူဆောင်းပါးရှင် တစ်ဦးက ကြားဖြစ်‌အောင်ကြား လိုက်လေသည်။
နောက်တစ်နေ့ မြင်းမအလံ နေ့စဉ်သတင်းစာ၌ အောက်ပါအတိုင်း ခေါင်းကြီးဆောင်းပါး ပါလာလေတော့သည်။
ဆောင်းပါး‌ခေါင်းစဉ်ကား
"၂၀၂၀ ရွေးကောက်ပွဲအလွန် တွင် ဘိုရုပ်ဒူးကြီး ကိုကိုမြင်း လူသားတို့၏ သမ္မတ ဖြစ်လာမည်လော"
ဟူသတဲ့။
                                                      ဗြိတိသျှကိုကိုမောင် 

(  Zawgyi  )

 ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ရွင္ ႐ိုက္ေတာ့မည္ဆိုသည္ႏွင့္ ျမင္းေလာကတစ္ခုလုံး တဟီဟီထကုန္သည္။
ဟဲ့ ဘယ့္ႏွယ့္..ဗိုလ္ခ်ဳပ္႐ုပ္ရွင္နဲ႔ ျမင္းနဲ႔ ဘာမ်ားဆိုင္သတုံးဆို။
ဆိုင္ပါသည္ေကာ လူသားမိတ္ေဆြတို႔။
ယခု အခါ ၿမိဳ႕တကာ နယ္တကာ လွည့္လည္ေနေသာ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္မ်ားကို ၾကည့္ေလ။
ျမင္းႀကီးစီးထားသည္ မဟုတ္တုံေလာ။
ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဖက္ဆစ္ေတာ္လွန္ေရးစစ္ထြက္မိန႔္ခြန္း ေျပာၾကားစဥ္ ျမင္းႀကီး စီးထားသည္မဟုတ္ပါေလာ။
ထို႔ေၾကာင့္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္႐ိုက္မည္ဆိုေတာ့ ဗိုလ္ခ်ဳပ္စီးသည့္ ျမင္းေနရာ သ႐ုပ္ေဆာင္မည့္ ျမင္းလိုလာေပၿပီ။

လူတို႔ေလာကတြင္ ဗိုလ္ခ်ဳပ္႐ုပ္ရွင္အတြက္ သ႐ုပ္ေဆာင္မ်က္ႏွာသစ္မ်ား ေ႐ြးခ်ယ္ေလၿပီ။
ထိုတၿပိဳင္နက္  ျမင္းေလာက တြင္လည္း ဗိုလ္ခ်ဳပ္၏ စီးေတာ္ျမင္းေနရာ သ႐ုပ္ေဆာင္မည့္ ျမင္းကို ေ႐ြးခ်ယ္မည္ဟု ျမင္းဝန္ႀကီး ဦးေဖျမင္း က ေၾကျငာလိုက္ေလသည္။
ယင္းက ျမင္းေလာက တဟီဟီထကုန္ၾကျခင္း ၏ နိဒါန္းအစ ပဏာမေပတည္း။
ေရွးဦးစြာ ျမင္းသ႐ုပ္ေဆာင္ေ႐ြးခ်ယ္ေရးေကာ္မတီဖြဲ႕ၿပီး ဗိုလ္ခ်ဳပ္စီးသည့္ ျမင္းေနရာအတြက္
သ႐ုပ္ေဆာင္မ်ား လာေရာက္ေလွ်ာက္ထားႏိုင္ၿပီဟု ေၾကျငာလိုက္သည္။
ျမင္းတို႔ကား တဟီဟီထၾကေပၿပီ။
မဟီခံႏိုင္႐ိုးလား။ ျမင္းတို႔သမိုင္းတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းစီးေသာ ျမင္းသည္ ဟီး႐ိုးျဖစ္ေလသည္။
စဥ္းစားၾကည့္ေလာ မိတ္ေဆြ။

ျမင္းဟူေသာ က်ဳပ္တို႔သည္ေၾကးေခတ္၊ သံေခတ္ကတည္းက လူတို႔၏ စီးေတာ္ယာဥ္ ျဖစ္ခဲ့ေပ၏။
ယခု ျမန္မာလူမ်ိဳးျဖစ္လာမည့္ လူသားအုပ္စုမ်ားပင္လွ်င္ ဟိုးေရွးအတီအတာကတိဗက္ကုန္းျမင့္မွ ေက်ာက္ဆည္လြင္ျပင္သို႔ ျမင္းစီးလာခဲ့ၾကသည္ဟု လူသမိုင္းဆရာတို႔က ေကာက္ခ်က္ဆြဲခဲ့ သည္မဟုတ္ေလာ။
ေဟာ့ ေခတ္ေတြေျပာင္းလာသမွ် က်ဳပ္တို႔သည္ စစ္တိုက္ရာတြင္လည္းပါသည္။
ခရီးသြားရာတြင္လည္းပါသည္။
ေလာင္းကစားႏွင့္ အားကစားတြင္လည္း ေဂ်ာ္ကီကတက္ခြသမွ် ေျပးရသည္။
ျမင္းရထား ဆိုၿပီးလည္း ဆြဲရသည္။
ေဟာ့ ေနာက္‌ေတာ့ ျမင္းလွည္း ဆိုလည္း က်ဳပ္တို႔ေပပဲ။
သို႔ေသာ္ျငား ထိုျမင္းထဲတြင္ သင္တို႔လူသားတို႔ အေလးလာျပဳရေသာ ျမင္း ဘယ္ႏွစ္ေကာင္မ်ား ပါသနည္း။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းစီးေသာ ျမင္းႀကီးကား ယခုဆိုလွ်င္ ေၾကး႐ုပ္ဘဝေရာက္ေသာ္လည္း ႏွစ္တိုင္းလူေတြ လာအေလးျပဳရသည့္ ျမင္းဆရာႀကီး ျဖစ္ခဲ့သည္မဟုတ္လား။
ႏို႔ ေနစမ္းပါကြာ။ ငါတို႔က ဗိုလ္ခ်ဳပ္ကို အေလးျပဳတာ သူခြထားတဲ့ ျမင္းမပါဘူးလို႔ ကပ္မျငင္းပါႏွင့္။
ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ႏွင့္ ျမင္းတြဲထုထားသမွ် က်ဳပ္တို႔ အိုင္ေဒါေၾကးျမင္းႀကီးကိုလည္း ခင္ဗ်ားတို႔ အေလးျပဳေနတာပဲမဟုတ္လား။
လူေတြ တသက္လုံးခိုင္းတာခံလာသမွ် အေလးျပဳခံရတဲ့ ျမင္း႐ုပ္ဆိုလို႔ က်ဳပ္တို႔ပဲရွိတာဗ်ာ။
တိရိစာၦန္ေလာကမွာ ဘယ္အေကာင္မ်ား ဒီလို ကုသိုလ္ထူးသတုံး။
က်ဳပ္ေတာ့ျဖင့္ ဗိုလ္ခ်ဳပ္ကို သိပ္ေက်းဇူးတင္တာပဲ။

သူစီးခဲ့လို႔သာ တျခားတိရိစာၦန္ေတြၾကား က်ဳပ္တို႔ ႂကြားစရာရေနတာ။
ဆင္တို႔၊ ကြၽဲတို႔ ၊ ဖြတ္တို႔ သမိုင္းမွာ ဒီလိုအေလးျပဳခံအ႐ုပ္ဘယ္ရွိမတုန္းဗ်။
ဒီေတာ့ ျမင္းေလာကရဲ႕ အိုင္ေဒါေနရာကို သ႐ုပ္ေဆာင္ခ်င္ၾကတဲ့ ျမင္း‌ေတြ ပြစိတက္ ဟီလာထတာ ဘယ္ဆန္းမတုန္း။
သို႔ေသာ္ျငား ျပသနာကားရွိပါသည္။
ဗိုလ္ခ်ဳပ္စီးသည့္ ျမင္းေနရာ သ႐ုပ္ေဆာင္မည္ဆိုေတာ့ ဗိုလ္ခ်ဳပ္စီးခဲ့သည့္ျမင္းႏွင့္ တူမွျဖစ္မည္။
ခက္သည္က ဘယ္ျမင္းမသားမွ ဗိုလ္ခ်ဳပ္စီးသည့္ ျမင္းကို မျမင္ဘူးၾက။
ေ႐ြးခ်ယ္မည့္ေကာ္မတီဝင္မ်ားပင္ မျမင္ဘူး။
ဒါမ်ား ေၾကး႐ုပ္ျမင္း‌ရွိတယ္ေလဆိုလွ်င္လည္း..

ယခုကာလ ေတာင္ေပၚေျမျပန႔္ ေၾကး႐ုပ္မ်ား တန္းစီထုေနခ်ိန္တြင္ သခင္ ဗိုလ္ခ်ဳပ္ပင္ ေၾကးသြန္းပန္းပုဆရာအလိုက် ႐ုပ္အမ်ိဳးမ်ိဳး ထြက္ေနေပရာ ခြစီးခံရေသာ ျမင္းအျဖစ္ကား ဆိုဖြယ္မရွိ။
ျမင္းပိန္၊ ျမင္းလိမ္၊ ျမင္းေတာင့္၊ ျမင္းကိတ္၊ ျမင္းဖင္ေကာက္၊ ျမင္းရင္ေမာက္ မူအမ်ိဳးမ်ိဳးရွိေနေပသည္။
ဒီေတာ့ သ႐ုပ္ေဆာင္ပိုးကူးစက္ခံရေသာ ျမင္းအေပါင္း သည္ ကိုယ္ဓာတ္က်ရာ ျမင္း႐ုပ္မ်ားဆီေျပးၾကေတာ့သည္။
ထိုထဲတြင္ နာမည္ႀကီး ျမင္းမ်ားပါလာၾကသည္။
ေဆးဖက္ဝင္ျမင္းခ်ီးထုတ္ေဝသူ ျမင္းမႈန္လြင္သည္ ျမင္းၿခံ သို႔ေျပးၿပီး ေၾကး႐ုပ္ျမင္း ဟန္ပန္ကို ေလ့က်င္သည္။

ဗြက္နစ္သည့္ကားမ်ားကို တြန္းေပးဆြဲေပးလုပ္ရသည့္ ကာတြန္းျမင္းမ်ားျဖစ္ေသာ ျမင္းေသာ္တာ ႏွင့္ စိုးစံျမင္း သည္ ျပည္ၿမိဳ႕ေၾကး႐ုပ္ႀကီးေအာက္ ရမ္ေသာက္ၿပီး ကဆုန္ေပါက္၏။
ငယ္စဥ္က ေတာ္လွန္ေရးကားမ်ားတြင္ သ႐ုပ္ေဆာင္ရင္း လူၾကမ္းဝတုတ္အစီးခံရသျဖင့္ ခါးနာေနေသာ ျမင္းေအးအိမ္ ႀကီးကလည္း မေခ။
သူ႔ဇာတိ တနသၤာရီဘက္တေၾကာမွ ေၾကး႐ုပ္မ်ားဆီ  ဒုံးစိုင္းေတာ့သည္။
သူ႔ကို စိတ္မခ်ဟုဆိုကာ ေသာက္ေဖာ္ေသာက္ဖက္မ်ားျဖစ္ေသာ စိုးျမင္းၿငိမ္း၊ မူးျမင္းေအာင္၊ ျမင္းဇက္အို၊ ျမင္းထက္ေမာင္ တို႔ကလည္း ဘီယာမူးမူးျဖင့္ အျပင္းလိုက္ၾကျပန္သည္။
ကဗ်ာကရာေျပးတတ္သည့္ ျမင္းေဝ က ေတာင္ငူ ေၾကး႐ုပ္ဆီ ခြာ‌သံေပး၏။
ၿဗိတိသွ်သံ႐ုံးမွ ဘိုမေလး၏ စီးေတာ္ျမင္းျဖစ္ခဲ့ဖူးေသာ ၿဗိတိသွ်ကိုကိုျမင္း ကေတာ့ ပဲခူးေၾကး႐ုပ္ဆီ ပတ္ေခြသည္။

တျခား ေအာင္ျမင္းေဝ၊ ျမင္းခါး၊ ျမင္းမြန္၊ ျမင္းသဏ္ညီ၊ ျမင္းလုလင္ အမႉးရွိေသာ ကဗ်ာကယာျမင္း တသိုက္သည္ လည္းေကာင္း။
ျမင္းျမင္းေဖာင္တိန္၊ ဇာနည္ေဇာ္ျမင္း၊ ျမင္းသစ္တည္ ၊ ေစာျမင္းေဝ၊ ဥကၠာၾကည္ျမင္း စေသာ ကားတြန္းျမင္းအေပါင္းသည္လည္းေကာင္း။
ျမင္းမႉးသြင္၊ ျမင္းမြန္ေထာ၊ ျမင္းသာမန္ ၊ ျမင္းခတ္နီ စေသာ စားေရး‌ေသာက္ေရးတြင္ဆရာျဖစ္သည့္ျမင္းတစုသည္ လည္းေကာင္း အသီးသီး သ႐ုပ္ေဆာင္
ေလ့က်င့္ၾကေလ သည္။
ထိုသို႔ေလ့က်င့္ေနၾကစဥ္အတြင္း ေနာက္ထပ္ အယူအဆတစ္ခုေပၚလာျပန္၏။
ယင္းအယူအဆကား ဗိုလ္ခ်ဳပ္စီးေသာ ျမင္းသည္ အထီးေလာ အမေလာ ဆိုသည့္ ျပသနာပင္။
ျမင္းထီး‌ေတြ သ႐ုပ္ေဆာင္ခြင့္ ရွိသလို ျမင္းမေတြလည္း သ႐ုပ္ေဆာင္ခြင့္ရွိသည္ဟု ျမင္းအမမ်ားက ေတာင္းဆိုၾကသည္။

ျမင္းထီးျမင္းမ ခြဲျခားဆက္ဆံမႈမျပဳေရး ကမ္ပိန္းမ်ားေပၚလာသည္။
ဤသို႔ႏွင့္ ျမင္းမီေအာင္၊ ျမင္းသႏၲာ၊ ျမင္းအိမာန္၊ ျမင္းပါးရ္၊ စံပယ္ျမင္းႏု၊ ေသာ္တာျမင္းလဲ့ စေသာ ျမင္းအမမ်ားကိုလည္း သ႐ုပ္ေဆာင္အေ႐ြးခံရန္ ခြင့္ျပဳလိုက္ရေလသည္။
ထိုအခ်ိန္တြင္ ပဲခူးေၾကး႐ုပ္ဆီမွ ျပန္လာေသာ ၿဗိတိသွ်ကိုကိုျမင္းကား တစ္စုံတစ္ရာကို ေတြးမိေလသည္။

ဗိုလ္ခ်ဳပ္စီးေသာျမင္းကား စစ္ျမင္းျဖစ္သည့္အတြက္ အဂၤလိပ္ေတြ က်န္ခဲ့သည့္ ျမင္းျဖစ္ရမည္။ အဂၤလိပ္ျမင္းျဖစ္သည့္အတြက္ ဘို႐ုပ္ထြက္ရမည္။ ေျခဆံလက္ဆံ ႏွင့္ ဒူး‌ဆစ္မ်ား ႀကီးရမည္။
ထို႔ေၾကာင့္ ဒူးဆစ္မ်ားႀကီးေစရန္ ၿဗိတိသွ်ကိုကိုျမင္းသည္ ဒူးဆစ္ဆီလီကြန္ ထည့္လိုက္ေလေတာ့ သည္။
သ႐ုပ္ေဆာင္ေ႐ြးပြဲ ကား စၿပီ။
ၿဗိတိသွ်ကိုကိုျမင္းသည္ ဘို႐ုပ္ေပါက္ေအာင္ မိတ္ကပ္မ်ားခ်ယ္သၿပီး ဆီလီကြန္ဒူးႀကီး ဂေလာက္ ဂလက္ျဖင့္ သြားၿပိဳင္ရာ ၿပိဳင္ဘက္မရွိ အေ႐ြးခံလိုက္ရေလေတာ့သတည္း။
က်န္ေသာျမင္းအေပါင္းမွာ စိတ္ဓာတ္က်ကုန္၏။
ျမင္းမႈန္လြင္ ဆိုလွ်င္ ဗိုလ္ခ်ဳပ္စီးသည့္ ျမင္းမလုပ္ရလွ်င္ ဂဠဳန္ဦးေစာစီးသည့္ ျမင္းအျဖစ္ပါမည္ဟု အဆိုတင္သြင္း၏။

ေ႐ြးခ်ယ္ေရးေကာ္မတီလူႀကီးမ်ားက သမိုင္းအေထာက္အထားအရ ဂဠဳန္ဦးေစာစီးေသာ ျမင္းအခန္း မပါေၾကာင္း၊ ဂဠဳန္ဦးေစာသည္ နန္းရင္းဝန္ဘဝက ဘိလပ္သြားသည့္အခါ ေလယာဥ္သာစီးေၾကာင္း ေဖ်ာင့္ျဖၾကေလသည္။
ထိုအခါ သ႐ုပ္ေဆာင္မႈတြင္ ဝါသနာႀကီးလြန္းေသာ ျမင္းမႈန္လြင္မွာ ျမင္းမျဖစ္ရလည္း ေလယာဥ္ျဖစ္ရမည္ဟုဆိုကာ မိုးေပၚပ်ံရန္ ေလ့က်င့္ေလေတာ့သည္ဟူ၏။
သို႔ေသာ္ သူ႔ထက္ ဦးေအာင္ မိုးေပၚအပ်ံ က်င့္ေနသည့္ ျမင္းသိုက္ၫြန႔္ ရွိေနသျဖင့္ လက္ေလွ်ာ့ လိုက္ၿပီး ဂဠဳန္ဦးေစာစီးသည့္ ေလယာဥ္မျဖစ္ရလည္း ဦးႏုစီးသည့္ ကားျဖစ္ရမည္ဆိုကာ တဗူးဗူးျဖင့္ ဂီယာထိုးက်င့္ေနသည္ဟူသတတ္။
ျမင္းမေလးမ်ားကလည္း သူတို႔ေ႐ြးခ်ယ္မခံရသည့္အတြက္ ဝမ္းနည္းေၾကာင္းကို အမ်ိဳးမ်ိဳးျပသၾက၏။
ျမင္းမီေအာင္ က ကဆုန္ေျပာင္းျပန္ေပါက္ရင္း ဂစ္တာတီးသည့္ ပါေဖာ့မင့္ျပဳလုပ္သည္။
ျမင္းသႏၲာ ႏွင့္ ျမင္းအိမာန္ကား လက္ေဝွ႔ယိမ္းျပကာဆႏၵေဖာ္ထုတ္သည္။

စံပယ္ျဖဴျမင္းက ေျမာက္ဖ်ားက ျမင္းရာသီ ဆိုေသာ စာအုပ္ကိုေရးသည္။
ေသာ္တာျမင္းလဲ့ကလည္း အားက်မခံ က်န္ရစ္ျမင္း ဆိုသည့္ စာအုပ္ကိုေရးသည္။
ျမင္းပါးရ္ကေတာ့ ဗိုလ္ခ်ဳပ္႐ုပ္ရွင္မွာ ဗိုလ္ခ်ဳပ္စီးတဲ့ ျမင္း မျဖစ္ရလဲ ရာဇဓိရာဇ္အေရးေတာ္ပုံက်မ္းကို ႐ုပ္ရွင္႐ိုက္တဲ့အခါ သူရဲေကာင္း လဂြန္းအိမ္စီးတဲ့ျမင္း ျဖစ္ကို ျဖစ္ရမည္ဟု အံႀကိတ္ႀကဳံးဟီေလသည္။
ေအာင္ပြဲခံသူ ၿဗိတိသွ် ကိုကိုျမင္းကား ဗိုလ္ခ်ဳပ္႐ုပ္ရွင္တြင္ ျမင္းအျဖစ္သ႐ုပ္ေဆာင္ရန္ စိတ္အားတက္ႂကြလ်က္။
တစ္ႏွစ္။
ႏွစ္ႏွစ္။
သုံးႏွစ္။
ေလးႏွစ္။
ငါးႏွစ္ ခန႔္ၾကာေသာ္လည္း။
ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကား မ႐ိုက္ျဖစ္ေသး။

ျမင္းအျဖစ္ခြစီးခံရဖို႔အေရး ကိုကိုျမင္းချမာ ဘို႐ုပ္ေပါက္ၿပီး ဒူးႀကီးလာသည္သာ အဖတ္တင္ေန၏။
ဒီၾကားထဲ ႏွစ္ၾကာေတာ့ ဗိုလ္ခ်ဳပ္ျမင္းက ဖင္ႀကီး ပိုႀကီးလာလို႔ ဗိုလ္ခ်ဳပ္႐ုပ္ရွင္မ႐ိုက္ျဖစ္ဆိုသည့္ သတင္းကထြက္လာသည္။
ကိုကိုျမင္း ချမာ သမိုင္းတရားခံျဖစ္မည့္အေရးမို႔ ဖင္ကို ဗြီရွိတ္ျဖစ္ေအာင္ ခြဲစိတ္ျပဳျပင္ရေသးသည္။
ေဟာ့ လာပါၿပီ။
ဗိုလ္ခ်ဳပ္႐ုပ္ရွင္ကို ျမင္းထင္ကိုကိုႀကီး မွ လူျမင္းသို႔ လက္လႊဲၿပီး တကယ္အတည္႐ိုက္ေတာ့မည္တဲ့။
ၿဗိတိသွ်ကိုကိုျမင္းမွာ ဆီလီကြန္ဒူးေလး တႂကြႂကြ၊ ဗီရွိတ္ဖင္ေလးတ႐ြ႐ြေပါ့။
ကဲ အရင္ေ႐ြးထားသူေတြ မပါေတာ့ပါဘူး။
ျမင္းေနရာမွာလည္း ႐ုပ္ရွင္႐ိုက္ကြင္းေတြမွာ သုံးေနက် ပုပၸါးက ျမင္းတစ္ေကာင္ကိုပဲ သုံးပါေတာ့ မယ္ တဲ့။
ဇာတ္ဝင္ခန္းထဲ
ဂ်ပန္ေတြ၊ အဂၤလိပ္‌ေတြ ပါတဲ့အတြက္ မ်က္ႏွာသစ္ျမင္းမ်ား လန႔္မည္ဆိုးသျဖင့္ ေတာ္လွန္ေရး ကား႐ိုက္ေနက် ျမင္းကိုပဲ ေ႐ြးပါမယ္တဲ့။
ၿဗိတိသွ်ကိုကိုျမင္း တစ္ေယာက္ ထိုသတင္းၾကားသည့္အခါ သြက္သြက္ခါေအာင္ စိတ္ေဖာက္သြား ပါေတာ့သည္။
စိတ္ေဖာက္႐ုံတင္မက လူေတြကို စိတ္နာကာ ယခုလို ႀကဳံးဝါးလိုက္ေပသည္။
"ငါ့ ကို ျမင္းဆိုၿပီး ေမွ်ာ္လင့္ခ်က္ေတြေပး၊ ငါ့မွာေတာ့ ဘို႐ုပ္ ျဖစ္ေအာင္လုပ္ရ ဒူးႀကီးေအာင္လုပ္ရနဲ႔ ပင္ပန္းလိုက္တာ၊ အခုေတာ့ ငါ့ကို ပလစ္ၿပီး ကိုယ့္ျမင္းကိုယ္ထိုးထည့္ ဒီမိုကေရစီ အႏိုင္က်င့္တဲ့ လူေတြ..ငါသမၼတျဖစ္မွ ေတြ႕မယ္"
ထိုဟီသံကို ျမင္းႏိုင္ငံေရး‌ေလ့လာေစာင့္ၾကည့္သူေဆာင္းပါးရွင္ တစ္ဦးက ၾကားျဖစ္‌ေအာင္ၾကား လိုက္ေလသည္။
ေနာက္တစ္ေန႔ ျမင္းမအလံ ေန႔စဥ္သတင္းစာ၌ ေအာက္ပါအတိုင္း ေခါင္းႀကီးေဆာင္းပါး ပါလာေလေတာ့သည္။
ေဆာင္းပါး‌ေခါင္းစဥ္ကား
"၂၀၂၀ ေ႐ြးေကာက္ပြဲအလြန္ တြင္ ဘို႐ုပ္ဒူးႀကီး ကိုကိုျမင္း လူသားတို႔၏ သမၼတ ျဖစ္လာမည္ေလာ"
ဟူသတဲ့။
                                                      ၿဗိတိသွ်ကိုကိုေမာင္